A Star Is Born ဇာတ်ကားတွင် လေဒီဂါဂါနှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သူ ကမ္ဘာကျော်သရုပ်ဆောင်၊ ဒါရိုက်တာ၊ အဆိုတော် ဘရက်ဒလေ ကူးပါးက နယူးယောက်မြို့ ဂရင်းဝစ်ရွာရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူ

A Star Is Born ဇာတ်ကားတွင် လေဒီဂါဂါနှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သူ ကမ္ဘာကျော်သရုပ်ဆောင်၊ ဒါရိုက်တာ၊ အဆိုတော် ဘရက်ဒလေ ကူးပါးက နယူးယောက်မြို့ ဂရင်းဝစ်ရွာရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
9 Oct 2018 11:19 am တွင် တင်ခဲ့သည်
967 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၈ ခုနှစ်အတွင်း ထုတ်လုပ်ထားသည့် A Star Is Born ဇာတ်ကားတွင် လေဒီဂါဂါနှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သူ ကမ္ဘာကျော် သရုပ်ဆောင်၊ ဒါရိုက်တာ၊ အဆိုတော် ဘရက်ဒလေ ကူးပါးသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ဂရင်းဝစ်ရွာရှိ စံအိမ် တစ်လုံးကို ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူလိုက်သည်။

နယူးယောက်မြို့၊ အနောက် ၁၀ လမ်း၊ အမှတ် ၂၂၄ တွင် တည်ရှိသည့် စံအိမ်ကြီးတွင် အိပ်ခန်း ၆ ခန်း၊ ခြံဝန်းအတွင်း စတုရန်းပေ ၁၁၀၀ ရှိ ပန်းဥယျာဉ်တစ်ခုနှင့် စိတ်ကူးယဉ်ဆန်သည့် မွမ်းမံပြင်ဆင်ထားမှုများ များစွာပါဝင်သည်။

နှစ်သက်ဖွယ်ရာ ပြင်ဆင်ထားမှုများအနက် အချို့မှာ ကျယ်ပြောသည့်သစ်သားကြမ်းပြင်များ၊ ၁၂ ခန့်မြင့်မားသည့် မျက်နှာကြက်များနှင့် ပြင်သစ်တံခါးများ ဖြစ်ကြသည်။

ဧည့်ခန်းတွင် အဝေးထိန်းစနစ်ပါဝင်သည့် ဓာတ်ငွေ့သုံးမီးလင်းဖိုတစ်ခု၊ အရက်ဘာားတစ်ခု၊ ကြီးမားသည့်အိမ်တွင်းရုံးခန်းတစ်ခုတို့လည်း ပါဝင်သည်။

ပြင်ပရှုခင်းများကို စီးမိုးတွေ့မြင်ရသည့်လသာဆောင်ကို ပြင်သစ်တံခါးများမှတဆင့် တွေ့မြင်နေရသည်။

စားဖိုမှူးအဆင့်ကိုင်တွယ်နိုင်သည့် မီးဖိုဆောင်တွင် စတီးအသုံးအဆောင်ပစ္စည်းများ ထည့်သွင်းပေးထားပြီး ကပ်လျက်တွင် ကျယ်ပြော သည့် ညစာစားခန်းမတစ်ခု တည်ရှိသည်။

ဘရက်ဒ်လေ ကူးပါးသည် အမေရိကန်သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာတစ်ဦးဖြစ်ပြီး အမည်ရင်းမှာ ဘရက်ဒ်လေ ချားလ်စ် ကူးပါး ဖြစ်ကာ ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် မွေးဖွားသည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ အကျော်အမော်ပုဂ္ဂိုလ် ၁၀၀ ဦးစာရင်းတွင် ၂ ကြိမ်ပါဝင်ခဲ့ပြီး တိုင်းမ်မဂ္ဂဇင်းကြီးက ဖော်ပြသော ၂၀၁၅ ခုနှစ်၊ ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ ဦးစာရင်းတွင်လည်း ပါဝင်ခဲ့သည်။

သူ၏ ရုပ်ရှင်များသည် ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံအထိ ရရှိထားပြီး ကမ္ဘာပေါ်တွင် အနုပညာကြေး အမြင့်မားဆုံး သရုပ်ဆောင်များအနက် တစ်ဦးအပါအဝင်လည်း ဖြစ်သည်။

ဘရက်ဒ်လေကူးပါးသည် ကမ္ဘာကျော်အမျိုးသမီးအများအပြားနှင့် ချစ်ကြိုက်ခဲ့ဖူးရာ နာမည်ကျော်ဘောလုံးကြယ်ပွင့် စီရော်နယ်ဒို၏ ချစ်သူဟောင်း အိုင်ရီနာ ရှက်ခ်နှင့်လည်း ချစ်ကြိုက်ခဲ့ဖူးသည်။

ကူးပါးသည် အိုင်ရီနာရှက်ခ်နှင့် ချစ်ကြိုက်စဉ်ကာလအတွင်း လီဒီစိန်းအမည်ရှိ သမီးတစ်ဦးပင် ထွန်းကားခဲ့သည်။

ယင်းနောက် ယခု ၂၀၁၈ ခုနှစ်အတွင်း ထွက်ရှိထားသည့် A Star Is Born ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ခဲ့သူ လေဒီဂါဂါနှင့်လည်း ချစ်ကြိုးသွယ်ခဲ့သည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်ထားသည်။

ထို့အပြင် ကမ္ဘာကျော်တေးသံရှင် ဂျနီဖာလိုပက်ဇ်သည် ခင်ပွန်းဖြစ်သူ မာ့ခ် အန်သိုနီနှင့် လမ်းခွဲခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဆောင်းတွင်း တွင် ဘရက်ဒ်လေကူးပါးနှင့် တွဲနေသည်ကို တွေ့ရသည်ဟု သတင်းများတွင် ဖော်ပြသည်။နောက်ပိုင်းတွင် ဂျနီဖာ အက်စ်ပိုစီတိုနှင့် လက်ထပ်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

Magical World
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service