နိုင်ငံပိုင်မြေများကို ဈေးပေါပေါဖြင့် ငှားယူထားပြီး တစ်ဆင့်ပြန်ငှားစားမှု အဂတိ ပါ၊ မပါ စိစစ်ရန် လွှတ်တော်အမတ် တိုက်တွန်း

နိုင်ငံပိုင်မြေများကို ဈေးပေါပေါဖြင့် ငှားယူထားပြီး တစ်ဆင့်ပြန်ငှားစားမှု အဂတိ ပါ၊ မပါ စိစစ်ရန် လွှတ်တော်အမတ် တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
4 Oct 2018 9:47 am တွင် တင်ခဲ့သည်
1003 ကြိမ် ကြည့်ရှု့ပြီး

လူပုဂ္ဂိုလ်နှင့် အဖွဲ့အ စည်းအချို့က နိုင်ငံပိုင်မြေများကို ဈေးကောင်းကောင်းဖြင့် တစ်ဆင့် ပြန်လည်ငှားစားခြင်းကို စိစစ်ပြီး အဂတိလိုက်စားပါက အရေးယူသင့်ကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ် တိုင်းလွှတ်တော်အမတ် ဦးလှဌေးက ပြောသည်။

ဌာနဆိုင်ရာမှ ပုဂ္ဂိုလ်အချို့နှင့် ပူးပေါင်း၍ နိုင်ငံပိုင်မြေများ ကို ဈေးပေါပေါနှင့် ရယူထားသူ အချို့က တစ်ဆင့်ပြန်လည်ဈေး ကောင်းယူငှားစားကာ ကိုယ်ကျိုးရှာသည်ကို လေ့လာတွေ့ရှိကြောင်းနှင့် ယင်းလုပ်ရပ်ကိုသက်ဆိုင်ရာက ပြန်လည်စိစစ်ပြီး အဂတိတရားမကင်းပါက အရေး ယူရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်စာရင်းစစ်ချုပ် ၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ နှင့်ပတ်သက်၍ အောက်တိုဘာ ၃ ရက်က တိုင်းလွှတ်တော်၌ ဆက်လက်ဆွေးနွေးစဉ် ဦးလှဌေးက ပြောကြားခြင်းဖြစ်သည်။

ကန်တော်ကြီးသဘာဝ ဥယျာဉ်တွင် အဓိကလမ်း (Main Road)တစ်လျှောက် ယခင် ဆိုင် ခန်းများ မရှိသော်လည်း လက်ရှိ တွင် တင့်ကားကုန်းနှင့် အဓိက လမ်းမတစ်လျှောက်၌ ဆိုင်ခန်း များကို မြေနေရာအပြည့်ဖြင့် အဆင့်ဆင့် ဆောက်လုပ်ငှားစားထားသည်ကို တွေ့ရသဖြင့် ယင်းငှားရမ်းမှုစာချုပ်၏ အခွင့်အရေးများ ပြန်လည်စိစစ်ရန်လိုကြောင်း ဦးလှဌေးက အစီရင်ခံစာ၏ တွေ့ ရှိချက်ကို ထောက်ပြပြောကြားသည်။

ထို့အပြင် မြကျွန်းသာပန်းခြံ ရှိ တည်ဆောက်ခြင်းရပ်ဆိုင်းထားသော အဆောက်အအုံများကို ပြန်လည်ဖျက်သိမ်းမှုမရှိခြင်း နှင့် ငှားရမ်းခများ ကောက်ခံမှု ရပ်ဆိုင်းထားသော်လည်း စား သောက်ဆိုင်နှစ်ဆိုင် ဆက်လက်ရောင်းချနေခြင်းသည် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

မင်္ဂလာဈေးသစ် ငှားရမ်းခ တွင် ဦးဝင်းနိုင်ဇော် (ပြည့်စုံဝင်း နိုင်)အား ဆဋ္ဌမထပ်နှင့် သတ္တမ ထပ်တို့ကိုတစ်စတုရန်းပေလျှင် ၃၄ ကျပ်နှုန်းဖြင့် ငှားရမ်းထားပြီး ရွှေပြည့်စုံဈေးအဖြစ် ဖွင့်လှစ်ထားသော ပထမထပ်နှင့်ဒုတိယထပ် ငှားရမ်းခနှုန်းများကို အစီရင်ခံစာ ၌ မတွေ့ရကြောင်း၊ သို့သော် လက်ရှိတွင် အဆိုပါဆိုင်ခန်းတစ်ခန်းလျှင် ငှားရမ်းခ ကျပ်တစ်သိန်းခွဲခန့်အထိ ကောက်ယူနေကြောင်း ဦးလှဌေးက ရှင်းပြသည်။

