လော့စ်အိန်ဂျလိရှိ အိမ်ယာမဲ့များကို အိမ်ယာမဲ့စခန်းများ ဆောက်လုပ်ပေးရန် မြို့အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ရာ ဒေသခံတို့၏ အပြင်းအထန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရ

လော့စ်အိန်ဂျလိရှိ အိမ်ယာမဲ့များကို အိမ်ယာမဲ့စခန်းများ ဆောက်လုပ်ပေးရန် မြို့အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ရာ ဒေသခံတို့၏ အပြင်းအထန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရ - Property News in Myanmar from iMyanmarHouse.com
19 Oct 2018 11:33 am တွင် တင်ခဲ့သည်
1044 ကြိမ် ကြည့်ရှု့ပြီး

လော့စ်အိန်ဂျလိရှိ အိမ်ယာမဲ့များကို အိမ်ယာမဲ့စခန်းများ ဆောက်လုပ်ပေးရန် မြို့အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ရာ ဒေသခံတို့၏ အပြင်းအထန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်။

လော့စ်အိန်ဂျလိမြို့တော်ဝန် အဲရစ်ခ် ဂါဆက်တီနှင့် လော့စ်အိန်ဂျလိ ရဲတပ်ဖွဲ့အကြီးအကဲ မိုက်ကယ်မိုးရ်တို့သည် လော့စ်အိန်ဂျလိမြို့အနောက်ဘက်၊ ဗီနိုက်စ်ပင်လယ်ကမ်းခြေဒေသရှိ မြို့တော်ခန်းမတွင် ဒေသတွင်း၌ အိမ်ယာမဲ့စခန်းတစ်ခု ဆောက်လုပ်မည့်အရေးကို ဒေသခံများနှင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

မြို့တော်ဝန်နှင့်အဖွဲ့ ဆွေးနွေးနေချိန်တွင် ဒေသခံ ၄၀၀ ခန့်မှာ အဆိုပါစီမံကိန်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ခဲ့ကြသည်။

အိမ်ယာမဲ့စခန်းကို လော့စ်အိန်ဂျလိမြောက်ဘက် ဘတ်စ်ကားကွင်းဟောင်းကြီးတွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“ဒါက လူတွေကို လမ်းပေါ်မှာပဲထားမလား (ဒါမှမဟုတ်) လမ်းတွေပေါ်ကနေ ဆွဲထုတ်မလားဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ” ဟု မြို့တော်ဝန် ဂါဆက်တီက ပြောကြားသည်။

ယခုအဆိုပြုသည့် အိမ်ယာမဲ့စခန်းသည် မြို့တော်ဝန်၏ စီမံကိန်းတစ်ခုဖြစ်သော “A Bridge Home” စီမံကိန်းတွင် ပါဝင်သည်။

အဆိုပါစီမံကိန်းအရ လော့စ်အိန်ဂျလိ၏ ခရိုင် ၁၅ ခုတွင် တစ်ခုချင်းစီ၌ ယာယီအိမ်ယာမဲ့စခန်းများ ဖွင့်လှစ်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

ယင်းစီမံကိန်းကို ပြီးခဲ့သော ဧပြီလတွင် စတင်ကြေညာခဲ့ပြီး လော့စ်အိန်ဂျလိ အိမ်ယာမဲ့ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မြို့တော်ဝန်၏ မဟာဗျူဟာတစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သောလကပင် ပထမဆုံးအိမ်ယာမဲ့စခန်းကို လော့စ်အိန်ဂျလိမြို့လယ် သမိုင်းဝင်အထိမ်းအမှတ်တစ်ခုဖြစ်သော El Pueblo de Los Angeles Historic Monument အမည်ရှိ ၄၄ ဧကကျယ်ဝန်းသော ပန်းခြံနေရာတွင် ဖွင့်လှစ်ခဲ့သည်။ မြို့တော်ဝန်၏ ပြောကြားချက်အရ အိမ်ယာမဲ့ ၁၁ ဦးကို နေရာချထားပေးပြီးဖြစ်သည်ဟု ဆိုသည်။

