ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
သီတင်းကျွတ်ကာလ ရွှေဈေးအမြင့်နှုန်းဖြစ်နေ၍ အ ရောင်းအ၀ယ် ယခင်နှစ်ထက် ကျဆင်းကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံတွင် သီတင်း ကျွတ်ကာလသည် ရွှေအရောင်း အ၀ယ် မြင့်တက်လေ့ရှိသော်လည်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းနှင့် ဒေါ်လာငွေလဲနှုန်းမြင့်တက်လာခြင်းကြောင့် ပွဲတော်ရက်ဖြစ်သော်လည်း ရွှေအရောင်းအ၀ယ် အလွန်နည်းပါးနေသည်ဟု မန္တလေးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးတင်ထွန်းက ပြောသည်။
‘‘ပွဲတော်ရက်ဖြစ်နေလို့ အ နည်းငယ်ရောင်းရတာ။ ပြီးခဲ့တဲ့ နှစ်လ၊ သုံးလနဲ့ ယှဉ်ရင်တောင် ရောင်းအားသုံးပုံနှစ်ပုံလောက် ကျ သွားတယ်’’ဟု ၎င်းကဆိုသည်။
ရွှေဈေးသည် ယမန်နှစ်ကထက် ကျပ်တစ်သိန်းမြင့်တက်လာ ခြင်းနှင့် လူများအလုပ်အကိုင် မကောင်း၍ ယခင်သီတင်းကျွတ် ကာလထက် ရွှေရောင်းအား ၅၀ ရာခိုင်နှုန်းကျဆင်းသည်ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော် အောင်က ပြောသည်။
‘‘ရွှေက ပုံမှန်ဆိုရင် ငွေပို ငွေလျှံရှိမှ ၀ယ်ကြတာ။ အခုလူ တွေက အလုပ်အကိုင်မကောင်း တော့ မ၀ယ်ကြဘူး။ သီတင်း ကျွတ်မှာက ပုံမှန်ဆို ရောင်းအား ကောင်းလေ့ရှိတာ။ ဒီနှစ်တော့ မကောင်းဘူး’’ဟု ၎င်းကဆက် လက်ပြောသည်။
ကမ္ဘာ့ရွှေဈေး တစ်နေ့တခြား မြင့်တက်လာခြင်းနှင့် ဒေါ်လာ ဈေးသတ်မှတ်ချက် မတည်ငြိမ် ခြင်းကြောင့် ရွှေဈေးကို ရိုက်ခတ်ခဲ့ပြီး အရောင်းအ၀ယ်အေးနေသည်ဟု အောင်သမာဓိရွှေဆိုင် အထွေထွေမန်နေဂျာ ဦးမော်က ပြောသည်။
သီတင်းကျွတ်ကာလတွင် ပွဲလမ်းသဘင်ကြောင့် နယ်ဒေသ များ၌ လက်ဝတ်ရတနာ ၀ယ် ယူလေ့ရှိပြီး လက်ရှိတွင် ကုန်ဈေး နှုန်းကြီးမြင့်ခြင်းကြောင့် ရွှေဝယ် ယူမှု သိသိသာသာ ကျဆင်းခဲ့ သည်ဟု ရွှေအရောင်းအ၀ယ်လုပ်ကိုင် သူ ဦးမင်းမင်းက ပြောသည်။
ကမ္ဘာ့ရွှေဈေးသည် အောက် တိုဘာ ၂၃ ရက်တွင် တစ်အောင် စလျှင် ၁,၂၃၄ ဒေါ်လာပေါက်ဈေးရှိပြီး ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ရန်ကုန်၌ ကျပ် ၁,၀၂၁,၅၀၀ ရှိကာမန္တလေးတွင် ကျပ် ၁,၀၂၄,၀၀၀ပေါက်ဈေးရှိသည်။
Credit: 7Daydaily