ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အိမ်ခြံမြေတိုက်ခန်းရောင်း ၀ယ်ကြရာမှာ အလွှာအသီးသီးနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် လူ တို့ရဲ့သဘော၊ လူတို့ရဲ့မနောကို ပိုသိလာ ရပါတယ်။ လူချင်းတူပေမယ့် စိတ်ထားချင်း မတူတာတွေ့ရတယ်။ မိမိတို့ရဲ့ အတွေ့ အကြုံပေါ်မူတည်ပြီး အယူအဆတွေ ကွဲပြားသွားတာကို တွေ့ရပြန်တယ်။
ငှက်မသိတော့ ဆက်ရတ် ချိုး ထင်တတ်ကြတယ်။ ပညာတတ်တဲ့အလွှာ ကလူတွေနဲ့ ဆက်ဆံကြည့်တဲ့အခါ ပညာ မာနခံနေတာကြောင့် ကြည့်တာတောင် အပေါ်စီးကကြည့်တတ်တယ်။ တစ်ဖက် လူကို အထင်သေးတဲ့အကြည့်မျိုးနဲ့ ကြည့် တတ်ကြတယ်။ ပညာကလည်းတတ်၊ဥစ္စာ ကလည်း မရိုးမဖြောင့်တဲ့နည်းနဲ့ ကြီးပွားလာသူတွေဆိုရင် သူတို့ရောင်းတဲ့မြေနဲ့ အိမ်ဖြစ်စေ၊ တိုက်ခန်းဖြစ်စေ၊ ကွန်ဒို ဖြစ်စေ၊ ၀ယ်မယ့်သူကိုမြင်ရင် ၀ယ်ကော ၀ယ်နိုင်လို့လားဆိုတဲ့ အကြည့်နဲ့ကြည့် တတ်ကြတယ်။
သူက ငါတို့ပိုင်တဲ့ ကွန်ဒိုတိုက်ခန်းကို ၀ယ်နိုင်လောက်တဲ့ ငွေရှိလို့လား သူ့ကြည့်ရတာ ငွေရှိပုံမရပါဘူးလို့ တွေး တတ်ကြတယ်။ စရန်ငွေပေးတဲ့အခါမှာ တောင် စရန်ငွေ သိန်း(၅၀)လောက်ချရင် ဒီလောက်နဲ့မရောင်းနိုင်ဘူး။ အနည်းဆုံး သိန်း(၃၀၀)ချမှ စရန်ပေးစာချုပ်ချုပ်နိုင် မယ်ဆိုပြီး သွေးထိုးစမ်းကြတယ်။ တစ်ခါက ကွန်ဒိုတိုက်ခန်းဝယ်ယူလိုသူ လူငယ် တစ်ဦးဟာ စာချုပ်ပေးဖို့ ရှေ့နေလာခေါ် လို့ လိုက်သွားဘူးတယ်။ သူဝယ်ချင်တဲ့ တိုက်ခန်းက သိန်း(၁၅၀၀)လောက်တန် တယ်။ ဓာတ်လှေကားပါတဲ့ ကွန်ဒိုတိုက်ခန်းဖြစ်နေတယ်။
တိုက်ခန်းဝယ်လိုတဲ့လူငယ်ရဲ့ ရည်ရွယ်ချက်က သူကြိုးစားရှာဖွေခဲ့တဲ့ အရင်းအနှီးတွေကို မပျောက်ပျက်အောင် တိုက်ခန်းဝယ်ယူထားချင်တာဖြစ်ပါတယ်။ သူ့ရဲ့အလုပ်ကလည်း ဒေါ်လာရတဲ့ အလုပ်မျိုးဖြစ်လို့ ၀ယ်နိုင်ခြင်းဖြစ်ပါတယ်။
စရန်ငွေ သိန်း(၃၀၀)လောက် စရန်ချတာတောင် ၀ယ်သူကို အပြည့်အ၀ ယုံကြည်ပုံမရဘူး။ ၀ယ်သူအနေနဲ့ ကတော့ စရန်ငွေပေးပြီးတာနဲ့ ရှေ့နေနဲ့ ကန့်ကွက်ရန်ရှိမရှိ သတင်းစာမှာကြော် ငြာတယ်။ (၇)ရက်ပြည့်လို့မှ ကန့်ကွက် သူမရှိရင် အပြီးငွေချေမယ်။ ဒါဟာ ၀ယ်သူဘက်က လုပ်ထုံးလုပ်နည်းပဲလေ။