ဗီနိုက်စ်တွင် ဖွင့်လှစ်မည့် အိမ်ယာမဲ့စခန်းမှာ El Pueblo ထက် ၃ ဆခန့် ကြီးမားမည်ဖြစ်သည်။

လူကြီးများအတွက် ကုတင် ၁၀၀ နှင့် ကလေးများအတွက် ကုတင် ၅၄ လုံး ပါဝင်မည် ဖြစ်ပြီး ရေချိုးခန်းနှင့် ရေပန်းများ သီးခြားစီ ပါဝင်မည် ဖြစ်သည်။

ဗီနိုက်စ်အရပ်ရှိ ဒေသခံတို့ကမူ အိမ်ယာမဲ့စခန်းဖွင့်လှစ်ခြင်းကြောင့် ဒေသတွင်းသို့ အိမ်ယာမဲ့များ ပိုမိုရောက်ရှိလာမည်ကို ရတက်မအေးဖြစ်နေကြသည်။

ဒေသခံများ၏ ရတက်မအေးမှုများကို ဖြေရှင်းပေးရန်အတွက် အိမ်ယာမဲ့စခန်းများရှိရာတွင် အခြေခံသန့်ရှင်းရေးဆိုင်ရာ အဆောက်အအုံများ ထူထောင်ရေးအတွက် ရန်ပုံငွေတိုးမြှင့်သွားမည်ဖြစ်သည့်အပြင် လမ်းပေါ်တွင် ပစ္စည်းများထားသိုခြင်းကိုလည်း တားမြစ်မည့်စည်းမျဉ်းများ ချမှတ်သွားမည်ဖြစ်ကြောင်း လော့စ်အိန်ဂျလိအာဏာပိုင်တို့က ကတိပြုခဲ့ကြသည်။

ဒေသခံများနှင့် အုပ်ချုပ်ရေးတို့အဖွဲ့အကြား အိမ်ယာမဲ့စခန်း တည်ထောင်ရေးဆွေးနွေးပွဲတွင် အုပ်ချုပ်ရေးအဖွဲ့၏ ကတိကဝတ်များကို ဒေသခံတို့က ကျေနပ်နှစ်သက်ခဲ့ခြင်းမရှိခဲ့ကြချေ။

ဆွေးနွေးပွဲအတွင်း တူညီရှပ်အင်္ကျီများ ဝတ်ဆင်ခဲ့ကြကာ လက်မခံကြောင်း ကြွေးကြော်ခဲ့ကြသည်။

တက်ရောက်လာသူ ဒေသခံအများစု၏ မေးခွန်းများမှာ အဓိကအားဖြင့် အိမ်ယာမဲ့စခန်းများကြောင့် မူးယစ်ဆေးသုံးစွဲမှုများနှင့် ရာဇဝတ်မှုများ ထူပြောလာမည့်အရေးကို မေးခွန်းထုတ်ခဲ့ကြသည်။

ကိုရီးယားတန်း၏ အလယ်ဗဟိုတွင် အိမ်ယာမဲ့စခန်းတစ်ခု ဆောက်လုပ်ရန် စီစဉ်ခဲ့မှုမှာလည်း ဆောက်လုပ်ရန် စီစဉ်သည့် နေရာအပေါ် အနီးဝန်းကျင်တွင် နေထိုင်သူတို့က ကန့်ကွက်သောကြောင့် အစီအစဉ်ဖျက်သိမ်းလိုက်ရသည်။

ရှားမန်းအုတ်ခ်၊ ဝီလ်မင်တန်နှင့် ဆန်ပီဒရိုအရပ်များတွင် အိမ်ယာမဲ့စခန်းဆောက်လုပ်ရန် စီစဉ်ခဲ့မှုများမှာလည်း ဒေသခံတို့၏ ကန့်ကွက်မှုများ ရင်ဆိုင်ခဲ့ရသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
imyanmarmarket
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service