ဆက်လက်၍ မြန်မာ့ဆိပ် ကမ်းအာဏာပိုင်က နိုင်ငံပိုင်မြေ များကို ၀န်ထမ်းသက်သာကော်မ တီသို့ ငှားရမ်းပြီး ၀န်ထမ်းသက်သာက ပုဂ္ဂလိကသို့ တစ်ဆင့်ပြန်လည်ငှားရမ်းရာ မင်္ဂလာတောင် ညွန့်မြို့နယ်တွင် အောင်သရဖူ ကွန်ကရစ်ဖျော်လုပ်ငန်း၊ Concrete King ကွန်ကရစ်ဖျော်လုပ် ငန်းသို့ ငှားရမ်းရာ၌ ၀န်ထမ်းသက်သာကငှားရမ်းခ၏ ၇၀ ရာခိုင်နှုန်း ယူ၍ ဌာနက ၃၀ ရာခိုင်နှုန်းရရှိကာ အလှူငွေပါ ကောက်ခံထားသည် ကို တွေ့ရကြောင်း ဦးလှဌေးက ထောက်ပြသည်။

‘‘ ဌာနကရရှိတဲ့ငွေက ဆိုး ရွားစွာ နည်းပါးနေပြီး နိုင်ငံတော် အတွက်များစွာနစ်နာဆုံးရှုံးနေ ပါတယ်။ ၀န်ထမ်းသက်သာငွေနဲ့ အလှူငွေတွေဟာ မည်သည့်နေ ရာတွေမှာသုံးစွဲနေပါသလဲ၊ စိစစ်ဖော်ထုတ်ပေးဖို့လိုအပ်ပါတယ် ’’ ဟု ဦးလှဌေးက သုံးသပ်ပြောကြားသည်။

ထို့အပြင် နိုင်ငံတော်၏ စက် သုံးဆီဆိုင်များ၊ မြေများကိုလည်း စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချ နေသူများက မည်သည့်ဈေးနှုန်း များနှင့် ရယူထားသည်ကို စစ်ဆေးပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

Credit:  7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပထမဆုံးခရစ်ယာန်များတူးဖော်ခဲ့သည်ဟုလူသိများသော တူရကီနိုင်ငံကရှေးဟောင်းလျှို့ဝှက်မြေအောက်မြို့တော်...

နယူးယောက်ရှိ ကမ္ဘာကျော် ခရိုင်စလာ အဆောက်အအုံကြီးကို အမှုရှုံးကာ လက်လွတ်ဆုံးရှုံးသွားသော အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီးက သူ၏နေအိမ်ကို ကန်ဒေါ်လာ ၄၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...

[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆိုနေပုံ ဗွီဒီယိုဖိုင် နာမည်ကြီးနေပြီး လူမှုကွန်ရက် သုံးစွဲသူတို့က ကလေးကို ချစ်ခင်လျက်ရှိ...

အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်...

မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သန်း ထီဆုကြီးကံထူး၊ နွမ်းပါးချို့တဲ့သော ကျောင်းသားများကို ထောက်ပံ့ကူညီ မည်ဟုဆို...

နယူးယောက်မြို့တွင် ပါကစ္စတန်အစိုးရပိုင် Roosevelt ဟိုတယ်ကြီး၌ ရွှေ့ပြောင်းဒုက္ခသည်များ ထောင်သောင်းချီ ကွန်းခိုနေပြီး ပိုင်ရှင်က ရောင်းထုတ်လိုနေ၊ ဒုက္ခသည်များ ပြောင်းရွှေ့သွားမည်ဆိုလျှင် ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ရောင်းထွက်နိုင်ကြောင်း...

တရုတ်ပြည်တွင် နှင်းဖုံးတောင်တန်းပေါ်၌ ၁၀ ရက်ကြာ လမ်းပျောက်ခဲ့သော လူငယ်မှာ သွားတိုက်ဆေးများ စားသောက်ကာ အသက်ရှင်ခဲ့ပုံ...

ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၆၉ သန်းဖြင့် ရောင်းထုတ်ရန် စီစဉ်လာ...

ဂျပန်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများအား ၎င်းတို့ စွဲလမ်းနေသည့် အကျော်အမော်တစ်ဦး ချစ်သူရည်းစားရခြင်း၊ အိမ်ထောင်ပြုခြင်းတို့ကြောင့် အသည်းကွဲပါက အလုပ်မှ ခွင့်ယူခွင့်ပေး...

[ “အတွင်းကလာတဲ့ အသံကို နားထောင်ခဲ့တယ်”] မလေးရှားတွင် အသက် ၂၅ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်လူရွယ်တစ်ဦးက အသံတစ်သံ၏ ခိုင်းစေချက်အတိုင်း ကားနံပါတ်နှင့် အိမ်နံပါတ်တို့ကို ထီထိုးခဲ့ရာ ရင်းဂစ် ၆ သန...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖ

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်

ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

မြေအမျိုးအစားပေါ်မူတည်၍ အမည်ပေါက်ပြောင်းလဲ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service