ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
မြန်မာနိုင်ငံတွင် မြေ ဈေးကြီးမှုအပါအ၀င် အခက်အခဲသုံးမျိုးရှိနေကြောင်း နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြသည်ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)ဥက္ကဋ္ဌဦးဇော်မင်းဝင်း က ပြောသည်။
မြေဈေးကြီးခြင်းနှင့် ရှားပါး ခြင်း၊ အခြေခံအဆောက်အအုံ မပြည့်စုံသည့်အခြေအနေနှင့်အ လုပ်သမားပြဿနာများ ရှိနေသည်ကိုကုန်သည်၊ စက်မှုအသင်းချုပ်တာဝန်ရှိသူများနှင့် တွေ့ဆုံ သည့် အကြိမ်တိုင်း ပြောကြောင်း ဦးဇော်မင်းဝင်းက ပြောကြားသည်။
‘‘ဒါတွေကို အစိုးရအနေနဲ့ အမြန်ဆုံးသိရှိပြီး ဖြေရှင်းပေးနိုင်အောင် သမ္မတကြီးကို တင်ပြခြင်း ဖြစ်ပါတယ်’’ ဟု အောက်တိုဘာ ၆ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်ရုံးတွင် ပြုလုပ်သောဒုတိယသမ္မတနှင့် စီးပွား ရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲ၌ ဦးဇော်မင်းဝင်းက ပြောကြား သည်။
ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေး ဒုတိယသမ္မတဦးမြင့်ဆွေနှင့် စီး ပွားရေးလုပ်ငန်းရှင်များ တစ်လ တစ်ကြိမ်တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ သည်မှာ အကြိမ် ၂၀ ရှိပြီဖြစ် သည်။ အစိုးရကပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကော်မတီကို ၂၀၁၆ အောက်တိုဘာတွင် စတင်ဖွဲ့စည်းခဲ့ပြီး စီးပွားရေးလုပ် ငန်းရှင်များနှင့် ဒီဇင်ဘာကစတင် တွေ့ဆုံခဲ့ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရန် စီးပွားရေးကဏ္ဍတွင် ကြုံတွေ့နေရသည့် အခက်အခဲ ၂၈၃ ချက်ကို အစိုးရကဖြေရှင်း ပေးခဲ့သည်ဟု ၎င်းကပြောသည်။
ဒုတိယသမ္မတနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များတွေ့ ဆုံရာတွင် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် ရန်ကုန် တိုင်းဝန်ကြီးချုပ်တို့အပါအ၀င် ဌာနဆိုင်ရာမှ အမြဲတမ်းအတွင်း ၀န်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများတက် ရောက်ခဲ့သည်။
ဒုသမ္မတနှင့် တွေ့ဆုံပွဲတက် ရောက်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးစိုးဝင်းကလက် ရှိကျင့်သုံးနေသော အီလက်ထရွန်နစ်ကုမ္ပဏီမှတ်ပုံတင်စနစ်၏ အောင်မြင်မှုအခြေအနေကို ကိန်း ဂဏန်းများနှင့် ရှင်းပြသည်။ အီလက်ထရွန်နစ်ကုမ္ပဏီမှတ်ပုံတင် စနစ်စတင်ပြီး ဩဂုတ်မှ စက်တင်ဘာနှစ်လအတွင်း ကုမ္ပဏီဟောင်း ၄,၆၉၀ ကျော်၊ ကုမ္ပဏီ သစ် ၄,၁၁၀ မှတ်ပုံတင်ပြုလုပ် ပေးနိုင်သည်ဟု ပြောသည်။
ထို့အပြင် ၂၀၁၇ မြန်မာနိုင်ငံကုမ္ပဏီဥပဒေက မြန်မာစီးပွား ရေးကို အပြောင်းအလဲပြုလုပ် ပေးမည့်အခြေခံဥပဒေမူဘောင် တစ်ခုဖြစ်သည်ဟု ၎င်းကဆို သည်။
‘‘ဒီလိုဆွေးနွေးပွဲတွေက ပုဂ္ဂ လိကကဏ္ဍဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်ပါတယ်။ အ ထူးသဖြင့် ရန်ကုန်ရဲ့စီးပွားရေးဖွံ့ ဖြိုးမှုအတွက်လည်း အထောက် အကူဖြစ်ပါတယ်’’ ဟု ဒုတိယ သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ တက်ရောက်သည့်ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်းက ပြောသည်။
ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ စိတ်ဝင်စားနေ သည့် ဓာတ်ဆီ၊ဒီဇယ်ဆီဈေးနှုန်း ကြီးမြင့်မှုနှင့်ပတ်သက်ပြီး သက် ဆိုင်ရာအသင်းအဖွဲ့များက ဖြေ ရှင်းဆောင်ရွက်ရန်ပြင်ဆင်ထား သည်ကို ၀မ်းသာကြောင်း ၎င်းကပြောသည်။
အကြိမ် (၂၀)မြောက်ဒုတိယ သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင် များ တွေ့ဆုံပွဲတွင်ပုဂ္ဂလိကလုပ် ငန်းရှင်များဘက်မှ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့် ဖြူးရေးအသင်း၊ မြန်မာနိုင်ငံသစ် သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင် များအသင်း၊ ဗန်းမော်-လွယ် ဂျယ်နယ်စပ်ကုန်သွယ်ရေးကုန် သည်များအသင်းတို့ စက်မှုကုန် ထုတ်လုပ်ငန်းဆိုင်ရာ ကိစ္စများ တင်ပြခြင်းတို့ကို ဆွေးနွေးခဲ့သည်။
Credit: 7Daydaily