ကျပ်ငွေ (၂) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သော မန္တလေးရှိ SKY VILLA ကွန်ဒို အရောင်းပြပွဲ

ကျပ်ငွေ (၂) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သော မန္တလေးရှိ SKY VILLA ကွန်ဒို အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
7 Oct 2018 11:21 am တွင် တင်ခဲ့သည်
904 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ မန္တလေးမြို့ ရှိ SKY VILLA ကွန်ဒို အရောင်းပြပွဲကြီးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက် နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ (၄ ရက်တိုင်တိုင်) အဆိုပါ ကွန်ဒိုတည်ရှိရာ မန္တလေးမြို့ ၊ အောင်မြေသာဇံမြို့နယ် ၊ ရေစစ်ကန်ရှေ့ ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အရောင်းပြပွဲအတွင်း ဝယ်ယူသူများအတွက် အခန်းတန်ဖိုး၏ ၃၀% ကို ပေးသွင်းပြီးလျှင် အခန်းအပ်ပေးပြီး ကျန်ငွေကို ၁၅နှစ် အထိ AYA Home Loan ဖြင့် အရစ်ကျပေးသွင်းသည့် စနစ်များဖြင့် ရောင်းချခဲ့ရာ ကျပ်ငွေ (၂) ဘီလီယံကျော် တန်ဖိုးရှိသော ကွန်ဒိုအခန်းများ ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

“ မန္တလေးလို ကွန်ဒို culture သိပ်မရှိတဲ့ နေရာမှာတောင် ကျွန်တော်တို့ iMyanmarHouse.com က ရောင်းချနိုင်ခဲ့တာ ဖြစ်လို့ အများကြီး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အဓိကကတော့ ဝယ်သူအဆင်ပြေအောင် ကျွန်တော်တို့ iMyanmarHouse.com ဘက်က စေတနာထားပြီး အားထုတ်ရောင်းချပေးသလို ဆောက်လုပ်သူ developer ဘက်ကလည်း ညှိနှိုင်းမှုတွေ ပြုလုပ်ပေးခဲ့လို့ အောင်မြင်တာပါ။ AYA Home Loan ရဲ့  အကူအညီလည်း ပါတာပေါ့။ ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။

SKY VILLA ကွန်ဒိုကို (၁) ဧကခန့်ရှိ ဂရမ်မြေပေါ်တွင် တည်ဆောက်ပြီးစီးထားကာ ကားပါကင် ၊ ဓာတ်လှေကား ၊ ရေကူးကန် နှင့် ကွန်ဒို Facilities အပြည့်အစုံထည့်သွင်းပေးထားသည်။ မာစတာအိပ်ခန်း (၂) ခန်း ၊ ရိုးရိုးအိပ်ခန်း (၂) ခန်း ၊ Living ၊ Dinning ၊ Kitchen စသဖြင့် အခန်းများလည်း ဖွဲ့စည်းပေးထားကြောင်း သိရသည်။

" ကျွန်တော်တို့ iMyanmarHouse.com က ရန်ကုန်မှာတင်မက တခြားမြို့ တွေမှာရှိတဲ့ စီမံကိန်းတွေလည်း ရောင်းချပေးနေပါတယ်။ အခုဆိုရင် မန္တလေးမြို့ မှာရှိတဲ့ ဒီ SKY VILLA ကွန်ဒိုကို iMyanmarHouse.com နဲ့ စတင် အရောင်းဖွင့်ခဲ့တာပါ။ အဖွင့်လှသွားတယ်လို့လည်း Developer ဘက်က မှတ်ချက်ပေး ချီးကျူးတာ ခံရပါတယ်။ ကမ်းခြေမှာရှိတဲ့စီမံကိန်းတွေ ၊ တောင်ကြီးတို့ ကလောတို့မှာ ရှိတဲ့ စီမံကိန်းတွေကိုလည်း iMyanmarHouse.com က ဈေးကွက်ဖောက်ပေးပြီး ရောင်းအားကောင်းခဲ့တာ တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာလည်း iMyanmarHouse.com အပေါ်ထားတဲ့ အများပြည်သူတွေရဲ့  ယုံကြည်မှုကြောင့်ပါ" ဟု ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့သည်။

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

Pan Swal Taw
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service