ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ရန်ကုန်မြို့စွန် အိမ်၊ ခြံ၊ မြေဈေးကွက်မှာ အရောင်းအဝယ်ထက် အငှားဈေးကွက် အနည်းငယ်ပြန်လှုပ်ရှားလာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံမြို့တွေက အိမ်၊ ခြံ၊ မြေ အရောင်းအငှားဈေးကွက်တွေမှာလည်း အရင်ပေါက်ဈေးထက် ဈေးလျော့ကာ ငှားရမ်းနေရတယ်လို့ သိရပါတယ်။ ‘ လှိုင်သာယာမြို့နယ်ဖက်မှာတော့ ဈေးနှုန်းတွေလျှော့ပြီး ငှားလာကြတယ်။ လိှုင်သာယာဘက်ဆို အရောင်းအဝယ်ဈေးကွက် ပွင့်ပွင့်လင်းလင်း မရှိသလောက်ကို ဖြစ်တယ်၊ အငှားဈေးကွက်ကလဲ ဈေးလျှော့ငှားရတဲ့ အနေအထားမျိုးတွေ ဖြစ်ကုန်တယ် ‘ လို့ လှိုင်သာယာမြို့နယ် အက်ဖ်အမ်အိုင်စီးတီးရှိ အိမ်ခြံမြေအကျိုးဆောင် ကိုထွန်းမင်းလတ်က ပြောပါတယ်။
ယခင်နှစ်ကထက် ယခုနှစ်တွေမှာ အရောင်းအဝယ်ဈေးကွက်လည်း အများကြီးလျော့ကျသွားပါတယ်။ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ အိမ်၊ ခြံ၊ မြေ ဝယ်ယူမှုမပြုတော့သလို အမှန်တကယ် လိုအပ်သူတွေမှသာ ဝယ်ယူမှုအနည်းငယ်ရှိတယ်လို့ သိရပါတယ်။ ရွေပြည်သာဘက်မှာလည်း အရောင်းအဝယ်ထက် အငှားသာရှိပြီး လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ နိုင်ငံခြားနေထိုင်သူတွေအတွက်သာ ငှားရမ်းမှုတွေရှိတယ်လို့ သိရပါတယ်။
မင်္ဂလာဒုံမြို့နယ် အိမ်၊ ခြံ၊ မြေဈေးကွက်မှာလည်း ဈေးနှုန်းတွေ ထက်ဝက်ခန့်ကျဆင်းနေပြီး ဝယ်ယူသူမရှိသလောက် နည်းပါးနေတယ်၊ အငှားဈေးကွက် အနည်းငယ်သာရှိတယ်လို့ မင်္ဂလာဒုံမြို့နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ယခင်နှစ်တွေက ရန်ကုန်အိမ်၊ ခြံ၊ မြေ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဝယ်ယူကြပေမဲ့ ယခုလက်ရှိမှာတော့ အမှန်တကယ် လိုအပ်သူတွေကသာ ဝယ်ယူတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ သိန်း (၂၀၀ နဲ့ ၃၀၀)ကြား မြေကွက်များလည်း အရောင်းအဝယ် နည်းသွားပါတယ်။
Credit: The Modern