မြန်မာ့ဆေးဝါးလုပ်ငန်း နှင့် NSKRE ကုမ္ပဏီတို့အကြားမြေငှားရမ်းခြင်းသဘောတူစာချုပ် လက်မှတ်ရေးထိုး

မြန်မာ့ဆေးဝါးလုပ်ငန်း နှင့် NSKRE ကုမ္ပဏီတို့အကြားမြေငှားရမ်းခြင်းသဘောတူစာချုပ် လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
8 Oct 2018 10:57 am တွင် တင်ခဲ့သည်
1907 ကြိမ် ကြည့်ရှု့ပြီး

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းပိုင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြေဧက ၁ ဒသမ ၄၈ ဧကပေါ်တွင်B.O.T စနစ်ဖြင့် ၁၂ ထပ် အမြင့်ရှိService Apartment ဆောက်လုပ်ရန် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်းနှင့် NSKRE RESIDENCE (MYANMAR) Co.,Ltd. တို့အကြား မြေငှားရမ်းခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမ၌ ပြုလုပ်သည်။

ခွင့်ပြုချက်ရရှိပြီးဖြစ်

အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက ယခုငှားရမ်းခြင်းစာချုပ်သည် မြန်မာ့ဆေးဝါးလုပ်ငန်းနှင့် NSKRE(Nippon Steel Kowa Real Estate ) Residence (Myanmar) Co., Ltd တို့အကြား ၁၂ ထပ်Service Apartment ကို B.O.T စနစ်ဖြင့် တည်ဆောက်နိုင်ရေးအတွက် မြန်မာ့ ဆေးဝါးလုပ်ငန်းပိုင်မြေကို ကုမ္ပဏီသို့ နှစ်ရှည်ငှားရမ်း ဆောင်ရွက်ရန် ချုပ်ဆိုခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့လုပ်ငန်း များ ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာ ကော်မတီမှခွင့်ပြုချက်ရရှိခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း ခွင့်ပြုချက်ရရှိပြီးဖြစ်ပါကြောင်း။

လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများအနေဖြင့် အဆောက်အအုံ တည်ဆောက်ရာတွင် နိုင်ငံတကာ စံချိန် စံညွှန်းနှင့်အညီ တည်ဆောက်ရန်၊ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရေးအတွက် ချမှတ်ထားသည့် သတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တည်ဆောက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်လုံခြုံဘေးကင်းရေးကို ဦးစားပေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန်၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေ ရန်၊ ကောင်းမွန်သည့် အမှိုက်စွန့်စနစ်တို့ကိုပါ ထည့်သွင်း တည်ဆောက်ရန် အထူးမှာကြားလိုကြောင်း၊ အဆောက် အအုံနှင့် မြေအတွက် အလုံးစုံအာမခံထားရန်လည်း လိုအပ်ပါကြောင်း၊ အဆိုပါအချက်များကို စာချုပ်တွင်လည်း ထည့်သွင်းချုပ်ဆိုပြီးဖြစ်ကြောင်း။

အဆိုပါ အဆောက်အအုံတည်ဆောက်ခြင်းဖြင့် ရန်ကုန်မြို့တွင် နိုင်ငံတကာစံနှုန်းမီအထပ်မြင့် အဆောက် အအုံတစ်ခုပေါ်ထွန်းလာပြီး နိုင်ငံတော်အနေဖြင့် မြေအသုံးပြုမှု ပရီမီယံကြေး၊ နှစ်စဉ်ငှားရမ်းခများနှင့် အခြားအခွန်အခများကို ရရှိမှာဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊NSKRE ကုမ္ပဏီအနေဖြင့် စာချုပ်ပါအချက်များကို ဂရုပြုပြီးစာချုပ်ပါ အချက်များနှင့်အညီ တိတိကျကျ ဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးကိုကိုအောင်နှင့်NSKRE RESIDENCE (MYANMAR) Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာ Mr. Hirosato Fukimbara တို့ B.O.T စနစ်ဖြင့် ၁၂ ထပ်အမြင့်ရှိService Apartmentဆာက်လုပ်ရန် မြေငှားရမ်းခြင်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြ သည်။

ယနေ့ လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်မည့်NSKRE Residence (Myanmar)Co.,Ltd. သည် မြန်မာနိုင်ငံသား ကုမ္ပဏီနှစ်ခုဖြစ်သည့်Mann Myanmar Family Ltd နှင့် Asia Business Solution ကုမ္ပဏီ လီမိတက်တို့နှင့် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သည့် Nippon Steel Kowa Real Estate လီမိတက်တို့ ပူးပေါင်းပြီးJoint Venture ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားသည့် ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၁၂ ထပ်အမြင့်ရှိService Apartment အဆောက်အအုံကို တာမွေမြို့နယ် တာမွေလေးရပ်ကွက်ရှိ မြန်မာ့ဆေးဝါး လုပ်ငန်းပိုင်မြေ (ယခင် ဘဲနှစ်ကောင် မြူစွမ်စက်ရုံ) မြေဧက ၁ ဒသမ ၄၈ ဧကပေါ်တွင်NSKRE ကုမ္ပဏီက နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက် မည့် ဂျပန်နိုင်ငံသားများလည်း နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ ငှားရမ်းကာလမှာMIC ခွင့်ပြုချက်အရ နှစ် ၅ဝ ဖြစ်ပြီး ငှားရမ်းကာလ ကုန်ဆုံးချိန်တွင် B.O.T စနစ်အရ အဆောက်အအုံကို ကုမ္ပဏီမှ မြန်မာ့ဆေးဝါးလုပ်ငန်းသို့ ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်ကြောင်းနှင့် ယခု တည်ဆောက်မည့် ၁၂ ထပ် အဆောက်အအုံတွင်Fitness Center၊Minimart၊ Restaurant၊ Business ရုံးခန်းများ၊ ကားပါကင်နှင့် လူနေအခန်းပေါင်း ၂၃ဝ ပါရှိမည်ဖြစ် ကြောင်းသိရသည်။

 

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
CarsDB
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service