ရန်ကုန်မြို့သစ် လုပ်ဖြစ်စေချင်

ရန်ကုန်မြို့သစ် လုပ်ဖြစ်စေချင် - Property News in Myanmar from iMyanmarHouse.com
10 Oct 2018 1:06 pm တွင် တင်ခဲ့သည်
1715 ကြိမ် ကြည့်ရှု့ပြီး

ပဲကြီးဟင်းဆိုတာက အရည်သောက်လေးကို ဆူးပုပ်ရွက်လေးခပ်ပြီး သောက်စမ်းလေးစားလိုက်ရ လျှင် စိမ့်မွှေးလိုက်သည့်ဖြစ်ခြင်း ထမင်းမြိန်စေသော ဟင်းလျာတစ်မျိုးပဲ ဖြစ်သည်။ မြေအိုးမှာ ခရမ်းချဉ်သီးလေးစိတ်ခွဲ၊ ကြက်သွန်နီ လေးစိတ်ခွဲနှင့် အလုံးမပျက် ရေခမ်းလေးနှပ်ပြီး သရက်ချဉ်သုပ်လေးနှင့် လွေးလိုက်ရလျှင်လည်း ရွှေနံကား လောက်တဲ့ ဟင်းလျာလေးပါ။ ဒါပေမယ့် ကိုယ့်ဝမ်းနဲ့နှိုင်းချင့် ပြီးတော့ စားသင့်မှစားရမည်။ ကိုယ့်ဖင်အကြောင်း ကိုယ်သိ ရင်တော့ စားသင့်မစားသင့် ကိုယ်ဟာကိုယ်ချင့်ရမည်။ ဖင် မနိုင်ဘဲ ပဲကြီးဟင်းစားလျှင်တော့ လူရုပ်မပီအောင်ဖြစ်သွား မည်။

စိုးရိမ်စိတ်တို့နှင့် ဝေဖန်ထောက်ပြကြသည့် ရန်ကုန် မြို့သစ်စီမံကိန်း ဘာလဲ ဘယ်လဲ ဆိုရမလိုဖြစ်နေသည်။ ရှုမြင် သုံးသပ်မှုတို့သည် ၎င်းရန်ကုန်မြို့သစ်စီမံကိန်းကို အကောင် အထည်ဖော်ရာတွင် အားပေးခြင်းထက် အားမပေးခြင်းက ပိုမိုများပြားနေပါသည်။ ယခင်အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြသည့် စီမံကိန်းတစ်ခု ဖြစ်သည်။ ထိုအချိန်ကလည်း ၎င်းစီမံကိန်းကို ရန်ကုန်တိုင်းလွှတ်တော်က ကန့်ကွက်ခဲ့ကြသည်။ ယခု အင်န်အယ်လ်ဒီ အစိုးရလက်ထက်တွင်လည်း ရန်ကုန်တိုင်းလွှတ်တော်က ဆက်လက်ကန့်ကွက်နေခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ကန့်ကွက်မှုတွေကြား ကပင် ရန်ကုန်တိုင်းအစိုးရက အကောင်အထည်ဖော်ဖို့ ရန်ကုန် မြို့သစ်ဖွံ့ဖြိုးရေးကုမ်္ပဏီလီမိတက် (NYDC) ကို ဖွဲ့စည်းတည် ထောင်ခဲ့သည်။ ၎င်းင်းရန်ကုန်တိုင်းအစိုးရဖွဲ့စည်းသော ကုမ္ပဏီ က တရုတ်နိုင်ငံ ဟောင်ကောင်အခြေစိုက (CCCC)နှင့် လက်တွဲ သည်။

ထို့နောက် ရန်ကုန်မြို့သစ်စီမံကိန်း Urban Master Plan ကိုလည်း ရေးဆွဲရန်အတွက် ဇူလိုင်လအတွင်း EOI ခေါ်ယူခဲ့ရာ အဖွဲ့အစည်း (၁၄)ခုက EOI တင်သွင်းခဲ့ကြသည်။ ထိုအဖွဲ့များထဲကမှ အရည်အချင်းနှင့် အတွေ့အကြုံပေါ်မူတည် ပြီး AECOM Singapore ကို ရွေးချယ်ခဲ့သည်ဟု သိရသည်။

