ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ကမ္ဘောဇဘဏ်၏ မိုဘိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု စနစ်တွင် အသုံးပြုသူများ အချက်အလက်ကို ကာကွယ်ရန် လုံခြုံရေးအစီအမံများ တိုးမြှင့်ထား ကြောင်း ကမ္ဘောဇဘဏ်၏ ဒုတိယအလုပ်အမှုဆောင် အရာရှိချုပ် ဦးအောင်ကျော်မျိုးက ပြောသည်။
တိုးမြှင့်ထားသည့် ကမ္ဘောဇဘဏ်၏ မိုဘိုင်းအသုံးပြု ဘဏ်လုပ်ငန်းဝန်ဆောင်မှု လုံခြုံရေးအစီအမံတွင် လက်ဗွေရာ အသုံးချ ကိုယ်ပိုင် အမှတ်လက္ခဏာ မှတ်သားခြင်းစနစ်(Biometric System)နှင့် လျှို့ဝှက်ကုတ်ကို အလိုအလျောက် ဖြည့်ပေးနိုင်သော (Auto OTP, One-Time-Password) စနစ်တို့ ပါဝင်သည်။
" အခုဆိုရင် လုပ်ဆောင်ချက်အသစ်တွေ ထည့်သွင်းပေးထားတဲ့အတွက် ပုံမှန်ဘဏ်လုပ်ငန်း ကိစ္စတွေကို အရင်ထက်လုံခြုံစွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ် "ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအထွေထွေမန်နေဂျာတစ်ဦးဖြစ်သူ(Auto OTP, One-Time-Password) က ပြောသည်။
လက်ဗွေရာအသုံးချ ကိုယ်ပိုင်အမှတ် လက္ခဏာ မှတ်သားနိုင်ခြင်းစနစ်(Biometric system) မှာ အသုံးပြုသူ၏ ကိုယ်ပိုင်လက္ခဏာကို မှတ်သားထားနိုင်သော အားသာချက်ရှိသဖြင့် မိမိလက်ဗွေကို အသုံးပြုပြီး မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေလွှဲခြင်း၊ ငွေပေးချေခြင်း စသည့် ဘဏ်လုပ်ငန်း လုပ်ဆောင်ချက်များကို အတည်ပြု လုပ်ဆောင်နိုင်မည်ဖြစ်သည်။
အလိုအလျောက် ကုတ်နံပါတ် ဖြည့်စွက်စနစ် (Auto OTP) စနစ်မှာ ကမ္ဘောဇဘဏ်၏ အင်တာနက်ဆာဗာမှ တစ်ဆင့် အသုံးပြုသူ၏ မိုဘိုင်းဖုန်းနံပါတ်ဖြင့် ချိတ်ဆက်ထားပြီး ကုတ်နံပါတ်ကို အသုံးပြုသူ၏ ဖုန်းသို့ တိုက်ရိုက်ပေးပို့သည့်စနစ်ဖြစ်သည်။
Android Version 6.0 နှင့်အထက် မိုဘိုင်းဖုန်းများတွင် ၎င်းစနစ်ကို ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။
ကိုယ်ပိုင်အမှတ်လက္ခဏာဖြင့် ဝင်ရောက်ခြင်းစနစ် ဝန်ဆောင်မှုကို လုံခြုံရေးအရ အကောင့်တစ်ခုတွင် ဖုန်းတစ်လုံးသာ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။
လက်ရှိတွင် လုပ်ဆောင်ချက်အသစ် ဖြစ်သည့် Auto OTP ဝန်ဆောင်မှုကို အသုံးမပြုနိုင်သေးပေ။
OTPတစ်ခါသုံးလျှို့ဝှက်နံပါတ်ဆိုသည်မှာမိုဘိုင်းဖုန်းအက်ပလီကေးရှင်းမှတစ်ဆင့် ငွေသားလွှဲပြောင်းရယူမှုများ ဆောင်ရွက်ရာတွင် အတည်ပြုချက်ပေးရန် ရိုက်ထည့်ရသော ဂဏန်းခြောက်လုံး ပါဝင်သည့် လုံခြုံရေးကုတ်နံပါတ် ဖြစ်နံပါတ် ဖြစ်သည်။
Credit: The Myanmar Times