ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဗီယက်နမ်အခြေစိုက် HAGL Myanmar မှ အကောင်အထည်ဖော်နေသည့်The Lake Suites အိမ်ရာစီမံကိန်းတွင်ဖြစ်ပေါ်ခဲ့သည့်နှောင့်နှေးကြန့်ကြာမှုများနှင့်စီမံကိန်းအပိုင်းပြန်လည်ပြောင်းလဲမှုများကြောင့်အခန်းနှစ်ရှည်ဌားရမ်းနေထိုင်သူများကိုစာချုပ်ပါအတိုင်းလျော်ကြေးများပြန်လည်ပေးအပ်သွားမည်ဟု HAGL Myanmar မှသိရသည်။
"စီမံကိန်းအားလုံး၂၀၁၉ခုနှစ်မှာစတင်ဆောက်လုပ်သွားမယ်အခုလည်းဆောက်နေတဲ့စီမံကိန်းတွေတော့ရှိတယ် အရင်ကအဆောက်အအုံ၇လုံးမှာကအပန်းဖြေနေရာတွေမပါဝင်ပဲရုံးခန်းနဲ့အိမ်ခန်းတွေအတွက်နေရာတွေပဲပါဝင်လိုအခုဒီဇိုင်းပိုင်းတွေပြန်ပြောင်းနေတယ် အဲ့ဒီအတွက်အနည်းငယ်ကြန့်ကြာနေတာပါ''လို့ HAGL Maynmar ရဲ့ PR Manager ဖြစ်သူ မဇင်မာသက်မွန်ကပြောသည်။
လုပ်ငန်းကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ရသော်လည်း နှစ်ရှည်ငှားရမ်း ဝယ်ယူထားသူများနှင့် ရင်းနှီးမြှုပ်နှံထားသူများအနေဖြင့် ရေရှည်အိမ်ရာတန်ဖိုးကိုကာကွယ်ခြင်း၊လူနေမှုအဆင့်အတန်းပိုမိုမြင့်မာလာခြင်း၊ အဖိုးအခနှုန်းထားမြင့်မားစွာဖြင့် ပြန်လည်ငှားရမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများနှင့် အကျိုးကျေးဇူးများနှင့် အခွင့်အလမ်းများကောင်းများရရှိစေနိုင်မည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ Hong Anh Gia Lai (ဟောင်အန်းဂျာလိုင်း) သည် ၄င်း၏စီမံကိန်းအပိုင်း (၂)ရဲ့တည်ဆောက်ရေးလုပ်ငန်းများအား စတင်ဆောင်ရွက်လျက်ရှိပြီဖြစ်ပြီး၊စီမံကိန်းအပိုင်း (၂ )တွင် ရုံးခန်းတာဝါ အဆောက်အဦး နှစ်လုံး၊ ရှောပင်းစင်တာအသစ်တစ်ခု၊ အခန်းပေါင်း ၃၆၀ပါဝင်မည့် ၀န်ဆောင်မှုပါအဆင့်မြင့်တိုက်ခန်းအဆောက်အဦးနှစ်လုံး၊ အခန်းပေါင်း ၆၇၄ ခန်းပါ The Lake Suites ဟုအမည်ရသည့် အဆင့်မြင့်အိမ်ယာအဆောက်အဦးသုံးလုံးပါဝင်မည့် စီမံကိန်းသစ်ကြီးအား မြေဧရိယာ ၃၇၈၁၆.၅၅ စတုရန်းမီတာပေါ်တွင်တည်ဆောက်သွားမည်ဖြစ်ပြီးနှစ်ရှည်ဌားရမ်းသူရာဂဏန်းဝန်းကျင်ရှိကြောင်းသိရသည်။
ဟောင်အန်းဂျာလိုင်း၏ စီမံကိန်းအပိုင်း (၁) ကို၂၀၁၅ခုနှစ်အတွင်းကတည်ဆောက်ပြီးစီးခဲ့ပြီး၊လက်ရှိအချိန်မှာမြန်မာပလာဇာ ဟုအမည်ရသောခေတ်မီဈေးဝယ်စင်တာ၊Grade Aအဆင့်ရှိ မြန်မာစင်တာဟုခေါ်ဆိုသောရုံးခန်းတာဝါနှစ်လုံးနှင့် စပိန်နိုင်ငံမှနာမည်ကျော် ဟိုတယ်အဖွဲ့အစည်းတစ်ခုမှအုပ်ချုပ်စီမံပေးလျက်ရှိတဲ့ ဖိုက်စတားအဆင့်ရှိ ဟိုတယ် Melia ရန်ကုန်တို့ဖြင့်လုပ်ငန်းများလည်ပတ်လျက်ရှိကြောင်းသိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com