အင်န်အယ်လ်ဒီအစိုးရလက်ထက် ၎င်းရန်ကုန်မြို့သစ် စီမံကိန်း ကို ရန်ကုန်တိုင်းလွှတ်တော်တွင် အကြိမ်ကြိမ်တင်သွင်း သော် လည်း လွှတ်တော်က ကန့်ကွက်ခဲ့သည်။ ပြည်ထောင်စု အစိုးရကပါ ကိုင်တွယ်ရမည့် ထိုစီမံကိန်းကို တိုင်းအစိုးရအဆင့် နှင့်ပင် ဖော်ဆောင်ဖို့ကြိုးစားနေကြသည်။ လွှတ်တော်ကပါ ကန့်ကွက်ပါလျက်နှင့် ထိုစီမံကိန်းကိုဖော်ဆောင်နေခြင်းသည် မည်သည့်ရည်ရွယ်ချက်ကြောင့်ဖြစ်သနည်း။

ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုဖြင့် တက်လာ သော အစိုးရအနေနှင့် မိမိတို့တာဝန်ယူစဉ်ကာလအတွင်း ပြည်သူကိုလုပ်ပြချင်သည့်စိတ်ကြောင့်ပဲ ငွေကြေးမြောက်မြားစွာ ကုန်ကျမည့် ထိုစီမံကိန်းကို ကန့်ကွက်မှုတွေကြားက ဖော် ဆောင်ဖို့ကြိုးစားနေကြခြင်းပေလားဟု ဖာထေးသည့်အတွေး နှင့် တွေးမိသည်။

ပြည်ထောင်စုအစိုးရက တိုင်းဒေသကြီးနှင့် ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်ချပေးသည့် ရန်ပုံငွေမှ အချိုးကျ ရရှိသည့်ငွေဖြင့် မတည်ရသည့်အနေအထားဖြစ်သည်။ ပဲကြီး ဟင်းကတော့ ကောင်းနေသည်။

မိမိရင်းနှီးငွေနည်းနည်းနှင့် ကြီးမားသောလုပ်ငန်းကြီး များကိုဖော်ဆောင်ဖို့ ကြိုးစားကြရာတွင် လိုအပ်သောငွေကြေး အတွက် ချေးငွေယူကြရသည်။ မိမိလုပ်ငန်းအောင်မြင်သည်၊ မအောင်မြင်သည်က နောက်ရောက်ရားဖြစ်နေသည်။

လက်ရှိရန်ကုန်မြို့ဟောင်းကြီး၏ဖြစ်စဉ်ကို ကြည့်မြင် မိသည်။ နှစ်စဉ်ဘယ်ဌာနကို ဘတ်ဂျက်ဘယ်လောက်ချပေး သည်ကို မဆိုလိုပါ။ ယခင်က မိမိမြင်တွေ့နေရသည့် နှစ်စဉ် ရန်ကုန်မြို့ကြီး၏ လမ်းတံတားပြုပြင်မှုတို့၏ မြင်ကွင်းအခြေ အနေကိုပြန်တွေးမိသည်။

လူသွားလမ်း ပလက်ဖောင်းတို့ကို နှစ်စဉ်ဖျက်လိုက် ပြင်လိုက် ပြန်ဖုံးလိုက်လုပ်သည်။ ကျဉ်းနေသောရေမြောင်းတို့ ချဲ့သည်။ နောက်နှစ်ထပ်ချဲ့သည်။ နောက်နှစ်လည်း ပြန်လှန်၊ ပြန်ဖျက်၊ ပြန်ချဲ့လုပ်ကြသည်။ ထိုကိစ်္စတို့အတွက် ကုန်ကျသည့် ငွေကြေးသည် ပဒေသာပင်ကရတာမဟုတ်၊ ငွေတွင်းထဲက နှိုက်ထုတ်ပြီး လိုသလိုသုံးနေရတာမဟုတ်ပေ။ နိုင်ငံသားတို့၏ အခွန်အခများမှ ၎င်းင်းနိုင်ငံတော်၏ နည်းပါးလှသော ဘက်ဂျက် တို့မှ ခွဲဝေရရှိသော ငွေကြေးတို့ဖြင့် ပြုပြင်ဆောင်ရွက်နေကြ ရသည်။ ထို့ကြောင့် တစ်ခါတစ်ရံ ပြုပြင်ရန်မလိုသည့်နေရာ များ၊ ကောင်းမွန်သေးသည့်နေရာများ ဘာကြောင့်များဖျက် လိုက် ပြင်လိုက်ပြုနေသည်ကို နားမလည်အောင်ဖြစ်ရသည်။ နှစ်စဉ်ရရှိသည့် ဘက်ဂျက်ကို အသုံးပြုနိုင်ဖို့ လုပ်ငန်းပြနိုင် ဖို့များ လုပ်ပြကြလေသည်လား။ ဌာနတိုင်း ထိုနည်းနှယ်ဆို လျှင်ဖြင့် နှစ်စဉ်လေလွင့်ဆုံးရှုံးသွားသည့် ငွေကြေးတို့ကို ချင့် တွက်ကြည့်နိုင်သည်။

