ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေးနှင့် လာမည့်နှစ် (၂၀) အတွင်း ရင်းနှီးမြှုပ်နှံ မှုပမာဏ အမေရိကန်ဒေါ်လာ ဘီလျံနှစ်ရာကျော် ရရှိစေရန် မျှော်မှန်း ရေးဆွဲထားသည့် မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းစာအုပ် ယခုလအတွင်း ထွက်ရှိခဲ့သည်။
အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဂျပန်အပြည်ပြည် ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်း၍ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ရင်းနှီး မြှုပ်နှံမှု ရည်မှန်းချက်များအား မဟာဗျူဟာများချမှတ်ကာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ယင်းစီမံကိန်းသည် နိုင်ငံတော်အတွက်သာမက ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ အတွက် များစွာ အကျိုးရှိနိုင်မည်ဖြစ်ပြီး စီမံကိန်းအောင်မြင်စေရေးအတွက် သက်ဆိုင်သူများ အားလုံး ပူးပေါင်း ဆောင်ရွက်လိုကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
အဆိုပါစီမံကိန်းစာအုပ်ကို အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး နေပြည်တော်တွင် အောက်တိုဘာလ ၈ရက်နေ့ကလည်းကောင်း၊ မန္တလေးတွင် အောက်တိုဘာလ ၁၀ရက်နေ့ ကလည်းကောင်း မိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။
Credit: Myanmar Times