စစ်ကိုင်းမြို့ ရွှေမင်းဝံဈေးကို ကျပ်သိန်းတစ်သောင်းကျော် အကုန်အကျခံကာ နှစ်ထပ်ဈေးသစ်အဖြစ် ယခုနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရ

စစ်ကိုင်းမြို့ ရွှေမင်းဝံဈေးကို ကျပ်သိန်းတစ်သောင်းကျော် အကုန်အကျခံကာ နှစ်ထပ်ဈေးသစ်အဖြစ် ယခုနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရ - Property News in Myanmar from iMyanmarHouse.com
19 Oct 2018 10:52 am တွင် တင်ခဲ့သည်
1271 ကြိမ် ကြည့်ရှု့ပြီး

စစ်ကိုင်းမြို့တွင် စစ်ကိုင်းမြို့မဈေးကြီး၊ ရွာထောင်ဘူတာဈေး၊ သရက်ပင်ဆိပ်ဈေး၊ မကျည်းစဉ်ဈေး၊ ရွှေမင်းဝံဈေးများရှိပြီး ရွှေမင်းဝံရပ်ကွက်ရှိ ရွှေမင်းဝံဈေးသည် ဟောင်းနွမ်းပျက်စီးမှုများ ရှိလာခြင်း၊ ရွှေမင်းဝံ ရက်ကွက်သည် စစ်ကိုင်းစက်မှုဇုန်၊ ပညာရေး တက္ကသိုလ်အနီးတည်ရှိပြီး လူဦးရေ ထူထပ်လာသောကြောင့် ရွှေမင်းဝံဈေးအား ကျပ်သိန်းတစ်သောင်းကျော် အကုန်အကျခံကာ နှစ်ထပ်ဈေးအသစ်အဖြစ် အမေ့နန်းတော် ကုမ္ပဏီမှ တာဝန်ယူကာ တည်ဆောက်နေပြီး ယခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ တည်ဆောက်ဆဲ ရွှေမင်းဝံနှစ်ထပ်ဈေး ဈေးဆိုင်တိုက်ခန်းများ ၄၅ ရာခိုင်နူန်း ရောင်းချထားပြီး ကျန်ရှိသော ဆိုင်ခန်းများအား ဘဏ်စနစ်ဖြင့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်တွင် တည်ဆောက်နေသော နှစ်ထပ်ဈေးသစ် ဈေးဆိုင်ခန်းများတွင် ရောင်းချရန် စာရင်းပေးသွင်းထားသည့် လက်ရှိရောင်းချနေသော ဈေးသည်များကို မဲစနစ်ဖြင့် ယခုနှစ်ဇူလိုင် ၄ ရက်တွင် စစ်ကိုင်းမြို့၊ မြို့မဈေးကြီး အပေါ်ထပ်တွင် မဲနှိုက်နေရာချထား ရောင်းချပေးခဲ့ကြောင်း သိရပြီး မြေညီထပ်ဆိုင်ခန်းများ၊ အပေါ်ထပ်ဆိုင်ခန်း ၄၅ ရာခိုင်နှုန်း ရောင်းချထားရပြီး ကျန်ရှိဆိုင်ခန်းများအား ဘဏ်နှင့်ချိတ်ဆက်ကာ ၀ယ်ယူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

“အမိုးပါ အကာမဲ့ ဆိုင်ခန်းတွေအားလုံး ရောင်းချပေးသွားပြီးပါပြီ။ ဈေးပတ်ပတ်လည် သုံးဖက်က ဈေးဆိုင်တိုက်ခန်းတွေ ၄၅ ရာခိုင်နှုန်း ရောင်းချထားပါတယ်။ ၂၅ လမ်း မျက်နှာစာမြေညီထပ်၊ အပေါ်ထပ် ဆိုင်ခန်းတွေ ရောင်းချထားရပါတယ်။ ကျန်တဲ့ ၆ လမ်း၊ ၈ လမ်းဘက်က ဆိုင်ခန်းတွေကို ဘဏ်နဲ့ချိတ်ဆက်ပြီး ၀ယ်ယူနိုင်ဖို့ ဒီရက်ပိုင်းဘဏ်တွေနဲ့ ဆက်သွယ်ပြီး စီစဉ်သွားမှာပါ။ ခြောက်လမ်းဘက် အပေါ်ထပ်ဆိုင်ခန်းကို ဘဏ်တစ်ခုက ၀ယ်ဖို့ကမ်းလှမ်းထားပါတယ်။ ဆိုင်ခန်းဝယ်ယူလိုသူတွေရယ်၊ ကျွန်တော်တို့ စည်ပင်သာယာရေးကော်မတီရယ်၊ ဘဏ်ရယ်တွေ့ဆုံပြီး အရစ်ကျ ၀ယ်ယူနိုင်ဖို့ ဆွေးနွေးသွားမှာပါ” ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးက်ာမတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ဆိုသည်။

အသစ်တည်ဆောက်နေသည့် နှစ်ထပ်ဈေး၊ ဆိုင်ခန်းများတွင် ရွှေမင်းဝံရပ်ကွက် ၂၅ လမ်းမျက်နှာလှည့် မြေညီထပ်ဆိုင်ခန်းများ (၁၀ ပေ ၁၂ ပေ) တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀၊ အပေါ်ထပ်ဆိုင်ခန်းအတွင်း လှည့် (၁၀ ပေပတ်လည်) အား ကျပ်သိန်း ၁၀၀ နှင့် ၆ လမ်း၊ ၈ လမ်းမျက်နှာလှည့် မြေညီထပ်ဆိုင်ခန်း (၁၀ ပေ ၁၂ ပေ) များအား သိန်း ၁၅၀၊ အပေါ်ထပ်အခန်းအတွင်း လှည့် (၁၀ ပတ်လည်) များအား ၇၅ သိန်း၊ အမိုးပါ အကာမဲ့ ဆိုင်ခန်းတစ်ခန်းလျှင် ၁၅ သိန်းဖြင့် လေးကြိမ်အရစ်ကျ ရောင်းချပေးခဲ့ပြီး ပျံကျဆိုင်ခန်းများအား အခမဲ့ရောင်းချ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဈေးသစ်၏ ပုံစံမှာ “ယူ” ပုံစံဖြစ်ပြီး အခန်းပေါင်း ၂၂၂ ခန်းရှိကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

Pan Swal Taw
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service