အချို့သော နိုင်ငံတော်၏စီမံကိန်းတို့သည် နိုင်ငံတကာက သက်ဆိုင်ရာကဏ္ဍအလိုက် ချေးငွေတို့ရရှိကြရာ ထိုငွေကြေးတို့ ပြန်လည်ပေးဆပ်ရန် တာဝန်တို့ရှိသည်။ ထို သည့်အကြွေးတို့သည် မအောင်မြင်သော စီမံကိန်းများ၊ စီမံကိန်းတို့ကို အကြောင်းပြု၍ အလွဲသုံးစားမှုများကြောင်း၊ နိုင်ငံမျက်နှာမွဲဖြစ်နေသည်။ ပြန်မဆပ်နိုင်သော အကြွေးတို့ကြောင့် လည်း နိုင်ငံသားတိုင်း တစ်ဦးစီတွင် အကြွေးမည်မျှတင်နေပြီ ဟု သတင်းစာဂျာနယ်နှင့် လူမှုကွန်ယက်တို့တွင် တွက်ပြကြ သည်။ ကာတွန်းတို့နှင့် လှောင်ပြောင်ကြသည်။

ယခု ရန်ကုန်မြို့သစ်စီမံကိန်းသည် ယခုလက်ရှိ လူ ဦးရေ၊ နောက်နောင်များပြားလာမည့် လူဦးရေနှင့် စီပွားရေး လုပ်ငန်းများကြောင့် လိုအပ်လာမည်က အမှန်ဖြစ်သည်။ လို အပ်လာမည့် ရန်ကုန်မြို့သစ်အတွက် ယခုအချိန်ကစပြီး အကောင်းမွန်ဆုံး ပုံဖော်ထားနိုင်လျှသ်လည်း ကောင်းပါသည်။ သမာသမတ်ရှိမှု၊ လာဘ်လာဘကင်းမှု၊ အဂတိတရားကင်းမှု တို့၏ ပြယုဂ်မြို့တော်အဖြစ် ဒီမိုကရေစီအစိုးရသစ်က ဖော်ဆောင် နိုင်ခဲ့လျှင် ကောင်းလှပေသည်။

ရန်ကုန်မြို့သစ်ကြီး ဖော်ဆောင်လျှင် ကြွေးတင်ကျွန် ဖြစ်မှာ စိုးရိမ်ကြသည်။ ယခင်ကလည်း ဟုတ်တိပတ်တိ ဘာမှ မဖော်ဆောင်ဘဲ ကြွေးတွေတင်ခဲ့ကြသည်။ အောင်မြင်ကြီးမား လှသည့် စက်မှုဇုန်များ မည်မျှဖြစ်ထွန်းခဲ့ကြသနည်း။ ဒီအစိုးရ လက်ထက်ကြမှ ဘာလုပ်ရင် ဘာတွေဖြစ်ကုန်လိမ့်မည်၊ ညာ တွေဖြစ်ကုန်လိမ့်မည်ဆိုသော ခြောက်လုံး လှန့်လုံးတွေနှင့် ကန့်ကွက်နေကြသည်။ ဘာမှမလုပ်ရသေးဘဲ ဒူးထောက် လက်မြှောက်နေလို့ မဖြစ်ပေ။ လုပ်ကိုလုပ်ကြမည်။ မဖြစ်မနေလုပ်မည်။ အောင်မြင် အောင်လုပ်မည်ဟု ရည်မှန်းထားလျှင်တော့ ဖြစ်အောင်လုပ်ကြ ဖို့ပဲလိုသည်။ အသိပညာရှင် အတတ်ပညာရှင်တို့ ၀ိုင်းရံရပါ မည်။

