ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ရိုးမဘဏ်နှင့် MC Easy Microfinance ကုမ္ပဏီလီမိတက် တို့ ပူးပေါင်း၍ တိုင်းနှင့်ပြည်နယ် ခြောက်ခုရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများသို့ ချေးငွေ ပေးရန် ကျပ်လေးဘီလီယံတန်ဖိုး ရှိ ငွေကြေးသဘောတူညီမှုနှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရိုးမဘဏ်က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။
ယင်း အဖွဲ့အစည်းနှစ်ခုသည် နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်း၊ မကွေး၊ မွန်နှင့် ကရင် ပြည်နယ်တို့ရှိ အသေးစားနှင့်အလတ်စား လုပ်ငန်းသုံးသောင်းခန့် ကို လုပ်ငန်းတိုးချဲ့နိုင်စေရန် ချေးငွေပေးမည်ဖြစ်သည်။
ယင်းသဘောတူညီချက်ကို စက်တင်ဘာနှင့် အောက်တိုဘာ တွင် လက်မှတ်ရေးထိုးခဲ့သည်။
‘‘ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံးငွေ ကြေးသဘောတူညီမှုတွေ လုပ်ဆောင်ခဲ့တဲ့ ရိုးမဘဏ်ရဲ့ ၁၀ ခု မြောက် အသေးစားငွေချေးလုပ်ငန်းအဖွဲ့အစည်းတစ်ခုအဖြစ် ပါဝင်လာတဲ့ Easy Microfinance နဲ့ ပူးပေါင်းမှုဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် ထင်ဟပ်စေမှာဖြစ်ပါတယ်’’ ဟု ရိုးမဘဏ်ဥက္ကဋ္ဌနှင့် CEO တို့၏ အထူးအကြံပေး Hal Bosher က ပြောသည်။
လက်ရှိတွင် Easy Microfinance သည် ၎င်းတို့ဝန်ဆောင်မှု ပေးနေသည့် တိုင်းနှင့်ပြည်နယ် ခြောက်ခု၌ ရုံးခွဲ ၁၂ ခု ဖွင့်လှစ်ထားပြီး အသင်းသား ၇၀,၀၀၀ ကို ချေးငွေဝန်ဆောင်မှု ပေးနေ သည်။
Easy Microfinance သည် ချေးငွေထုတ်ပေးရာ၌ တစ်ဦးအ ပေါ်တစ်ဦး အပြန်အလှန်အာမခံ ရန်လိုအပ်သည့် ကျပ် ၁၀ သိန်းအထိ လိုအပ်ချက်ရှိသည့် စီးပွားရေး လုပ်ငန်းငယ်များကို အဓိကထား သည့် အဖွဲ့လိုက်ချေးငွေနှင့် ကျပ် သိန်း ၁၀၀ အထိ လိုအပ်ချက်ရှိ သည့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များကို အဓိကထားသည့် တစ်ဦးချင်းချေးငွေဟူ၍ သတ် မှတ်ကာ ဝန်ဆောင်မှုပေးနေ သည်။
‘‘ရိုးမဘဏ်နဲ့အတူ ပူးပေါင်း ဆောင်ရွက်ခွင့်ရခြင်းဟာ Easy Microfinance ရဲ့လုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်နိုင်မှာပါ။ ဒါ့အပြင် အသေးစားလုပ်ငန်းရှင်တွေ ရဲ့ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် လာစေဖို့၊ အဓိကလိုအပ်ချက်ဖြစ် တဲ့ ချေးငွေဝန်ဆောင်မှုတွေကို ပိုမိုများပြားတဲ့ အသင်းသားတွေ ကို ပေးအပ်နိုင်မှာပါ’’ ဟု Easy Microfinance မန်နေဂျင်းဒါ ရိုက်တာ Frank Snieders က ပြောသည်။
Credit: 7Daydaily