ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက်ထိန်းရန်အစိုးရက တင်းကြပ်မှုများပြုလုပ်နေစေကာမူ ဈေးနှုန်းများ ဆက်လက်မြင့်တက်ဦးမည်ဟု မော်ဂန်စတန်လေဘဏ်ကြီးက ခန့်မှန်းလိုက်သည်။
အိမ်ခြံမြေကဏ္ဍ တင်းကြပ်မှုများ၊ အတိုးနှုန်းပိုမိုမြှင့်တင်မှုများ ပြုလုပ်ကိုင်တွယ်လာစေကာမူ ဝင်ငွေမြင့်တက်နှုန်း ပိုမိုလျင်မြန်လျက်ရှိခြင်းကြောင့် လာမည့် ၂၀၁၉ နှစ်ကုန်တွင် စင်္ကာပူ၏ အိမ်ဈေးနှုန်းများမှာ ၁၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ဖွယ်ရှိပြီး ၂၀၃၀ ပြည့်နှစ်သို့ရောက်လျှင် ယင်းထက် နှစ်ဆပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း မော်ဂန်စတန်လေက ဟောကိန်းထုတ်သည်။
စီးပွားရေးတိုးတက်မှုနှုန်း ပိုမိုမြန်ဆန်လာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်တစ်ခုအဖြစ် စွဲဆောင်မှုရှိခြင်းနှင့် from en-bloc redevelopments တို့ထံမှ ဝယ်လက်တို့၏ ဝယ်လိုအားတို့ကြောင့် အိမ်ခြံမြေဈေးကွက်ကောင်းနေမည်ဟု ခန့်မှန်းခြင်း ဖြစ်သည်။
“ယေဘုယျသုံးသပ်ချက်အမြင်တွေနဲ့တော့ ဆန့်ကျင်နေပါတယ်။ ကျွန်တော်တို့ ယူဆတာက ရောင်းလိုအားနဲ့ ဝယ်လိုအားတွေ ဆက်ပြီးအားကောင်းနေမယ်၊ အိမ်ခြံမြေဈေးကွက်ထဲကို အရင်းအနှီးတွေ လှိမ့်ဝင်လာမယ်လို့ ခန့်မှန်းပါတယ်”ဟု မစ္စတာ ဝီလ်ဆင်င နှင့် သူ၏အဖွဲ့က ပြောကြားသည်။
“အိမ်ခြံမြေရောင်းလိုအား ဖြည့်တင်းမှုပမာဏဟာ သမိုင်းကြောင်းတစ်လျှောက် ပျှမ်းမျှနှုန်းအောက်နည်းပါးနေပြီး ဆက်လက်ကျဆင်းနေဖို့လည်းရှိပါတယ်”
စင်္ကာပူအစိုးရက ထုတ်ပြန်ရာတွင် အိမ်ခြံမြေကဏ္ဍကို တင်းကြပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဈေးနှုန်းများ တည်ငြိမ်စေရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
အိမ်ခြံမြေကဏ္ဍ အတက်အကျအခြေအနေအပေါ်မူတည်ပြီး စင်္ကာပူအစိုးရက မူဝါဒပြောင်းလဲမှုများ ပြုလုပ်ဖွယ်ရှိသည်ဟု မော်ဂန်စတန်လေက ခန့်မှန်းထားသည်။
အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလာပါက အစိုးရကအနေဖြင့် စည်းမျဉ်းဖြေလျော့မှုများ လုပ်ဆောင်လာဖွယ်ရှိကြောင်းလည်း သုတေသီတို့က သုံးသပ်သည်။
စင်္ကာပူ အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အကြား ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာ အစိုးရက မူဝါဒတင်းကြပ်မှုများ ၈ ကြိမ်အထိ ပြုလုပ်ခဲ့ပြီးလည်း ဖြစ်သည်။
၂၀၁၇ ခုနှစ်အတွင်း ရောင်းချသူအတွက် တံဆိပ်ခေါင်းခွန် ဖြေလျှော့ပေးမှုအချို့ ပြုလုပ်ခဲ့သော်လည်း ၂၀၁၈ တွင် ပြန်လည်တင်းကြပ်မှုများ ပြုလုပ်ခဲ့သည်။
စင်္ကာပူသည် ကမ္ဘာလုံးဆိုင်ရာ အချက်အခြာနေရာတစ်ခုအဖြစ် စွဲဆောင်မှုရှိနေခြင်းက အိမ်ခြံမြေကဏ္ဍသို့ အရင်းအနှီးများ စီးဝင်လာရန် ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း မော်ဂန်စတန်လေဘဏ်မှ သုတေသီတို့က သုံးသပ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)