အရှေ့မျှော် ခရီးသွားလုပ်ငန်းမှာ ဟိုတယ်လုပ်ငန်းတွေ ဆက်လက်ရှင်သန်နိုင်မလား

အရှေ့မျှော် ခရီးသွားလုပ်ငန်းမှာ ဟိုတယ်လုပ်ငန်းတွေ ဆက်လက်ရှင်သန်နိုင်မလား - Property News in Myanmar from iMyanmarHouse.com
4 Oct 2018 12:52 pm တွင် တင်ခဲ့သည်
1146 ကြိမ် ကြည့်ရှု့ပြီး

မညီမညာကျောက်ခင်းလမ်းအစကနေ တွေ့ရတဲ့ တစ်ခုတည်းသော လမ်းညွှန်ဆိုင်းဘုတ်အတိုင်း ဝင်သွားလိုက်ရင် မြင်ကွင်းတစ်ဆုံးတွေ့ရတဲ့ မြေကွက်တွေက ရုတ်တရက်ဆို လူနေအိမ်ရပ်ကွက်အသစ်လို ထင်ရပေမဲ့ ဆောက်လက်စ ဟိုတယ်တစ်လုံး၊ နှစ်လုံးနဲ့ ကျိုးတိုးကျဲတဲ ဖွင့်ထားတဲ့ ဟိုတယ်တွေကြောင့် ဟိုတယ်ဇုန်နေရာမှန်း သိရပါတယ်။

ကျောက်တိုင်စိုက်၊ ခြံခတ်ထားတဲ့ မြေကွက်တွေမှာ ခေတ်မီဟိုတယ်ကြီးတွေအစား မြက်ခင်းစိမ်းစိမ်းတွေက နေရာယူထားတာမို့ နွားတစ်အုပ်က အေးအေးလူလူ အစာစားနေလေရဲ့။ အဲဒီနေရာကတော့ ပုဂံမြို့သစ်ကနေ ချောက်မြို့အသွား ကားလမ်းဘေးမှာရှိတဲ့ ပုဂံမြို့ရဲ့ ဟိုတယ်ဇုန်(၄) နေရာပဲဖြစ်ပါတယ်။ ဟိုတယ်ဇုန်အတွင်း ဝင်သွားရတဲ့လမ်းက အခုထိ ကျောက်ခင်းလမ်းသာသာရှိသေးပေမဲ့ ပုဂံမြို့သစ်၊ ချောက်လမ်းက ချောချောမွေ့မွေ့ ကတ္တရာခင်းလမ်းမို့ လောကနန္ဒာဘုရားကနေ ကိုးမိနစ်၊ ပုဂံမြို့သစ်ကနေ ၁ဝ မိနစ်၊ ပုဂံမြို့ဟောင်းကနေ ၁၅ မိနစ်ခန့်သွားရုံနဲ့ ဟိုတယ်ဇုန် (၄) နေရာကို ရောက်နိုင်ပါတယ်။

ဒေသခံတွေနဲ့ မြေကွက်ပိုင်ရှင်တွေရဲ့ပြောပြချက်အရ ဟိုတယ်ဇုန်နေရာကို ၁၉၉၆ ခုနှစ်က စတင်အကောင်ထည်ဖော်ခဲ့တာဖြစ်ပြီး သက်တမ်း ၂၂ နှစ်အတွင်း အဲဒီနေရာမှာ ဖွင့်လှစ်ထားတဲ့ ဟိုတယ်က အခုချိန်ထိ သုံးလုံးပဲရှိနေပါသေးတယ်။

မြေဧက ၅ဝဝ ခန့်ကျယ်ဝန်းတဲ့ ဟိုတယ်ဇုန်နေရာမှာ ပေ ၂ဝဝ ပတ်လည် မြေကွက် ၁၂ဝ ခန့်ရှိပြီး လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရကို ရန်ပုံငွေ ကျပ်ရှစ်သိန်း ပေးသွင်းနိုင်ရုံနဲ့ မြေကွက်ချပေးခဲ့တယ်လို့ မြေပိုင်ရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