ထိုမြို့သစ်ကြီးအတွက် သီးခြားဥပဒေတွေ အခွင့် အလမ်းတွေ၊ အခွင့်အရေးတွေ ပေးရမည်။ စည်းကမ်းတွေချမှတ် ရမည်။ ကွပ်ကဲမှုကောင်းကောင်းပေးရမည်။ စည်းကမ်းကျန မှု စံနမှုနာဖြစ်အောင်လုပ်ရမည်။ အခြားသော အောင်မြင်ပြီး နိုင်ငံတို့၏နောက်က လိုက်လံတုပပြီး မြို့ပြတွေ၊ စီမံကိန်းတွေ ဖော်ဆောင်ရာတွင် မအောင်မြင်ဘူးဆိုပါလျှင် ဤနိုင်ငံအတော် ကို ညံ့သည်ဟု ပြောရပါမည်။ အစိုးရတစ်ရပ်အနေနှင့် သူ တစ်ပါးနိုင်ငံကဲ့သို့သော တိုးတက်သော လုပ်ငန်းဆောင်တာ တို့ကို လိုက်လံပုံဖော်သည့်အခါ ခက်ရာခက်ဆစ် စဉ်းစားနေ စရာသိပ်မလိုပေ။ ကောင်းမွန်သော တုပမှုကို ယူကြရပါမည်။ ထိုအောင်မြင်သူတို့အတိုင်း မဖြစ်မနေလိုက်လုပ်ရပါမည်။

ယခင် တိုးချဲ့မြို့သစ်တွေနှင့် စက်မှုဇုန်တို့ ဖော် ဆောင်ခဲ့ကြသည်။ လက်လုပ်လက်စားများပြားသော ဆင်းရဲ သားအများစုများသည် ထိုလုပ်ငန်းရပ်တို့အနီး မှီခိုပြီး အရောင်း အ၀ယ်ဈေးဆိုင်လေးများ လမ်းဘေးတွင်လည်းကောင်း၊ အလုပ် သမားစု အများအပြားရှိရာ လုပ်ငန်းအဆောက်အအုံတို့အနီး တွင် မှီခိုကပ်ရပ်ပြီး ဈေးရောင်းကြသည်။ အစတွင် တစ်ခု နှစ်ခု၊ တစ်ဆိုင်နှစ်ဆိုင် နောက်ပိုင်းတွင် လွတ်သောနေရာ တိုင်းနှင့် ကားလမ်းဘေး ရေအိုင်ထဲထိ တိုင်ရိုက်ပြီး အဆောက် အအုံဆောက်နေသည်အထိ ကျူးကျော်မှု တစ်စတစ်စ များပြား လာတော့သည်။ ထိုအခါ ကုန်ထုတ်လုပ်မှုတွင် သန့်ရှင်းသပ်ရပ် လှပသော ပတ်ဝန်းကျင်ကောင်းသည် မရှိသလောက်ဖြစ်လာ သည်။ နိုင်ငံတကာ လာရောက်လေ့လာလျှင် မြင်ကွင်းမကောင်း သည့် အခြေအနေကို ပြသရာရောက်ပြီး ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရသလို ဖြစ်နေသည်။ ဒါတွေကိုလည်း ရန်ကုန် မြို့သစ်ကြီးထံ ကူးစက်မလာအောင်တားမြစ်ရမည်။ နိုင်ငံတကာ က လုပ်ငန်းစုံတွေ လာရောက်ရင်းနှီးမြှုပ်နှံချင်အောင် မြို့ပြသစ် ကို စီစဉ်ထားကြရပါမည်။ အလုပ်လက်မဲ့နှင့် ကျူးကျော်ပြဿနာ ကို ဖြေရှင်းရင်း ထပ်ကျူးကျော်ခံရသည့်အဖြစ်မျိုးနှင့် အရုပ် ဆိုးမှုမဖြစ်အောင် လုပ်ရပါမည်။ အကောင်းဆုံးကတော့ မည် သည့် အဖွဲ့အစည်း၊ မည်သည့်ပါတီ၊ အဘယ်မည်သော အစိုးရ ဖြစ်ဖြစ် နိုင်ငံနှင့် နိုင်ငံသားတို့အတွက်ဆိုသော စိတ်ထားတို့ နှင့် အလုပ်လုပ်ကြမှ ဖြစ်ပါမည်။ နိုင်ငံတကာတွင် ပုံရိပ်မကောင်း ခဲ့သော သမိုင်းကြောင်း ခရီးရှည်ကို ဘယ်သူပယ်လှန်ပြီး သမိုင်း သစ်ရေးထိုးနိုင်မလဲဆိုသည်ကို ရန်ကုန် မြို့သစ်စီမံကိန်းနှင့် ဆက်စပ်တွေးမိ၍ ရေးလိုက်ရပါသည်။ ပဲကြီးဟင်းကို ရဲဝံ့စွာ စားနိုင်သော ကိုယ်ဖြစ်ပါစေ။

ဦးအောင်ခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service