ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ယခုနှစ်မတ်လက ကျင်းပခဲ့သော (၃၂)ကြိမ်မြောက် အာဆီယံညီလာခံ၌ စင် ကာပူဝန်ကြီးချုပ် လီရှန်လွန်းအဆိုပြုခဲ့သည့် အာဆီယံနည်းပညာအသုံးချမြို့များကွန် ရက်တစ်ခုဖော်ဆောင်ရေး (ASCN) သ ဘောတူညီချက်အရ အရှေ့တောင်အာရှ တွင် မန္တလေးအပါအ၀င် Smart City မြို့ ဖြစ်လာရန်ကြိုးပမ်းနေသော မြို့ ၁၀ မြို့ အထိရှိနေသည်။
လီရှန်လွန်း၏ အဆိုပြုချက်ကို အာ ဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး လက်ခံအတည် ပြုပြီး မြို့ပြနေလူထု၏ နေထိုင်သွားလာမှု အခြေအနေများကို နည်းပညာအသုံးပြု၍ တိုးတက်အောင် ဆောင်ရွက်ရန် ရည်ရွယ်သည်။
မြန်မာနိုင်ငံ၏ နောက်ဆုံး နန်းစိုက်ရာမြို့တော်ဖြစ်ပြီး လူ ဦးရေ ၁ ဒသမ ၂၅ သန်းရှိသော ဒုတိယအကြီးဆုံးမန္တလေးမြို့တွင် မကြာမီနှစ်များက လျင်မြန်သောမြို့ပြပုံစံသွင်းခြင်းနှင့် လူဦးရေ ဖွံ့ ဖြိုးလာခြင်းတို့ကို မြင်တွေ့ရသည်။
မန္တလေးမြို့ကို နည်းပညာ အခြေခံသော သဘာဝပတ်ဝန်း ကျင် အလေးအနက်ထားသည့် မြို့ဖြစ်လာစေရေး မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီ(MCDC)နှင့်လူသားအခြေချ ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန (DHSHD)တို့က ပထမဆုံး ၂၅ နှစ်တာမြို့ပြဖော်ဆောင်ရေး အစီ အစဉ်အတွက် ကြိုတင်ပြင်ဆင် ထားသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့်ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင် စီ(AFD)တို့က ယင်းမြို့ကို Smart City ဖြစ်လာစေရေးရည်မှန်းချက် အောင်မြင်စေရန် နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီ များပေးနေသည်။ မန္တလေးမြို့ပြ ၀န်ဆောင်မှုများ တိုးတက်ရေးစီ မံကိန်းက ယင်းမြို့၏ရေပေးဝေမှု စနစ်၊ ရေဆိုးရှင်းလင်းမှုနှင့်စွန့်ပစ် အစိုင်အခဲရှင်းလင်းမှုစနစ်တို့ တိုး တက်လာစေရန် ရည်ရွယ်လုပ် ဆောင်နေသည်။
အထက်ပါအစီအစဉ်များအ ပြင် ကုလသမဂ္ဂသဘာဝပတ်ဝန်း ကျင်စီမံကိန်း (UNEP)၏ နိုင်ငံ တကာသဘာဝပတ်ဝန်းကျင်ဆိုင် ရာနည်းပညာစင်တာ (IETC)ကလည်း မန္တလေးမြို့ကို စွန့်ပစ် ပစ္စည်းမရှိ၊ ကာဗွန်ဒိုင်အောက် ဆိုက်ထုတ်လွှတ်မှုမရှိ၊ ရင်းမြစ်အ ကျိုးရှိအောင်သုံးမည့် လူမှုဝန်း ကျင်ဖြစ်လာစေရေး ရည်မှန်းချက် အောင်မြင်အောင် စွန့်ပစ်ပစ္စည်း ရှင်းလင်းမှုဗျူဟာအတွက် နည်း ပညာအကူအညီပေးနေသည်။
မန္တလေးမြို့တွင် ရေပြဿ နာများကို ခြေရာခံရေးအရာရှိများ အတွက် အထောက်အကူဖြစ်စေ ရန် Internet Of Things (IOT)အာရုံခံကိရိယာများအသုံးပြုနေ ခြင်း၊ ရေထုတ်မြောင်းစနစ်များ စီစဉ်ရေး မြို့ကိုမြေပုံဖော်ရန် မောင်းသူမဲ့လေယာဉ်များက ကူ ညီခြင်းနှင့် အလိုအလျောက် ထိန်းချုပ်ရေး စင်တာများမှတစ် ဆင့် ယာဉ်ကြောပိတ်ဆို့မှုများကို စောင့်ကြည့်စီစဉ်ပေးနေခြင်းတို့ အပါအ၀င် မန္တလေးမြို့လမ်းမ များပေါ်၌ နည်းပညာများ တပ် ဆင်အသုံးပြုခြင်း၏ အကျိုးကျေး ဇူးများကို မြင်တွေ့နေရပြီဖြစ် သည်။
သို့သော် Smart City ဖြစ် လာရေးတာဝန်ခံအရာရှိ ဦးရဲ မြတ်သူ ထောက်ပြသကဲ့သို့ မန္တ လေးမြို့သည် Smart City တစ်ခု အဖြစ် အပြည့်အ၀ ပုံပေါ်လာနိုင် ရေး အခြေခံ အဆောက်အအုံများနှင့်ပတ်သက်၍ ဆောင်ရွက်စရာ လိုအပ်ချက်များရှိနေဆဲဖြစ် သည်။ အရှေ့တောင်အာရှ၌ Smart City မြို့ဖြစ်လာရေး ကြိုး ပမ်းနေသော မြို့များတွင်မန္တလေး အပြင် ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့၊ စင်ကာပူနိုင်ငံ စင်ကာပူမြို့၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့၊ ထိုင်းနိုင်ငံ ဖူးခက်မြို့၊ အင် ဒိုနီးရှားနိုင်ငံ မာကာဆာမြို့၊ ဗီ ယက်နမ်နိုင်ငံ ဒါနန်းမြို့၊ ထိုင်းနိုင် ငံဘန်ကောက်မြို့နှင့် ဖိလစ်ပိုင် နိုင်ငံ နယူးကလပ်ခ်မြို့တို့လည်း ပါဝင်သည်။
ယခု Smart City ဖြစ်လာ စေရေး မြို့များအကြောင်းကို Govlnsider, The ASEAN Post, The Economic Intelligence Unit(EIU)နှင့် ASCN စီမံကိန်း အချက်အလက်များကို အခြေခံ ၍ CIO-Asia သတင်းဌာနက ရေးသားဖော်ပြခြင်းဖြစ်သည်။
Credit : 7Daydaily