အဲဒီလိုသတင်းစာမှာ (၇)ရက် လောက်စောင့်ရတာတောင် ၀ယ်သူကို မယုံကြည်လို့လားမသိပါဘူး။ ၀ယ်သူရဲ့ ရှေ့နေကို ဖုန်းတဂွမ်ဂွမ်ဆက်တယ်ဗျာ။ ““ရှေ့နေကြီးရဲ့ဝယ်လက်က ဒီလိုကွန်ဒို တိုက်ခန်းကို ဒီလောက်ဈေးကြီးပေးပြီး ၀ယ်မှာသေချာရဲ့လား။ သတင်းစာရက် ပြည့်ရင်တော့ ကျန်ငွေတွေကို ပေးချေမှာ သေချာပါတယ်နော်””လို့လည်း စူးစမ်းတဲ့ မေးခွန်းတွေနဲ့ မေးလွန်းလို့ ရှေ့နေလည်း စိတ်မရှည်တော့လို့ ပြောချလိုက်မိတယ်။
““အစ်မ၊ ဘာဖြစ်လို့ ဒီလောက် စိတ်ပူနေတာလဲ။ ၀ယ်သူက လူငယ်ဖြစ် ပေမယ့် နိုင်ငံခြားက မြန်မာပြည်မှာလာ ရောက် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီးတစ်ခု ရဲ့ မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ တစ်လ ဒေါ်လာနှစ်ထောင်လောက်ရလို့ ဒီကွန်ဒိုတိုက်ခန်းလောက်တော့ဖြင့် တစ်နှစ်စုရင် ၀ယ်နိုင်ပါတယ်။ အခုလည်း မိသာစုနေဖို့အတွက် ၀ယ်တာပါ။ သတင်းစာရက်ပြည့်အောင်ခဏလေးလောက် တော့ စောင့်ပါလို့ပြောလိုက်တယ်။
““တကယ်လို့ ၀ယ်သူက ကျန်ငွေ ပေးချေဖို့ ပျက်ကွက်ရင်လည်း အမတို့ စရန်ငွေ သိန်း(၃၀၀)အပိုင်သိမ်းယူလိုက် ရုံပဲလေ။ ၀ယ်သူဘက်က မပျက်ကွက်ဘဲ အမတို့ရောင်းသူဘက် ပျက်ကွက်ရတော့ သိန်း (၆၀၀)နှစ်ဆလျော်ရမှာနော်””လို့ ပြောလိုက်တော့မှ အဲဒီအမျိုးသမီးဟာ အတော်တုန်လှုပ်သွားပြီး ကတုန်ကရင် အသံနဲ့ ““အလိုလေး ကျွန်မတို့ဘက်က တော့ ပျက်ကွက်လို့မဖြစ်ပါဘူး။ သိန်း (၃၀၀)လျော်ဖို့ ပြန်ရှာရတာလွယ်တာမှ မဟုတ်တာ””လို့ ပြောလာပါတယ်။
ဒီတော့မှ မေးရမယ့်အကွက် ၀င်လာပြီဖြစ်လို့ ““အစ်မရဲ့ အမျိုးသား က လုပ်ငန်းရှင်ကြီးတစ်ယောက်မဟုတ် ဘူးလား””လို့ မေးလိုက်ပါတယ်။ ဒီတော့ ပျာပျာသလဲနဲ့ ““မဟုတ်ပါဘူးရှင်၊ ကျွန်မ အမျိုးသားက ရှမ်းပြည်ကဌာနဆိုင်ရာ အရာရှိတစ်ယောက်ပါလို့”” တာဝန်ထမ်း ဆောင်နေတဲ့ ဌာနကိုပြောပါတယ်။ ရှေ့နေ လည်းတော်တော်သဘောပေါက်သွားပါ တယ်။ သူ့ယောက်ျားကို နိုင်ငံတော်က ပေးတဲ့လစာနဲ့တော့ ဒီလိုကွန်ဒိုတိုက်ခန်း မျိုးတွေ ၀ယ်ထားနိုင်မှာမဟုတ်တာတော့ သေချာပါတယ်။ မိမိတို့က ရိုးရိုးသားသား ရထားတဲ့ ငွေနဲ့ဝယ်တာမဟုတ်တော့ ၀ယ်သူကိုလည်း ““ဒီလိုအရွယ်နဲ့ ဒီလိုငွေတွေ ဘယ်လိုပေးနိုင်မှာလဲ””လို့ အထင်အမြင် သေးတဲ့စိတ်နဲ့ မေးခြင်းဖြစ်တာသိရပါ တော့တယ်။
ဝယ်သူလူငယ်ကတော့ သူထင်သလို စိုးရိမ်ရတဲ့လူမဟုတ်ပါဘူး။ ၇ ရက် ပြည့်လို့ (၈)ရက်မြောက်တဲ့နေ့မှာ ကန့် ကွက်သူမရှိတဲ့အတွက် ငွေချေမယ်လို့ ရှေ့နေကိုလာခေါ်လို့ အပြီးငွေချေတဲ့ စာချုပ်ချုပ်ပေးလိုက်ရပါတယ်။ စာချုပ် ချုပ်ပြီးတာနဲ့ ၀ယ်သူလူငယ်က ဘဏ်မှာ လိုက်ပြီး ငွေလွှဲပေးလိုက်တော့မှ ကျေးဇူး တင်ပါတယ်ကွယ်””လို့ ပြုံးပြီးနှုတ်ဆက် နေပါတယ်။ ၀ယ်သူလူငယ်ကလည်း ၀မ်းပမ်းတသာ လေးလေးစားစား ပြန်ပြီး နှုတ်ဆက်လိုက်ပါတယ်။
ရောင်းသူအဒေါ်နဲ့အတူ သမီး ချောတစ်ယောက်လည်းပါလာတာကို တွေ့ရပါတယ်။ ၀ယ်သူလူငယ်က ရောင်းသူရဲ့ သမီးချောကိုလည်း စိတ်ဝင်စားပုံ ပေါ်ပါတယ်။ နှုတ်ဆက်ပြီးအပြန်မှာ“လာ လည်ချင်ပါတယ်”ပြောတော့...““လာခဲ့ ပါ””လို့ ဖိတ်ခေါ်နေတာကို တွေ့ရပါတယ်။
ရှေ့နေလည်းရောင်းသူအဒေါ် ကြီးရဲ့ ပြောင်းလဲသွားပုံကြည့်ပြီး အတော် အံ့သြသွားပါတယ်။ ၀ယ်သူလူငယ်ကတော့ အဒေါ်ကြီးရဲ့ အတွင်းစိတ်ကို အသေအချာမသိတော့ ““ရောင်းသူအန်တီကြီး ကတော်တော်သဘောကောင်းတယ်နော် ဆရာ””လို့ ရှေ့နေရှေ့မှာ ချီးမွမ်းထောပနာ ပြုနေပါတယ်။ ရှေ့နေကြီးရဲ့စိတ်ထဲမှာ တော့ ““အဲဒီအဒေါ်ကြီးက မင်းကိုအထင် လုံးဝ မကြီးတဲ့အပြင် ဒီတိုက်ခန်းကိုဝယ်နိုင်မှာ မဟုတ်ဘူးလို့ အထင်သေးနေတာ ကွ””လို့ အမှန်အတိုင်းပြောလိုက်ရင် ၀ယ်သူ လူငယ်ဟာ ရောင်းသူအဒေါ်ကြီးကို ဘယ်လောက်များ စိတ်ဆိုးလိုက်မလဲ။ အစကတည်းက အဒေါ်ကြီးအကြောင်း သာကြိုသိခဲ့ရင် ဒီတိုက်ခန်းကိုဝယ်ချင် မှာတောင် မဟုတ်တော့ဘူး””လို့ ရေရွတ် ရင်း ၀ယ်သူမျက်နှာကိုကြည့်ကာ သနားနေ မိပါတော့တယ်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com