ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
စတော့ရှယ်ယာ ဈေးကွက်တွင် စိတ်ဝင်စားသူ နည်းပါးနေတည့်အတွက် ရန်ကုန်စတော့အိတ်ချိန်း၏ ရှယ်ယာ အရောင်းအဝယ်များမှာ ကျဆင်းနေကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရန်ကုန်စတော့အိတ်ချိန်း၌ ဖြစ်ပေါ်ခဲ့သည့် ရှယ်ယာအရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ ကျပ် (၉၅၄)သန်းသာ ရှိခဲ့ပြီး သြဂုတ်လတွင် ဖြစ်ပေါ်ခဲ့သော ရှယ်ယာအရောင်းအဝယ်ဖြစ်မှု အခြေအနေနှင့် နှိုင်းယှဉ်ကြည့်ပါက ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လတွင် ရှယ်ယာအရောင်းအဝယ်ဖြစ်ခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ (၆၆၆)သန်းသာ ရှိခဲ့သည့်အတွက် ရန်ကုန်စတော့အိတ်ချိန်း သက်တမ်းတစ်လျှောက် ရှယ်ယာအရောင်းအဝယ်ဖြစ်မှု အနိမ့်ဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းကော်မရှင်၏ မှတ်တမ်းများအရ သိရသည်။ ရန်ကုန်စတော့အိတ်ချိန်း အနေဖြင့် ရှယ်ယာအရောင်းအဝယ်ဖြစ်မှု တိုးပွားလာစေရန် ကြိုးပမ်းလျက်ရှိသော်လည်း စိတ်ဝင်စားသူ နည်းပါးခြင်းနှင့် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းနေခြင်းသည် အရေးကြီးသည့်အချက်များဖြစ်ကြောင်း သိရသည်။
စတော့ရှယ်ယာ ဈေးကွက်အတွင်း ပြီးခဲ့သည့် သြဂုတ်လက ရရှိခဲ့သည့် ရှယ်ယာအရောင်းအဝယ် ပမာဏမှာ ကျပ် (၁.၅)ဘီလီယံ ရှိခဲ့ပြီး စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက ရန်ကုန်စတော့အိတ်ချိန်း၏ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မှုမှာ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
Credit: Shwesathtagan