''အဲဒီတုန်းက မြေကွက်က ဝယ်လို့ရတာမဟုတ်ဘူး၊ လျှောက်လွှာတင်ပြီး လျှောက်မှရတာ။ အစိုးရကို ဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ရန်ပုံငွေ ကျပ်ရှစ်သိန်းပေးသွင်းနိုင်ရင်၊ ဒီနေရာမှာ ဟိုတယ်ဆောက်ပါမယ်ဆိုတဲ့ အာမခံချက်ပေးနိုင်ရင် ပေ ၂ဝဝ ပတ်လည် မြေကွက်ချပေးတယ်'' လို့ ဟိုတယ်ဇုန်နေရာမှာ မြေကွက်ဝယ်ယူထားပြီး ပုဂံမြို့သစ်နဲ့ ညောင်ဦးမှာလည်း ဟိုတယ်ဖွင့်လှစ်ထားသူ ဦးသိန်းထွဋ်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရရှိထားတဲ့မြေကွက်မှာ အခုချိန်ထိ ဟိုတယ်မဆောက်ရသေးပေမဲ့ ၂ဝ၁၉ ဒါမှမဟုတ် ၂ဝ၂ဝ မှာ နှစ်ခန်းတွဲပါ မြန်မာ့ရိုးရာအိမ်ပုံစံ ဘန်ဂလို ၁၅ လုံးခန့်တည်ဆောက်ဖို့ လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ စုဆောင်းနေပြီလို့ သူက ဆိုပါတယ်။

မြေကွက်ပေါက်ဈေးအရ အဆိုပါ ပေ ၂ဝဝ ပတ်လည် မြေကွက်တစ်ခုကို နေရာပေါ်မူတည်ပြီး ကျပ်သိန်း ၂,ဝဝဝ ကနေ ၄,ဝဝဝ အတွင်း ဈေးပေါက်နေပြီး ရောင်းချင်တဲ့သူတွေရှိနေပေမဲ့ အရောင်းအဝယ်ဖြစ်တာနည်းတယ်လို့ ဦးသိန်းထွဋ်က ပြောပါတယ်။

အစိုးရကို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေပေးသွင်းခဲ့ရပေမဲ့ လက်ရှိမှာတော့ လမ်း၊ ဓာတ်တိုင်၊ ဓာတ်ကြိုး၊ ရေမြောင်းစတဲ့လိုအပ်ချက်တွေကို သက်ဆိုင်ရာဟိုတယ်တွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ဆောင်ရွက်ထားတာဖြစ်တယ်လို့ ဇုန်အတွင်းဖွင့်ထားတဲ့ ဟိုတယ်သုံးလုံးထဲက တစ်ခုဖြစ်တဲ့ Gracious ပုဂံဟိုတယ်၊ စီမံကိန်းမန်နေဂျာ ဦးမိုးဝေယံမြင့်က ပြောပါတယ်။

''ဟိုတယ်ဇုန်လုပ်မယ်ဆိုတာနဲ့ လိုအပ်တဲ့ အခြေခံအဆောက်အအုံ ပြီးပြည့်စုံအောင်လုပ်ပေးရမယ်၊ မီတာတပ်ပေးရမယ်၊ ရေမြောင်းတွေ၊ လမ်းတွေလုပ်ပေးမှ ဒီနေရာဖွံ့ဖြိုးလာမှ ဟိုဘက်ကလူတွေကလည်း ဒီကိုပြောင်းလာချင်မှာ။ ကျွန်တော်တို့လို အစက ပြန်လုပ်ရမယ်ဆိုရင် ဘယ်သူမှ ပြောင်းလာချင်မှာမဟုတ်ဘူး''လို့ ဦးမိုးဝေယံမြင့်က ပြောပါတယ်။

