ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အများပြည်သူသို့ အစုရှယ်ယာရောင်းချခွင့်ရှိသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ၆၁ ခုသာ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
“ ရှယ်ယာလာရောင်းရင် ခွင့်ပြုကုမ္ပဏီ (၆၁) ခုထဲကဟုတ်မဟုတ် အရင်စစ်ကြည့်ပါ။ မဟုတ်ရင် လုံးဝမဝယ်ကြပါနဲ့လို့ ပြောချင်ပါတယ် ”ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ နှင့်အညီ ဖွဲ့စည်း မှတ်ပုံတင်ထားသော အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ အနက် အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်ရှိသော ကုမ္ပဏီ ၅၅ ခု စာရင်းအား ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၈ ၇က်နေ့ တွင်လည်းကောင်း၊ ထပ်မံ၍ ခွင့်ပြု ခဲ့သော ကုမ္ပဏီ လေးခု စာရင်းအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင်လည်းကောင်း သတင်စာများမှ ကြေညာထားခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ထို့ပြင် အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်ရှိသည့် ကုမ္ပဏီများအဖြစ် အောက်တိုဘာလ ၂ ရက်တွင် အမတဟိုး(လ်)ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ တီအမ်အိတ်ခ်ျ ဆက်သွယ်ရေး အများနှင့်သက်ဆိုင် သော ကုမ္ပဏီ လီမိတက်တို့ကို ထပ်မံကြေညာလိုက်သည်။
အဆိုပါ ကုမ္ပဏီ ၆၁ ခုမှ လွဲပြီး ကျန်မည်သည့် စီးပွားရေးလုပ်ငန်းမျှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် မရှိသည့်အပြင် အများပြည်သူသို့ အစုရှယ်ယာရောင်းချရန် ထပ်မံခွင့်ပြုသော ကုမ္ပဏီများရှိ လာပါက ၎င်းကုမ္ပဏီများ၏ စာရင်းကို ဆက်လက်အသိပေး ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
Credit: Pyi Myanmar