ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ အဆင့်မြင့်အိမ်ရာစီမံကိန်း၊ ဟိုတယ်တွေနဲ့ နိုင်ငံတကာအဆင့်မီ ဈေးဝယ်စင်တာတွေ၊ ရုံးခန်းတွေပါဝင်တဲ့ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေကို အကောင်အထည်ဖော်လာကြတာ တွေ့ရပါတယ်။ ဒီလိုစီမံကိန်းကြီးတွေကြောင့် ရန်ကုန်မြို့ရဲ့အလှအပဟာ ပိုပြည့်စုံလာပြီး မြို့နေပြည်သူတွေအတွက် သွားလာလည်ပတ်စရာနေရာတွေ တိုးလာနေသလို တစ်ဖက်မှာလည်း ယာဉ်ကြောကျပ်တည်းမှုပြဿနာ ကြုံတွေ့နေကြရပါတယ်။ စီမံကိန်းတွေ အများကြီးရှိတဲ့အထဲက မကြာခင်နှစ်ပိုင်းတွေအတွင်း ထပ်မံထွက်ပေါ်လာမယ့် အိမ်ရာစီမံကိန်းတချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။
The Peninsula Residences Yangon အိမ်ရာစီမံကိန်း
အဆင့်မြင့်အိမ်ရာပေါင်း ၉၆ ခုပါဝင်တဲ့ The Peninsula Residences Yangon ကတော့ ၁၀ ဧကကျယ်ဝန်းတဲ့ မြေပေါ်မှာတည်ရှိပြီး ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံရာ ရန်ကုန်မြို့လယ်မှာ တည်ရှိပါတယ်။
အဆိုပါအိမ်ရာစီမံကိန်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ် ၂၄ ရက်မှာ အိမ်ရာအခန်းတွေ စတင်ရောင်းချနေကြောင်း ကြေညာခဲ့ပါတယ်။ စီမံကိန်းကိုတော့ ၂၀၂၁ ခုနှစ် အပြီးသတ်ဆောက်လုပ်ပြီးစီးဖို့ မျှော်မှန်းထားကြောင်းလည်း သိရပါတယ်။
Yoma Central ရဲ့ စုပေါင်းအိမ်ရာ တည်ဆောက်ရေးမှာ ရန်ကုန်မြို့ရဲ့ သက်တမ်းအရှည်ဆုံးနဲ့ နာမည်အကြီးဆုံး ကိုလိုနီခေတ်အဆောက်အအုံဖြစ်တဲ့ ယခင်မီးရထားရုံးချုပ်ဟောင်းကို ပြန်လည်မွမ်းမံတည်ဆောက်မယ့်The Peninsula Yangon မှာ အဆင့်မြင့်ဇိမ်ခံအိမ်ရာပေါင်း ၉၆ ခုပါရှိတဲ့ The Peninsula Residences Yangon အပြင်Grade Aအဆင့်ရှိတဲ့ ရုံးခန်းများပါဝင်တဲ့ တာဝါ နှစ်ခုနဲ့ စီးပွားရေးလုပ်ငန်းဟိုတယ်တို့ ပါရှိပါတယ်။ ဒါ့ပြင် အဆိုပါအဆောက်အအုံများရဲ့အောက်ခြေကို လက်လီအရောင်းဆိုင်ခန်းတွဲများနဲ့ ချိတ်ဆက်တည်ဆောက်ထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
The Peninsula Residences Yangon မှာ အထပ်ပေါင်း ၂၆ ထပ် ပါရှိမှာ ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ အသင့်နေထိုင်နိုင်တဲ့ လူနေအိမ်ခန်းများအနေနဲ့ အိပ်ခန်းနှစ်ခန်းမှ လေးခန်းအထိပါဝင်တဲ့ အိမ်ခန်းတွေအပြင် Penthouse များလည်း ပါဝင်မှာဖြစ်ပါတယ်။
Yoma Central အိမ်ရာစီမံကိန်းကို မြန်မာ့ယဉ်ကျေးမှုအနုပညာနှင့် ရှေးဟောင်းလက်ရာများကို အခြေခံပြီး ကမ္ဘာ့ထိပ်တန်း ဒီဇိုင်းဗိသုကာပညာရှင်တွေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေက ဒီဇိုင်းရေးဆွဲ တည်ဆောက်နေတာဖြစ်တယ်လို့ ၎င်းတို့ရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ သိရပါတယ်။
The Peninsula Residences Yangon ကိုMeeyahta Development Limited နဲ့ Hong Kong and Shanghai Hotels တို့မှ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။
လတ်တလောမှာThe Peninsula Residences Yangon ရဲ့ အိမ်ခန်းတွေကို ၎င်းတို့က ဖိတ်ကြားထားသူများကသာ ဝယ်ယူနိုင်မှာဖြစ်ပြီး အိပ်ခန်း နှစ်ခန်းပါတဲ့ အခန်းတစ်ခန်းကို ပျမ်းမျှ ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းကနေ စတင်ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။
Star City အိမ်ရာစီမံကိန်း
