မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာရန် တရုတ်နိုင်ငံနှင့် MoU လက်မှတ်ရေးထိုး

မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာရန် တရုတ်နိုင်ငံနှင့် MoU လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
26 Oct 2018 11:37 am တွင် တင်ခဲ့သည်
895 ကြိမ် ကြည့်ရှု့ပြီး

မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရေးစီမံ ကိန်း လုပ်ငန်းဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study) ဆောင်ရွက်ရန် မြန်မာ့မီးရထား နှင့် တရုတ်နိုင်ငံတို့အကြား အောက်တိုဘာ ၂၂ ရက်က နား လည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးခဲ့သည်။

‘‘ဒီစီမံကိန်းဟာ အရင်းအနှီး ကြီးမားသလို အခက်အခဲတွေ လည်း ကြီးမားမှာဖြစ်ပါတယ်။ အဲဒီလိုပဲ လူမှုရေး၊ စီးပွားရေးအ ကျိုးအမြတ်တွေလည်း အများကြီး ရရှိမှာဖြစ်ပါတယ်’’ဟု ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

ယင်းစီမံကိန်းအတွက် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group တို့ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးသည့်အခမ်းအနားတွင် ဦးသန့်စင်မောင်က ထည့်သွင်း ပြောကြားသည်။

‘‘ဒီနေရာမှာ ရထားလမ်း ဖောက်လုပ်ရေးအတွက် အရေး အကြီးဆုံးစိန်ခေါ်မှုအနေနဲ့ နံပါတ်(၁)အချက်ကတော့ နယ်စပ်ဒေ သတည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ပြည်သူလူထုတွေရဲ့ သဘော ထား၊ ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး အရေးကြီးပါတယ်။ ဒီလမ်း ကြောင်းအတွက် ပိုပြီး အရေးကြီးတာကတော့ Social Impact ပဲ ဖြစ်ပါတယ်’’ဟု ပြည်ထောင်စုဝန် ကြီးက ပြောသည်။

တရုတ်ကုမ္ပဏီအနေဖြင့် လုပ်ငန်းဖြစ်မြောက်နိုင်ခြေလေ့ လာမှုဆောင်ရွက်ရန် ၂၀၁၇ မေလကတည်းက တင်ပြထားကြောင်း၊ အဆင့်ဆင့်စိစစ်ဆောင်ရွက်ချက် များအရ ယခုကဲ့သို့ ခွင့်ပြုခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်း အထွေထွေမန်နေဂျာ (မြို့ပြ)ဦးမောင်မောင်သိန်းက ဆိုသည်။

လေ့လာဆန်းစစ်မှုတွင် လမ်းကြောင်းတစ်လျှောက် ပတ် ဝန်းကျင်ထိခိုက်မှုဆန်းစစ်မှုများ၊ လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်း များအပြင် ဖြတ်ကျော်ရမည့် တောင်တန်း၊ မြစ်ချောင်းများ၊ ဖြတ်သန်းသွားသင့်သည့် မြို့များ စသည့် လမ်းကြောင်းတစ် လျှောက် ဆောင်ရွက်ရမည့် ကိစ္စ ရပ်များပါဝင်ပြီး မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနအနေဖြင့် တရုတ်နိုင်ငံကို တွဲဖက်ကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

မြေပုံအတွင်း တွက်ချက်မှု များအရ မူဆယ်-မန္တလေးရထား လမ်းသည် ၄၂၁ ကီလိုမီတာ(၂၆၇ ဒသမ ၈၁ မိုင်)ခန့် ကွာဝေးပြီး မူဆယ်၊ ကွတ်ခိုင်၊ သိန်းနီ၊လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မေမြို့စသည့်မြို့များကို ဖြတ်သန်းမည်ဖြစ်ကြောင်း ဦးမောင်မောင် သိန်းကပြောသည်။

‘‘ဖြတ်သန်းတဲ့နေရာမှာ လမ်းကြောင်းတစ်လျှောက် တော တောင်က တော်တော်ထူထပ် တယ်။ ပြီးတော့ မြစ်ချောင်းတွေ၊ လျှိုတွေလည်း များတယ်။ ဒါ ကြောင့် ဒီအပိုင်းတွေမှာ ဖြတ် သန်းဖောက်လုပ်မယ်ဆိုရင် အ ကြမ်းဖျင်းလေ့လာချက်အရ ဥမင် လိုဏ်ခေါင်းတွေ မလွဲမသွေထည့် ပြီး ဖောက်လုပ်ရမှာ ဖြစ်တယ်။ နောက်တစ်ခုက မြစ်ကူး၊ ချောင်း ကူးလျှိုမြောင်ကြီးတွေကို ဖြတ် သန်းတဲ့ တံတားကြီးတွေကို ထည့် ပြီး ဆောက်ရမှာဖြစ်တယ်’’ဟု ၎င်းက ဆိုသည်။

အောက်တိုဘာ ၂၂ ရက် တွင် လက်မှတ်ရေးထိုးသည့် MoU သည် ၂ နှစ်သက်တမ်းဖြစ်ပြီး လုပ်ငန်းဖြစ်မြောက်နိုင်ခြေ လေ့လာရန် တစ်နှစ်အချိန်ရမည်ဟု ၎င်းက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service