ပုဂံရှေးဟောင်းဘုရားတွေနဲ့ အဆောက်အအုံတွေနား ဟိုတယ် ထပ်မဆောက်စေရေး ရည်ရွယ်ချက်နဲ့ ဟိုတယ်ဇုန်နေရာ ဖော်ဆောင်ခဲ့ကြပေမဲ့ လက်တွေ့မှာတော့ ပုဂံမြို့အတွင်းက အမွေအနှစ်နေရာတွေမှာသာ ဟိုတယ်အသစ်တွေ တိုးလာပြီး ဇုန်အတွင်းမှာတော့ နွားစားကျက်မြေကွက်လပ်တွေသာ နေရာယူထားဆဲပါ။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနရဲ့ စက်တင်ဘာလကုန်အထိ လိုင်စင်ထုတ်ပေးထားတဲ့ စာရင်းတွေအရ ပုဂံဒေသမှာ ဟိုတယ်နဲ့ တည်းခိုရိပ်သာ ၈၅ လုံးနဲ့ အခန်းပေါင်း ၃,ဝ၁၉ ခန်းရှိပြီး အများစုက ပုဂံမြို့တွင်းမှာ ဖြစ်ပါတယ်။ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ် ဝင်ရောက်ရေး အဆိုပြုလွှာစာတွဲကို ပြီးခဲ့တဲ့ဇန်နဝါရီလက ယူနက်စကိုကို နောက်ဆုံးတင်သွင်းခဲ့ပါတယ်။

အဆိုပြုလွှာစာတွဲပါ ပုဂံဒေသစီမံခန့်ခွဲရေးစီမံချက်အရ ပုဂံဒေသ အမွေအနှစ်ဇုန်အတွင်းမှာရှိတဲ့ ဟိုတယ်တွေကို ၂ဝ၂၈ ခုနှစ် နောက်ဆုံးထားပြီး အမွေအနှစ်နဲ့ ကင်းလွတ်ရာနေရာကို ပြောင်းရွှေ့ပေးရမယ်လို့ ပါရှိပါတယ်။

မကြာသေးခင်ကပဲ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်းက မြတ်မင်းကုမ္ပဏီရဲ့ အခန်း ၃၄၈ ခန်းပါ ဆောက်လက်စဟိုတယ်ကို ရှေးဟောင်းသုတေသနဌာနက တရားစွဲဆိုထားရာကနေ ပြန်လည်ရုတ်သိမ်းပေးလိုက်ပြီး ရှေးဟောင်းဌာနရဲ့ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်မယ်ဆိုရင် ဟိုတယ်ဆောက်ခွင့်ပြုခဲ့ပါတယ်။

''ပုဂံမှာ ဘာခက်ခဲလဲဆိုတော့ ဟိုတယ်တွေကို ပုဂံယဉ်ကျေးမှုဇုန်အတွင်းမှာ ဆောက်ခွင့်ပြုထားတာ။ တချို့ဟိုတယ်တွေက အရင်ကတည်းက၊ တချို့က နောက်ပိုင်းမှ ဆောက်ခွင့်ပေးထားတာလည်းရှိတယ်။ ဧည့်သည်တွေက ဟိုတယ်က ထွက်လိုက်တာနဲ့ လျှပ်စစ်ဆိုင်ကယ်၊ မြင်းလှည်း၊ ထမင်းဆိုင် စတာတွေ အလွယ်တကူရနေတဲ့နေရာမျိုးကို ရွေးချယ်ကြတယ်''လို့ ဦးမိုးဝေယံမြင့်က ပြောပါတယ်။

မြို့ပြင်နဲ့ ဟိုတယ်ဇုန်အတွင်းမှာရှိတဲ့ ဟိုတယ်တွေဟာ မြို့တွင်းဟိုတယ်တွေမှာ အခန်းမရှိတော့လို့ ရောက်လာတဲ့ ဧည့်သည်တွေကိုပဲ အဓိကအားထားရတာမို့ အခုလို တစ်နိုင်ငံလုံးနီးပါး ခရီးသွားလုပ်ငန်းကျဆင်းနေချိန်မှာ ဧည့်သည်မရှိသလောက် အဝင်နည်းပါတယ်။

