ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
တရုတ်အခြေစိုက် e-Commerce ကုမ္ပဏီ အလီဘာ ဘာက နိုဝင်ဘာ ၁၁ ရက်တွင် တစ်ကမ္ဘာလုံး၌ တစ်နေ့တည်း ပြိုင်တူကျင်းပမည့် ဈေးရောင်းပွဲ ကို မြန်မာနိုင်ငံတွင်လည်း ပြုလုပ် မည်ဟု သတင်းထုတ်ပြန်သည်။
‘‘ အက်ပလီကေးရှင်း (သို့ မဟုတ်) ဝက်ဘ်ဆိုက်ကနေ ဝယ် ရမှာပါ။ ရှိသမျှပစ္စည်းအားလုံး လျှော့ဈေးများများနဲ့ ရောင်းပေး မှာပါ။ တစ်ရက်တည်းလုပ်မယ်။ တစ်ကမ္ဘာလုံး တစ်ချိန်တည်း ရောင်းပေးမယ်’’ဟု Shop.com. mm ပြန်ကြားရေးတာဝန်ခံ မခင် သက်က ပြောသည်။
အလီဘာဘာအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်း သည် ဈေးကွက်အတွင်း ပြည့်စုံမှု မရှိသော ငွေပေးချေမှုစနစ်နှင့် သယ်ယူထောက်ပံ့ရေးစနစ်ကို လမ်းဖောက်ပေးမည်ဖြစ်သဖြင့် အပေါင်းလက္ခဏာရှိကြောင်း ဇော်ဂျီ Mart ဈေးဝယ်ဝက်ဘ်ဆိုက်တည်ထောင်သူ ဦးဇော်မင်း အောင်က ပြောသည်။
‘‘တစ်ဦးတစ်ယောက်အနေ နဲ့ လုပ်ကိုင်နေသူတွေအတွက်က တော့ အထိနာနိုင်တယ်။ သူတို့က အလီဘာဘာကနေ ယူရောင်းနေ ကြတာလေ။ အလီဘာဘာက သာ သူတို့ထုတ်ကုန်တွေကို ဒီမှာ ပုံစံတစ်မျိုးနဲ့ ရောင်းမယ်ဆိုရင် ထုတ်ကုန်မထုတ်နိုင်တဲ့ ပြည်တွင်းလူတွေ အထိနာမှာပဲ’’ဟု ၎င်းက ပြောသည်။
ဂျာမနီနိုင်ငံအခြေစိုက် Rocket Internet Group သည် Daraz ကုမ္ပဏီကို ၂၀၁၂ က စတင်တည်ထောင်ခဲ့ပြီး မြန်မာ အပါအဝင် ပါကစ္စတန်၊ ဘင်္ဂလား ဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါ စသည့် နိုင်ငံတို့၌ e-Commerce ဈေးကွက် လုပ်ကိုင်ခဲ့သည်။
မြန်မာနိုင်ငံ၌ ဝန်ဆောင်မှု ပေးအပ်နေသည့် Shop.com.mm ကိုမူ တည်ထောင်ပြီး ငါးနှစ် ကျော်အကြာတွင် အလီဘာဘာ ထံ ပြန်လည်ရောင်းချခဲ့သည်။ ယင်းကုမ္ပဏီနှစ်ခုသည် e- Commerce ဝက်ဘ်ဆိုက်တစ်ခု အရောင်းအဝယ်ပြုလုပ်ခဲ့သော်လည်း ငွေကြေးကိစ္စရပ်ကို ထုတ်ပြန်ခြင်းမရှိပေ။
Credit: 7Daydaily