ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အခေါက်ရွှေ တစ်ကျပ် သား ၁၀ သိန်းကျော်နှင့် တစ်ဒေါ် လာ ကျပ် ၁,၅၇၀ အထိ ပေါက် ဈေးတက်လာပြီး ပြင်ပငွေလဲ ကောင်တာထက် ဘဏ်များက ဒေါ်လာကို အမြင့်ဆုံးရောင်းဈေး ဖွင့်ထားကြောင်း ပြည်တွင်းငွေ ကြေးဈေးကွက်မှ လုပ်ငန်းရှင်များ က ပြောသည်။
အောက်တိုဘာ ၉ ရက်တွင် ဒေါ်လာဝယ်လိုအား ၃ ဒသမ ၈ သန်းရှိပြီး ဗဟိုဘဏ်က တစ်ဒေါ် လာ ၁,၅၀၅ ကျပ်ဖြင့် ဈေးဖွင့် ကာ ဈေးကွက်အတွင်း ဒေါ်လာတစ်သိန်းခွဲ ထုတ်ရောင်းခဲ့သည်။
ပြင်ပဈေးကွက်တွင် AGD ဘဏ်သည် ဒေါ်လာပြန်ရောင်း ဈေးတွင် တစ်ဒေါ်လာကို ကျပ် ၁,၅၇၀ အထိ အမြင့်ဆုံးဖွင့်ခဲ့ပြီး ဘဏ်မှအဝယ်ဈေးကို ၁,၅၅၅ ကျပ် ဖွင့်ခဲ့ကာ ဈေးကွက်အ တွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ ဒုတိယဈေးအမြင့်ဆုံးဖွင့်သည်မှာ CB ဘဏ်ဖြစ်ပြီး ဘဏ်အရောင်း ဈေးကို တစ်ဒေါ်လာလျှင် ၁,၅၆၅ ကျပ်ဖွင့်ပြီး ဘဏ်အဝယ်ဈေးကို ၁,၅၄၀ ကျပ် ဈေးဖွင့်ခဲ့သည်။
‘‘ဒေါ်လာဈေးကို ဘဏ်တွေ က ဆွဲတင်နေတယ်လို့ မြင်တယ်။ အပြင်မှာ ဈေးက ဒီလောက် မပေါက်ဘူး။ ဘဏ်တွေက ဒေါ် လာဈေးကို အမြင့်ဆုံးကို တင် ထားတယ်’’ဟု ဒေါ်လာဝယ်ယူခဲ့ သူ ဦးဇေယျာမင်းက ပြောသည်။
ရန်ကုန်မြို့ ပြင်ပငွေလဲ ကောင်တာတွင် ဒေါ်လာအမြင့် ဆုံးနှုန်းမှာ ကောင်တာမှ အဝယ်ဈေးသည် ကျပ် ၁,၅၅၀ အမြင့်ဆုံး ဖြစ်ပြီး ကောင်တာမှ ပြန်ရောင်း ဈေး ကျပ် ၁,၅၆၀ သည် အမြင့် ဆုံးဖြစ်သည်။
ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်လာပြီး အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၁,၀၀၁,၀၀၀ အထိ မြင့်တက်ခဲ့သည်။
‘‘ရွှေဈေးတက်တာက ကမ္ဘာ့ ရွှေဈေးကြောင့် မဟုတ်ဘူး။ ဈေး ကွက်ထဲမှာ ပစ္စည်းရှားတာရယ်၊ ဒေါ်လာဈေးတက်တာရယ် ကြောင့်ပါ။ အရင်ကတည်းက တဖြည်းဖြည်းတက်လာတာပါ’’ ဟု တိတ်စိန်ရွှေဆိုင်ရှင် ကိုဇော် အောင်က ပြောသည်။
ရွှေဈေးသည် သီတင်းကျွတ် ကာလတွင် မြင့်တက်လေ့ရှိပြီး နယ်ဘက်မှ ရွှေအဝယ်များတတ် သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦး ဖြစ်သည့် ဦးမင်းမင်းက ပြောသည်။
အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) က ဒေါ်လာဈေး ကစားသူများကို စက်တင်ဘာ ၂၄ ရက်တွင် စတင်စစ်ဆေးပြီး နောက် ပြင်ပငွေကြေးဈေးကွက် ၌ အရောင်းအဝယ်များ ရပ်ဆိုင်း ပြီး ဒေါ်လာတန်ဖိုး ဆက်တိုက်ကျဆင်းခဲ့သည်။
စသုံးလုံး၏ စစ်ဆေးမှုများ မစတင်မီ တစ်ဒေါ်လာလျှင် ကျပ် ၁,၆၃၀ အထိ မြင့်တက်သော် လည်း စစ်ဆေးမှုများ စတင်သည့် စက်တင်ဘာ ၂၄ ရက်နောက်ပိုင်း ဈေးနှုန်းများ ဆက်တိုက်ကျဆင်း ခဲ့ခြင်းဖြစ်သည်။
နှစ်ပတ်အတွင်း တစ်ဒေါ်လာလျှင် ၁၁၅ ကျပ်ဈေးကျဆင်း ပြီး အောက်တိုဘာ ၄ ရက်တွင် ဒေါ်လာဈေး ပြန်လည်မြင့်တက် ခဲ့သည်။
Credit: 7Daydaily