ဟိုတယ်ဇုန် (၄) နေရာမှာ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ အခန်း ၄၃ ခန်းပါ ပြည်ထောင်စုဟိုတယ် (၂)ရဲ့ ခရီးအသွားအလာနည်းချိန် ဧည့်သည်ဝင်ရောက်မှုက တစ်ရက်ကို ခုနစ်ခန်း၊ ရှစ်ခန်းသာရှိပြီး ဧည့်သည်လုံးဝမရှိတဲ့ နေ့တွေလည်းရှိတယ်လို့ ဟိုတယ်ပိုင်ရှင် ဦးဆွေသန်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းက ဟိုတယ်ဇုန်နေရာက မြေကွက်လွတ်တွေမှာ လုပ်ငန်းလာမလုပ်ရင် မြေကွက်တွေကို ပြန်သိမ်းမယ်လို့ သက်ဆိုင်ရာက ကြေညာချက် သုံးကြိမ်ထုတ်ခဲ့ပေမဲ့ အခုအချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသလို မြေကွက်ပြန်သိမ်းတာမျိုးလည်း မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

''သူတို့ဘက်က ဥပဒေတွေကို ထိရောက်မှုမရှိဘဲ မိမိတစ်ကိုယ်ကောင်းဖို့လုပ်နေတော့ မြို့ပြင်ဇုန်အတွင်းမှာရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေအတွက် နစ်နာတာပေါ့''လို့ ဦးဆွေသန်းက ပြောပါတယ်။

ခရီးသွားလုပ်ငန်းရဲ့ တိုးတက်မှုအလားလာကောင်းတွေကို ယုံကြည်ပြီး ရင်းနှီးမြှုပ်နှံမှုများစွာနဲ့ ၂ဝ၁၅ ခုနှစ်ကတည်းက ဟိုတယ်ဇုန်မှာဖွင့်ခဲ့တဲ့ Gracious ပုဂံဟိုတယ်ကလည်း ပြည်ထောင်စုဟိုတယ်(၂)နည်းတူ ဧည့်သည်အဝင်နည်းတာကြောင့် အရှုံးတွေနဲ့ လည်ပတ်နေရတယ်လို့ ဦးမိုးဝေယံမြင့်က ပြောပါတယ်။

ဟိုတယ်စဖွင့်ကာစ ၂ဝ၁၅၊ ၂ဝ၁၆ ဝန်းကျင်က လုပ်ငန်းအကောင်းဆုံးအချိန်ဖြစ်ပြီး မြို့တွင်းမြို့ပြင်မှာ တဖြည်းဖြည်း ဟိုတယ်အသစ်တွေ တိုးလာတာနဲ့အမျှ အပြိုင်အဆိုင်များလာပြီး မှန်းထားသလောက် မဖြစ်လာဘူးလို့ ဆိုပါတယ်။

အခန်း ၈ဝ ရှိ Gracious ပုဂံဟိုတယ်ရဲ့ တစ်လပျမ်းမျှ ကုန်ကျစရိတ်က ကျပ်သိန်း ၆ဝဝ ကျော်ရှိတာမို့ တစ်လကို ခရီသွား၂ဝ ရာခိုင်နှုန်းနဲ့အထက် ဧည်သည်ဝင်ရောက်မှုရှိမှသာ အရင်းကျေရုံရှိပါတယ်။

Gracious ပုဂံဟိုတယ်ရဲ့ ဧည့်ဝင်ရောက်နှုန်းမှာ အခုနှစ် ဇန်နဝါရီကနေ မေလအတွင်း ၁၅ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ပြီး ပြည်တွင်းခရီးသွားတွေနဲ့၊ တစ်ကျော့ပြန်လာတဲ့ ခရီးသွားတွေကြောင့် ဇွန်လကနေ စက်တင်ဘာလအတွင်း ခရီးသွား ၃ဝ ရာခိုင်နှုန်းခန့် ပြန်တိုးလာပေမဲ့ အမြတ်ရတဲ့အနေအထား မဟုတ်သေးဘူးလို့ သူက ဆိုပါတယ်။

''ဟိုတယ်လုပ်ငန်းက ဝင်ငွေသောက်သောက်လဲရတဲ့လုပ်ငန်း မဟုတ်ပါဘူး။ ရင်းနှီး မြှုပ်နှံမှုများတဲ့ ဟိုတယ်လိုမျိုးဆိုရင် အရင်းပြန်ရဖို့ အနည်းဆုံး ၁၅ နှစ်လောက်ကြာမယ်။ အခုအခြေအနေအရ ကိုယ့်လုပ်ငန်း အရင်းကြေဖို့တောင် ရုန်းကန်နေကြရတယ်''လို့ ဦးမိုးဝေယံမြင့်က ပြောပါတယ်။

