ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရှေးခေတ်ကလူတွေပုံဖော်ဖန်တီးခဲ့တဲ့ နာမည်ကြီးအဆောက်အဦးများထဲမှာ တူရကီနိုင်ငံက ရှေးဟောင်းလျှို့ဝှက်မြေအောက်မြို့တော်ဟာလည်း အပါအဝင်ဖြစ်ပါတယ်။ အနက်ပေ ၂၈၀ ပေခန့်ထိတူးထားပြီး မြေအောက်မြို့တော်ကြီးရဲ့သက်တမ်းမှာအနည်ဆုံး နှစ်ပေါင်း ၂၈၀၀ ခန့်ရှိနေပါပြီ။ တစ်ချို့အယူအဆတွေကတော့ ခရစ်တော်မပေါ်ခင် ၈-၇ ရာစုလောက်က တူးခဲ့တယ်လို့ ယူဆခဲ့တာဖြစ်တာကြောင့် စက်ကိရိယာတွေမထွန်းကားသေးတဲ့ ဟိုးရှေးခေတ်အချိန်မှာ မြို့တစ်မြို့စာတည်လောက်တဲ့အထိ အနက်ကို ဘယ်လိုများတူးနိုင်ခဲ့တာလဲဆိုတာ အံ့ဩစရာဖြစ်နေမယ့် မေးခွန်းမျိုးပါ။
နှစ်ပေါင်းအတော်ကြာ လျှို့ဝှက်စွာတည်ရှိနေခဲ့တဲ့ မြေအောက်မြို့တော်ကြီးကို ဒီဘက်ခေတ် ၁၉၆၃ ခုနှစ်မှာမှ ပြန်လည်တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဒီလိုမြေအောက်မြို့တော်ကြီးကို ဘာကြောင့်များတည်ဆောက်ခဲ့ကြသလဲလို့ မေးခွန်းထုတ်မယ်ဆို စစ်ပွဲရန်က ကာကွယ်ဖို့ရန်၊ ပြင်းထန်တဲ့ ရာသီဥတုဒဏ်က လွတ်မြောက်ဖို့ရန်အတွက် တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။
တူရကီနိုင်ငံ Cappadocia ဒေသမှာ တူးဖော်ခဲ့တာဖြစ်ပြီး Soft Volcanic Rock မီးတောင်ကျောက်ဖြူများဖြစ်တာကြောင့်မို့ ဒီလောက်အနက်အထိ တူးဖော်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ပိုပြီးထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့အချက်က မြို့တည်ဆောက်တဲ့နေရာမှာ စာသင်ကျောင်းနဲ့ဘုရားကျောင်းများကိုပါ ထည့်သွင်းဆောက်လုပ်ခဲ့တာပါ။
ကျောက်အိမ်လေးများပုံစံလူနေအိမ်မျာဖွဲ့စည်းပေးထားပြီး လေဝင်လေထွက်စနစ် (၁၀၀ ကျော်) ပါဝင်ထားပြီး အသက်ရှုမမွမ်းအောင်လည်း ဖန်တီးပေးထားပါသေးတယ်။ ၂၈၀ ပေ အထိနက်တဲ့ မြေအောက်မြို့တော်နာမည်က Derinkuyu ဖြစ်ပြီး တစ်ခေတ်တစ်ခါက လူပေါင်း ၂၀၀၀၀ ကျော်အထိ နေထိုင်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ အံ့ဩဖွယ်ရာတွေ့ရှိမှုတစ်ခုဖြစ်ကာ ခရီးသွားများပျားပန်းခတ်လာရောက်လေ့လာကြတဲ့ မြေအောက်မြို့တော်တစ်ခုဖြစ်လာပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com