အဆင့်မြင့်အိမ်ရာစီမံကိန်းတွေဟာ ရန်ကုန်မြို့တွင်းမှာသာမက ရန်ကုန်ပြင်ပမြို့နယ်တွေမှာလည်း အသီးသီး တည်ရှိနေကြပါတယ်။ ရန်ကုန်သန်လျင်တံတားအဆင်းမှာ တည်ရှိတဲ့ Star City အိမ်ရာစီမံကိန်းမှာ ဇုန်သုံးဇုန် ခွဲခြားထားပါတယ်။ ဇုန်(A)နဲ့ ဇုန် (B) ကိုတော့ ရာနှုန်းပြည့် ဆောက်လုပ်ရောင်းချပြီးဖြစ်ပါတယ်။
အသစ်ဆောက်လုပ်နေတဲ့ ဇုန် (C) မှာတော့ လူနေမှုပုံစံအသစ်ကို မိတ်ဆက်ထားတဲ့ ဂလက်ဇီတာဝါ ခြောက်ခုကို တည်ဆောက်ရောင်းချမှာဖြစ်ပြီး လူနေအိမ်ခန်းပေါင်း ၁ဝ၃၈ ခန်း ပါဝင်မှာဖြစ်ပါတယ်။ ဒီအထဲက တိုက်နံပါတ် ၂ နဲ့ ၄ တို့ကို စတင်ရောင်းချနေပြီလို့လည်း သိရပါတယ်။
၂၀၁၀ ပြည့်နှစ်ကစပြီး စတင်ဆောက်လုပ်ခဲ့တဲ့ အဆိုပါစီမံကိန်းဟာ လက်ရှိအချိန်မှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီး အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ Star City အိမ်ရာစီမံကိန်းရဲ့ Assistant Sales Manager ဒေါ်သိမ့်ဆုမွန်က ပြောပါတယ်။
Star City အိမ်ရာစီမံကိန်းကနေပြီးတော့ လူတိုင်းတတ်နိုင်တဲ့ သင့်တင့်မျှတ အိမ်ရာစီမံကိန်းတစ်ခုကိုလည်း ယခုနှစ်ကုန်မှာ စတင်အကောင်အထည်ဖော်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
အိမ်ရာစီမံကိန်းတစ်ခုလုံးရဲ့ စုစုပေါင်းအကျယ်အဝန်းက ၄၈၈ ဧကရှိပြီး ဂေါက်ကွင်းနဲ့ နိုင်ငံတကာကျောင်းတွေပါဝင်တဲ့ သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ တစ်ခုတည်းသော အကြီးဆုံး အိမ်ရာစီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။
HAGL Myanmar
စီမံကိန်း Hoang Anh Gia Lai Myanmar Co.,Ltd က ရန်ကုန်မြို့မှာ ဆောက်လုပ်လျက်ရှိတဲ့ အဆင့်မြင့် လူနေအိမ်ရာ စီမံကိန်းတစ်ခုဖြစ်တဲ့ The Lake Suites စီမံကိန်းကိုမူလရေးဆွဲထားတဲ့ ဒီဇိုင်းကို ထပ်မံပြုပြင် ထည့်သွင်းရေးဆွဲနေတယ်လို့ အဆိုပါကုမ္ပဏီက တာဝန်ရှိသူတွေက ပြောပါတယ်။
စီမံကိန်း အပိုင်း(၁)အဖြစ် မြန်မာပလာဇာနဲ့ Meliã Yangon တို့ကို နှစ်နှစ်အတွင်း အပြီးဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
စီမံကိန်းအပိုင်း (၂) ကို ၂၀၁၉ ပထမသုံးလပတ် ဝန်းကျင်ခန့်မှာ စတင်ဆောက်လုပ်ဖို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။ စီမံကိန်းအပိုင်း(၂)မှာ ပါဝင်တဲ့ အဆောက်အအုံ ငါးခုအနက် ဝယ်ယူသူတွေကို အမြန်အပ်ဖို့ လိုအပ်နေတဲ့ အဆောက်အအုံတွေကို ဦးစားပေးဆောက်လုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
HAGL Myanmar အနေနဲ့ စီမံကိန်းအပိုင်း(၂)မှာ ပါဝင်တဲ့ ရုံးခန်းဧရိယာရဲ့ အကျယ်အဝန်းစတုရန်းမီတာ ၃၀ဝ၀ဝ ကျော်ကို ရုပ်ရှင်ရုံ၊ ဖျော်ဖြေရေးစင်တာ၊ ဟိုက်ပါမားကက်၊ နိုင်ငံတကာအဆင့်မီ ဈေးဝယ်စင်တာတွေ ထပ်မံထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်တယ်လို့HAGL Myanmar က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် ယာဉ်အစီးရေ ပိုမိုရပ်နားနိုင်မယ့် ကျယ်ဝန်းတဲ့ကားပါကင်၊ ယာဉ်ကြောပိတ်ဆို့မှုကို အသက်သာဆုံး လျှော့ချပေးနိုင်မယ့် ယာဉ်ကြောသွားလာရေးလမ်းစနစ် စတာတွေကို ထည့်သွင်း တည်ဆောက်နိုင်ဖို့အတွက် ဒီဇိုင်းတွေ ပြန်လည်ရေးဆွဲထားတယ်လို့ ဆိုပါတယ်။