ပုဂံဒေသမှာ တစ်နေ့ကို ဝန်ဆောင်မှုပေးနိုင်တဲ့ ဟိုတယ်အခန်းပေါင်း ၃,ဝ၁၉ ခန်းရှိပြီး ပြီးခဲ့တဲ့ ၂ဝ၁၇ တစ်နှစ်လုံးမှာ နိုင်ငံတကာခရီးသွား ၃ဝဝ,ဝဝဝ နီးပါးသာ ဝင်ရောက်ခဲ့တာမို့ တစ်ရက် ခရီးသွားပျမ်းမျှဝင်ရောက်မှုကတော့ ခရီးသည် ၈ဝဝ ကျော်သာရှိပါတယ်။ ဝန်ဆောင်မှုပေးနိုင်တဲ့ အခန်းအရေအတွက်က ဝင်ရောက်တဲ့ ခရီးသွားဦးရေထက် ပိုများနေတာက ဟိုတယ်လုပ်ငန်းတွေ အရှုံးပေါ်စေတဲ့ အဓိကအကြောင်းရင်းပါ။

ခရီးသွားလုပ်ငန်းကျဆင်းရတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ရခိုင်အရေးအပြင် မကြာသေးခင်က ထောင်ခုနစ်နှစ် အမိန့်ချခံလိုက်ရတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကိစ္စကြောင့် အနောက်နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေက ခရီးသွားလုပ်ငန်းအေဂျင်စီတွေဟာ မြန်မာနိုင်ငံကို ခရီးသည်ပို့ဆောင်မပေးသလောက် နည်းသွားပါတယ်။

အမေရိကန်နဲ့ ဗြိတိန်နိုင်ငံက ခရီးသွားအေဂျင်စီတွေဆိုရင် ဧည့်သည်မပို့ပေးတော့တဲ့အပြင် လာမယ့်ခရီးသွားရာသီအတွက် ကြိုတင်မှာယူထားပြီးသား ခရီးစဉ်တွေကို လျော်ကြေးပေးပြီး ဖျက်သိမ်းတာမျိုးတွေ ရှိနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါကြောင့် ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန မူဝါဒအတိုင်း အနောက်မျှော်ရာကနေ အရှေ့ပြန်မျှော်တဲ့ ခရီးသွားလုပ်ငန်းဖြစ်လာပြီး လက်ရှိ ပုဂံကို တရုတ်၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ မြန်မာပြည်တွင်း ခရီးသွားတွေ အများဆုံးလာရောက်ကြတယ်လို့ ဦးမိုးဝေယံမြင့်က ပြောပါတယ်။

''ကျွန်တော်တို့ဟိုတယ်ကို တရုတ်၊ ထိုင်းနဲ့ မြန်မာခရီးသွားတွေ အလာများတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ လူဦးရေ ၅၄ သန်းကျော်ရှိတာမို့ ကိုယ့်ပြည်တွင်းဈေးကွက်ကို ကောင်းကောင်းဆွဲဆောင်နိုင်ရင်ပဲ မဆိုးဘူး''လို့ သူက ပြောပါတယ်။

ပုဂံမြို့သစ်၊ မြို့ဟောင်းနဲ့ ညောင်ဦးမှာရှိတဲ့ ဟိုတယ်တွေလည်း မြို့ပြင်နဲ့ ဟိုတယ်ဇုန်တွင်းက ဟိုတယ်တွေလောက် ဧည့်သည်အရ မနည်းပေမဲ့ ခရီးသွားလုပ်ငန်းကျဆင်းမှုကြောင့် ဒီနှစ်တွေအတွင်း ခရီးသည်အဝင်နည်းတယ်လို့ ပုဂံမြို့သစ်နဲ့ ညောင်ဦးမှာ အခန်း ၁၈ ခန်းနဲ့ ၁၆ ခန်းရှိ တစ်နိုင်တစ်ပိုင်ဟိုတယ်ဖွင့်ထားတဲ့ ဦးသိန်းထွဋ်က ပြောပါတယ်။

