ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ပြည်တွင်းငွေကြေးဈေး ကွက်တွင် နှစ်ပတ်ဆက်ကျဆင်း ခဲ့သော ဒေါ်လာတန်ဖိုးပြန်လည် မြင့်တက်ပြီး အောက်တိုဘာ ၈ ရက်တွင် တစ်ဒေါ်လာ ၁,၅၄၅ ကျပ်သို့ ရောက်ရှိလာသည်။ နှစ်ပတ်အတွင်း တစ်ဒေါ် လာလျှင် ၁၁၅ ကျပ်ဈေးကျဆင်း ပြီး အောက်တိုဘာ ၄ ရက်တွင် တစ်ဒေါ်လာ ၁,၅၁၅ ကျပ်သို့ ရောက်ရှိခဲ့သည်။ ဒေါ်လာတန်ဖိုး ကျဆင်းမှုသည် ၀ယ်လိုအားနှင့်ရောင်းလိုအားကြောင့်မဟုတ်ဘဲ ‘အကြောက်တရား’ ကြောင့်ဟုစီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။
တစ်ဒေါ်လာလျှင် ၁,၅၁၅ ကျပ်အထိ ပြန်ကျခဲ့ရာမှ အောက်တိုဘာ ၅ ရက်က စတင်၍ ပြန်လည်မြင့်တက်လာပြီး လေးရက်အကြာတွင် တစ်ဒေါ်လာကျပ် ၃၀ မြင့်တက်လာသည်။ ထို့ကြောင့် အောက်တိုဘာ ၈ ရက်တွင် တစ်ဒေါ်လာ ၁,၅၄၅ ကျပ်ဖြင့် ဈေးပိတ်သည်။
‘‘အရင်ကျတာက ကြောက် လို့ကျတာလေ။ အခုဟာက ၀ယ် လိုအားနဲ့ရောင်းလိုအားပေါ်မူ တည်ပြီး ပြန်တက်လာတာပါ’’ ဟု ဈေးကွက်မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌဦးမြင့်ဇော်က ပြောသည်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)က ဒေါ်လာဈေး ကစားသူများကို စက်တင်ဘာ ၂၄ ရက်တွင် စတင်စစ်ဆေးပြီး နောက် ပြင်ပငွေကြေးဈေးကွက် ၌ အရောင်းအ၀ယ်များရပ်ဆိုင်း ပြီး ဒေါ်လာတန်ဖိုးဆက်တိုက် ကျဆင်းခဲ့သည်။
စသုံးလုံး၏ စစ်ဆေးမှုများ မစတင်မီ တစ်ဒေါ်လာလျှင် ကျပ် ၁,၆၃၀ အထိမြင့်တက်သော် လည်း စစ်ဆေးမှုများစတင်သည့် စက်တင်ဘာ ၂၄ ရက်နောက်ပိုင်းဈေးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်။
Credit: 7Daydaily