The Lake Suites အိမ်ရာစီမံကိန်းကို လာရောက်လေ့လာလိုသူတွေအတွက် အရောင်းပြခန်းအသစ်ကို စီမံကိန်းအပိုင်း (၂) ဆောင်ရွက်နေတဲ့ နေရာမှာ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း ဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။ မူလဖွင့်လှစ်ထားတဲ့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းထဲက အရောင်းပြခန်းကိုတော့ ယခုနှစ် အောက်တိုဘာလကုန်ကစပြီး ယာယီပိတ်ထားမှာ ဖြစ်ပါတယ်။
ကန်သာယာစင်တာ
ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ ကန်ရိပ်သာလမ်းနဲ့ ဦးအောင်မြင့်လမ်းထောင့်၊ကန်တော်ကြီး ကရဝိက်ဝင်ပေါက်နဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိတဲ့ ကန်သာယာစင်တာဟာ ရန်ကုန်မြို့မှာ AMSS ကုမ္ပဏီရဲ့ ပထမဦးဆုံး CBD စီမံကိန်းဖြစ်ပါတယ်။
စီမံကိန်းမြေဧရိယာ ၃ ဒသမ ၅၃ ဧက ကျယ်ဝန်းပြီး အဆောက်အအုံရဲ့ စုစုပေါင်းကြမ်းခင်းဧရိယာ ၁၆၃၀ဝ၀ဝ စတုရန်းပေရှိပါတယ်။ စီမံကိန်းထဲမှာ A Office Tower 5 Star Wyndham Grand Hotel Shopping Center Service Apartment နဲ့ လူနေအိမ်ခန်းတို့ ပါဝင်ပါတယ်။
အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ငါးနှစ်စီမံကိန်းဖြစ်ပါတယ်။ စီမံကိန်းက ရာနှုန်းပြည့်ပြီးစီးနေပြီး ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
ကန်သာယာစီမံကိန်းကို Shining Star International Holding Co.,Ltd, Asia Myanmar Shining Star Investment Co.,Ltd, Asia Myanmar Consortium Development Co.,Ltd တို့ ပူးပေါင်းအကောင်အထည်ဖော်ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ခန့် ရင်းနှီးမြှုပ်နှံထားပါတယ်။
လက်ရှိမှာ ငှားရမ်းမှုတွေ စတင်နေပြီဖြစ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ ဆောက်လုပ်ထားတဲ့အတွက် မြန်မာနိုင်ငံရဲ့ အကောင်းဆုံး CBD စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။
68 Residences အိမ်ရာစီမံကိန်း
ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ တည်ရှိပြီး ရွှေနန်းတော် စိန်ရွှေရတနာဆိုင် မိသားစုက ဆောက်လုပ်နေတဲ့ 68 Residencesအိမ်ရာစီမံကိန်းကတော့ စီမံကိန်းတစ်ခုလုံးရဲ့ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပါတယ်။
စီမံကိန်းကို လာမယ့် ၂၀၁၉ ခုနှစ် သြဂုတ်လမှာ အပြီးသတ်နိုင်မယ်လို့  Development Co.,Ltd ရဲ့ Chairman ဒေါက်တာ အောင်ကျော်ဝင်းက ပြောပါတယ်။
တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၁၄ ခုနှစ် အောက်တိုဘာလက စတင်ခဲ့ပြီး ကြိုပွိုင့်ရောင်းချထားမှုတွေရှိနေပေမဲ့ အရေအတွက်အတိအကျကိုတော့ ပြောလို့မရသေးဘူးလို့ ဒေါက်တာ အောင်ကျော်ဝင်းက ပြောပါတယ်။
Luxury Condo တစ်ခုဖြစ်တဲ့ 68 Residences က ဘိုးဘွားပိုင်မြေပေါ်မှာ တည်ဆောက် ထားတာဖြစ်တဲ့အတွက် ဝယ်ယူသူတွေအနေနဲ့ မြေယာအချိုးကျပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်တဲ့ အရည်အသွေးမြင့်ပစ္စည်းနဲ့ နည်းပညာတွေကို ထည့်သွင်းအသုံးပြုထားတယ်လို့လည်း ၎င်းကဆိုပါတယ်။
စီမံကိန်းကို နိုင်ငံတကာအဆင့်မီ ဆောက်လုပ်ရေးကုမ္ပဏီများနဲ့ လက်တွဲဆောက်လုပ်နေပြီး ရွှေတိဂုံဘုရား၊ အင်းလျားကန်၊ Pearl Condo? Promart တို့ရဲ့အနီး၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်မှာရှိတဲ့ မြေ တစ်ဧကပေါ်မှာ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် စီးပွားရေး၊ ပညာရေး၊ သွားလာရေးတို့အတွက် လွယ်ကူအဆင်ပြေစေမှာဖြစ်တယ်လို့လည်း ဒေါက်တာအောင်ကျော်ဝင်းက ပါတယ်။
Credit: The Myanmar Times