''ပြီးခဲ့တဲ့ ၂ဝ၁၅၊ ၂ဝ၁၆ တွေတုန်းက ဟိုတယ်လုပ်ငန်းက အလွန်အမင်းကောင်းခဲ့တယ်။ လက်ရှိအစိုးရ တက်ခါစနှစ်တွေထိ ကောင်းတုန်းပဲ။ ဒီဘက်နှစ်တွေကျတော့ တော်တော်ပါးတယ်။ အခုက လာမယ့်ပွင့်လင်းရာသီအတွက် အခန်းဘွတ်ကင်တွေ မတက်လာသေးဘူး''လို့ သူက ပြောပါတယ်။

ပုဂံမှာ ဟိုတယ်အသေးလေးတွေကနေ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတွေထိ ခရီးသွားဝင်ရောက်မှု ကျဆင်းနေတာကြောင့် ဝန်ထမ်းဦးရေ လျှော့လိုက်ရတဲ့ ဟိုတယ်ကြီးတွေရှိနေပါပြီ။ ဒီအထဲမှာ ဟိုတယ်သရပါဂိတ်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

''ဝန်ထမ်းတွေကို မထုတ်ချင်ပေမဲ့ ကုန်ကျစရိတ်လျှော့ချဖို့အတွက်ဆိုတော့ မတတ်နိုင်ဘူးလေ။ ဧည့်သည်အဝင်က ၃ဝ ရာခိုင်နှုန်းအောက်ကျနေတော့ ဧပြီလကနေ စက်တင်ဘာလအထိ လတိုင်းရှုံးတယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာကျင်းပတဲ့ နိုင်ငံတကာခရီးသွားပြပွဲသွားပြီးကတည်း မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအခြေအနေကို သဘောပေါက်သွားတယ်''လို့ ဟိုတယ်သရပါဂိတ်က တာဝန်ရှိသူ ဦးခင်အောင်ထွန်းက ပြောပါတယ်။

ပုဂံမှာ ၂ဝ၁၆ ခုနှစ်က အပြင်းစား ငလျင်လှုပ်ခတ်ခဲ့တာတွေကြောင့် လပိုင်းလောက် ဧည့်သည်အဝင် ကျဆင်းခဲ့ပေမဲ့ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ တစ်ကျော့ပြန် ရခိုင်အရေးနဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကိစ္စတွေကြောင့် ထိခိုက်မှုက လပိုင်းနဲ့ ပြီးသွားမှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဒါကြောင့် အရှေ့မျှော်မူဝါဒအရ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံသားခရီးသွားတွေကို အဓိကပစ်မှတ်ထားပြီး အစိုးရက ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ဗီဇာကင်းလွတ်ခွင့်ပေးပြီးနောက် ဂျပန်နဲ့ တောင်ကိုရီးယား ခရီးသွား ၅ဝ ရာခိုင်နှုန်းခန့် တိုးတက်လာဖို့ ဟိုတယ်နဲ့ ခရီးဝန်ကြီးဌာနက မျှော်မှန်းထားပါတယ်။

''ကျွန်တော့်အထင် ဂျပန်နဲ့ တောင်ကိုရီးယားက ခရီးသွား ၂ဝ ရာခိုင်နှုန်းလောက်ပဲ တတ်နိုင်တယ်။ တရုတ်ကတော့ တော်တော်များများ ဝင်လာနိုင်တယ်။ တချို့တွေက တရုတ်ခရီးသွားတွေရဲ့ အပြုအမူနဲ့ပတ်သက်ပြီး မကြိုက်နှစ်သက်ကြတာ နားလည်ပေမဲ့ အခုလို ခရီးသွားလုပ်ငန်း ကျဆင်းနေချိန်မှာ တရုတ်ကိုပဲ အားကိုးရမှာပဲ''လို့ ဦးခင်အောင်ထွန်းက ပြောပါတယ်။

 

Credit:  The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
imyanmarmarket
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service