ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊အောက်တိုဘာလ ၁၃ ၊ ၁၄ ရက်နေ့များတွင် ရန်ကုန်မြို့ ၊ ရွှေတိဂုံဘုရားလမ်းမပေါ်ရှိ Pan Pacific Hotel ခန်းမတွင် “ မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး ” (နဝမအကြိမ်မြောက်) ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတွင် ဆောက်လုပ်ရေး ကုမ္ပဏီ (၃ဝ) ကျော် မှ ဆောက်လုပ်ဆဲ ၊ ဆောက်လုပ်ပြီး ဖြစ်သော တိုက်ခန်း နှင့် ကွန်ဒို များကို အထူး လျှော့ဈေးနှုန်းများ ၊ (၁) နှစ်မှ (၂၅) နှစ်အထိ အရစ်ကျစနစ်များဖြင့် ပါဝင်ပြသ ရောင်းချခဲ့ရာ ပွဲသို့လာရောက်လေ့လာသူ လွန်စွာများပြားခဲ့ပြီး ကျပ်ငွေ (၂၀) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်) တန်ဖိုးရှိသော တိုက်ခန်း နှင့် ကွန်ဒိုများကို ပြပွဲ (၂) ရက်အတွင်း ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
“ iMyanmarHouse.com ကနေ ရန်ကုန်မှာ ကျင်းပပြုလုပ်တဲ့ (၉) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီးပါ။ အခုပြပွဲအတွင်းမှာ ကျပ်သိန်း (၂ဝဝ) ကျော် မှ စတဲ့ တိုက်ခန်းတွေ ၊ မြေကွက်တွေ ၊ ကျပ်သိန်း (၆ဝဝ) မှ စတဲ့ မီနီကွန်ဒိုတွေ ၊ ကျပ်သိန်း (၁၀ဝဝ) ကျော်မှစတဲ့ ကွန်ဒိုပေါင်း များစွာကို တစ်နေရာတည်း စုံလင်စွာ ကြည့်ရှုလေ့လာ ဝယ်ယူခွင့် ရခဲ့သည့်အပြင် အိမ်ရာချေးငွေအတွက် YOMA Bank မှလည်း ပြပွဲကို လာရောက်လေ့လာ ဝယ်ယူသူတွေအတွက် လိုအပ်တဲ့ အိမ်ရာချေးငွေဆိုင်ရာ ဝန်ဆောင်မှုတွေကို ပြပွဲကာလအတွင်း ပြုလုပ်ပေးခဲ့ပါတယ်။ အထူး Discount များ ၊ အရစ်ကျငွေချေစနစ်များဖြင့် ရောင်းချပေးခဲ့တာကြောင့် အိမ်ဝယ်ယူသူများအတွက် အလွန်တရာ အဆင်ပြေခဲ့ပါတယ် ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
အရောင်းပြပွဲကြီးကို Shwe Taung ကုမ္ပဏီ မှ Main Sponsor အဖြစ် လည်းကောင်း ၊ Golden City ၊ Kanbae Towers ၊ Riverfront Garden ၊ Kabaraye Executive Residence ၊ Nay Gabar Myanmar နှင့် Naing Group ကုမ္ပဏီ တို့မှ Diamond Sponsor များ အဖြစ်လည်းကောင်း ၊ SMT Construction ၊ Lavender Hill ၊ Kangyi Paradise ၊ Yone Min Construction နှင့် iGREEN Development တို့မှ Gold Sponsor များအဖြစ်လည်းကောင်း အဓိကပါဝင်ပြသပြီး အခြားအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ( ၃၀ ) ကျော် မှ ပါဝင်ပြသရောင်းချခဲ့ခြင်းဖြစ်သည်။
အိမ်ရာချေးငွေများကို ပြပွဲအတွင်း တထိုင်တည်း လျှောက်ထားနိုင်ရန် YOMA Bank မှ ပါဝင်ကူညီခဲ့ကြောင်းသိရသည်။ ပွဲကျင်းပမည့်ရက်များတွင် နံနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ အိမ်ရာဝယ်ယူသူများဖြင့် ပြည့်နှက်နေကြောင်းသတင်းရရှိသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)