အမေရိကန်ရှိ ကွန်ဒိုခန်း အရောင်းအဝယ်ကိုင်တွယ်ကြသော ပွဲစားများက အာရှဝယ်လက်များကို ပစ်မှတ်ထားလာလျက်ရှိ

အမေရိကန်ရှိ ကွန်ဒိုခန်း အရောင်းအဝယ်ကိုင်တွယ်ကြသော ပွဲစားများက အာရှဝယ်လက်များကို ပစ်မှတ်ထားလာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
4 Oct 2018 11:16 am တွင် တင်ခဲ့သည်
755 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စုတွင် ကွန်ဒိုခန်း အရောင်းအဝယ်ကိုင်တွယ်ကြသော ပွဲစားများက အာရှဝယ်လက်များကို ပစ်မှတ်ထားလာ လျက်ရှိနေကြောင်း ဂျပန်အခြေစိုက်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မကြာသေးမီက အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့တွင် ကွန်ဒိုမီနီယံတစ်ခု၏ အခန်းများ ဈေးကွက်တင်ခဲ့ရာ အခန်းစုစုပေါင်း၏ ၄ ပုံတစ်ပုံကျော်ကို အာရှဝယ်လက်များအား ပစ်မှတ်ထားခဲ့သည်ဟု ဆိုသည်။

(မှတ်ချက်။ အမေရိကန်တွင် ပို့တ်လန်းအမည်ဖြင့် မြို့ ၂ မြို့ရှိရာ အခြားတစ်မြို့မှာ မိန်းပြည်နယ်တွင် တည်ရှိသည်။ )

ပို့တ်လန်းမြို့ အရှေ့မြောက်ပိုင်းတွင် အကောင်အထည်ဖော် ဆောက်လုပ်လျက်ရှိသော TwentyTwenty ကွန်ဒိုမီနီယံကြီး၏ အခန်းပေါင်း ၁၆၂ ခန်းအနက် ၄၅ ခန်းကို တရုတ်၊ ဂျပန်နှင့် စင်္ကာပူတို့အပါအဝင် အာရှနိုင်ငံများမှ ဝယ်လက်များကို ပစ်မှတ်ထားခဲ့သည်။

အမေရိကန်၏ အနောက်ဘက်ကမ်းရိုးတန်းမြို့ကြီးများတွင် အာရှဝယ်လက်များမှာ အလွန်ကြီးမားသည့် ဝယ်လက်ရင်းမြစ်တစ်ခု ဖြစ်လာနေသည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်အိမ်ခြံမြေဈေးကွက်တွင် တရုတ်ဝယ်လက်တို့၏ ဝယ်ယူခဲ့မှု ပမာဏမှာ ကန်ဒေါ်လာ ၃၀ ဒသမ ၄ ဘီလီယံအထိ ရှိခဲ့ကြောင်း အမျိုးသားအိမ်ခြံမြေအသင်း၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ကွန်ဒိုခန်းများအတွက် ပစ်မှတ်ထားသည့် အာရှဝယ်လက်များ၏ ထက်ဝက်ခန့်မှာ ရင်းနှီးမြှုပ်နှံသူများ ဖြစ်ဖွယ်ရာရှိကြောင်း Sotheby’s International Realty မှ အိမ်ခြံမြေအကျိုးဆောင် မိုက်ကယ်ကျန်းက ပြောကြားသည်။

ဝယ်လက်အများစုမှာ အခန်းများကို ပြန်လည်အငှားချထားဖွယ်ရှိပြီး အချို့ကမူ အပန်းဖြေရာနေအိမ်များဖြစ် ထားရှိကြဖွယ်ရှိကြောင်းလည်း မိုက်ကယ်ကျန်းက ပြောကြားသည်။

ပို့တ်လန်းရှိ ကွန်ဒိုမီနီယံအဆောက်အအုံကြီးမှာ လာမည့် ၂၀၁၉ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်ဖွယ်ရာရှိပြီး အိပ်ခန်း တစ်ခန်းပါ အခန်းများ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃၀၀၀၀၀ မှစတင်ဖွယ်ရာရှိပြီး အိပ်ခန်း ၂ ခန်းပါ အခန်းများမှာ ဒေါ်လာ ၅၀၀၀၀၀ မှ စတင်ဖွယ်ရှိသည်။

တရုတ်ပြည်မကြီးမှ ဝယ်လက်အများစုမှာ ပို့တ်လန်းနှင့် အော်ရီဂွန်ပြည်နယ်ကို ကြားပင် မကြားဖူးကြဟု ဆိုသည်။

ကမ္ဘာပေါ်တွင် အလှပဆုံးမြို့ဟု နာမည်ကျော်သော ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှ အိမ်ခြံမြေ အကျိုးဆောင်များသည်လည်း အာရှဝယ်လက်များကို ပစ်မှတ်ထားနေသည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၏ ပင်လယ်ဆိပ်ကမ်းမြို့ကြီးဖြစ်သော ဆီယက်တဲလ်သည်လည်း အာရှရင်းနှီးမြှုပ်နှံသူတို့ များစွာပစ်မှတ်ထားသည့် နေရာတစ်ခု ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service