ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အိမ်ရာမဲ ပေါက်မှု နှစ်ကြိမ်ရှိသည့်တိုင် လာရောက်ဆက်သွယ်ဝယ်ယူခြင်းမရှိသူများကို ထပ်မံလျှောက်ထားခွင့် ပြုတော့မည်မဟုတ် ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီမှသိရသည်။
လက်ရှိတွင် အိမ်ရာမဲပေါက်ထားသူ ၇ဝဝ ကျော်အနက် မဆက်သွယ်သူ ၁၄ဝ ဝန်းကျင်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
'' ကျွန်တော်တို့ အိမ်ရာမဲပေါက်ပြီး တစ်လအတွင်း ဆက်သွယ်ဖို့ အချိန်ပေးထားပါတယ်။ ဒါပေမဲ့ ဆက်သွယ်လာခြင်း မရှိသူ ၁၄ဝ ဝန်းကျင်လောက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို အိမ်ရာလျှောက်ထားခွင့် အခွင့်အရေး နှစ်ကြိမ်ပေးထား ပါတယ်။ နှစ်ကြိမ်စလုံး အဲ့ဒီလိုမဆက်သွယ်ဘူးဆိုရင် နောက်ထပ်လျှောက်ထားခွင့် ရမှာမဟုတ်တော့ပါဘူး''ဟု ၎င်းကပြောသည်။
ထိုသို့ မဲပေါက်ပြီးနောက် ဆက်သွယ် မလာခြင်း၊ ငွေမသွင်းခြင်း စသည့်သူများ ကြောင့် လိုအပ်သည့်အချိန်ထပ်ပိုမိုစောင့်ဆိုင်းရသည့်အခြေအနေများရှိသဖြင့် မဲ ပေါက်ပြီး ငွေသွင်းနေသူများ အိမ်ရာနေထိုင်ခွင့်ပြုရန် အနည်းငယ် ကြန့်ကြာနေ ကြောင်း ဦးညီညီက ပြောသည်။
''အဲဒီလိုကြန့်ကြာနေပေမယ့် နေထိုင်ခွင့်ကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ ကျွန်တော် တို့အစည်းအဝေးမှာ တင်ပြထားပါတယ်။ နေထိုင်ခွင့်ပြုမယ့်အပိုင်းတွေကို အိုးအိမ် က တိုက်ရိုက်ကိုင်တာဖြစ်ပါတယ်။ ကျွန်တော် ထင်တယ် နေထိုင်ခွင့်က သိပ်မကြာနိုင်တော့ ပါဘူး''ဟု ၎င်းက ဆက်လက်ပြောသည်။ ယခုအခါ မဲနှိုက်ပြီး အချိန်နှစ်လ ကျော်ကြာမြင့်လာပြီဖြစ်သည့်တိုင် အိမ်ရာ နေထိုင်ခွင့် မရရှိသေးပေ။
Credit: Yangon Media Group