လန်ဒန်အခြေစိုက် ဥရောပကုမ္ပဏီနှင့် တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီတို့ ပူးပေါင်းကာ မိုက္ကရိုဆော့ဖ်၏ ဗြိတိန်ရုံးချုပ် အဆောက်အအုံကြီးကို ပေါင်သန်း ၁၀၀ ဖြင့် ဝယ်ယူရန် စီစဉ်

လန်ဒန်အခြေစိုက် ဥရောပကုမ္ပဏီနှင့် တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီတို့ ပူးပေါင်းကာ မိုက္ကရိုဆော့ဖ်၏ ဗြိတိန်ရုံးချုပ် အဆောက်အအုံကြီးကို ပေါင်သန်း ၁၀၀ ဖြင့် ဝယ်ယူရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
5 Oct 2018 12:04 pm တွင် တင်ခဲ့သည်
1175 ကြိမ် ကြည့်ရှု့ပြီး

လန်ဒန်အခြေစိုက် ဥရောပ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ The Valesco Group နှင့် တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီ AIP Asset Management တို့ ပူးပေါင်းကာ မိုက္ကရိုဆော့ဖ်၏ ဗြိတိန်ရုံးချုပ် အဆောက်အအုံကြီးကို ပေါင်သန်း ၁၀၀ ဖြင့် ဝယ်ယူရန် စီစဉ်လျက်ရှိ ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မိုက္ကရိုဆော့ဖ်၏ ဗြိတိန်ရုံးချုပ် အဆောက်အအုံကြီးသည် ရီးဒင်းမြို့တွင် တည်ရှိပြီး မူလက Mapeley ကုမ္ပဏီက ပိုင်ဆိုင်ခဲ့သည်။

မိုက္ကရိုဆော့ဖ်၏ အင်္ဂလန်ရုံးချုပ်ဝန်းကို အရောင်းအဝယ်လုပ်ရန် စီစဉ်နေခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော ၅ နှစ်ခန့်ကပင် FI Real Estate Management နှင့် BNP Paribas Real Estate အိမ်ခြံမြေကုမ္ပဏီများထံ အပ်နှံကာ အရောင်းဈေးကွက်တင်စေခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း BNP Paribas Real Estate က ဈေးကွက်တင်ခဲ့သည့်ခေါ်ဈေးမှာ ပေါင် ၁၁၅ သန်းဖြစ်သည်။

ယခုဈေးနှုန်း ပေါင်သန်း ၁၀၀ မှာ မူလခေါ်ဈေးအောက် ၁၅ ရာခိုင်နှုန်းလျှော့ချထားခြင်းလည်း ဖြစ်သည်။

မိုက္ကရိုဆော့ဖ်၏ ရုံးချုပ်အဆောက်အအုံကြီးကို ဝယ်ယူရန် အင်္ဂလန်ပြည်တွင်းသာမက ပြည်ပဝယ်လက်များကပါ စိတ်ဝင်စားမှု များစွာရှိနေသည်ဟု ဆိုသည်။

အဆောက်အအုံကြီး ၃ လုံးပါဝင်ပြီး Grade A အဆင့်ရှိ ရုံးခန်းနေရာ ၂၄၆၁၃၈ စတုရန်းပေ အကျယ်အဝန်း ပါဝင်သည်။

မဟာဗျူဟာအရ အချက်အခြာကျသော Thames Valley Park တွင် တည်ရှိပြီး ရီးဒင်းမြို့တော်ခန်းမနှင့် ၃ မိုင်နီးပါးသာ ကွာဝေးသည်။

Thames Valley သည် နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးများအတွက် ဥရောပဗဟိုချက်တစ်ခုဖြစ်ပြီး ဗြိတိန်၏ ဆီလီကွန်တောင်ကြားဟုလည်း တင်စားခေါ်ဝေါ်ကြကာ Oracle, Huawei, Nvidia, Symantec နှင့် Verizon တို့ကဲ့သို့ နည်းပညာကုမ္ပဏီကြီးများ အခြေစိုက်ရာနေရာလည်း ဖြစ်သည်။

The Valesco Group ၏ အမှုဆောင်အရာရှိချုပ် ရှီရက်ဇ် ဂျီဝါက ပြောကြားရာတွင် “အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် အရင်းအနှီးတွေလည်း ရှိနေမှုတို့ကြောင့် အခုဝယ်ယူလိုက်နိုင်မှုက ကျွန်တော်တို့ရဲ့ အရည်အချင်းကို ပြသနေပါတယ်”ဟု ပြောကြားသည်။

Valesco Group သည် လန်ဒန်တွင် ရုံးချုပ်စိုက်ပြီး အာရှနှင့် အရှေ့အလယ်ပိုင်းမှ ရင်းနှီးမြှုပ်နှံသူများ ကျောထောက်နောက်ခံပြုသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service