စက်မှုဇုန်ဘက်က ဧကကွက်အချို့ အငှားသွက်

စက်မှုဇုန်ဘက်က ဧကကွက်အချို့ အငှားသွက် - Property News in Myanmar from iMyanmarHouse.com
2 Oct 2018 12:35 pm တွင် တင်ခဲ့သည်
1523 ကြိမ် ကြည့်ရှု့ပြီး

စက်မှုဇုန်တွေဘက်က ဂိုဒေါင်အကြီးစားပါဝင်တဲ့ ဧကကွက်အချို့ သည်ရက်ပိုင်းအငှားသွက်နေတယ်လို့ အကျိုးဆောင်လုပ်ငန်းအချို့က သိရပါတယ်။

စက်မှုဇုန်၊ ပတ်ဝန်းကျင်ရှိ ဂိုဒေါင်ပါ မြေကွက်အငှားဈေးနှုန်းတွေက နေရာအနေအထား အကျယ်အဝန်းအလိုက် ကျပ်သိန်း (၂၀)ကျော်ကနေ သိန်း (၁၀၀)ကျော်အထိရှိပြီး အကျယ်အဝန်းနဲ့ လမ်းအနေအထားပေါ်မူတည်ကာ ဈေးနှုန်းအမျိုးမျိုးကွာခြားတယ်လို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးမျိုးက ပြောပါတယ်

စက်မှုဇုန်ဝန်းကျင်ရှိ ဂိုဒေါင်အငှား ဈေးကွက်သွက်နေပြီး ငှားရမ်းလိုသူ မြင့်တက်လာတာနဲ့အမျှ အငှားဈေးတွေလည်း မြင့်တက်နေပါတယ်။ မြေကွက် ကျယ်ကျယ်တွေ ပိုမို ဈေးတက်တယ်။ သည်နေရာတွေရဲ့ ငှားရမ်းခနှုန်းထားဟာ တစ်လပျမ်းမျှ ကျပ်သိန်း (၃၀)ခန့်ကနေ ရာပိုင်းအထိ ရှိတယ်၊ ပြီးခဲ့တဲ့ (၂၀၁၇)ခုနဲ့ နှိုင်းယှဉ်ရင် (၁၀)ရာခိုင်နှုန်းမှ (၂၀)ရာခိုင်နှုန်းခန့်ထိ ဈေးတက်တယ်။

သည်အခြေနေမှာ စက်မှုဇုန် မြေအရာင်းအဝယ်ဈေးကွက် ကျဆင်းနေသလို ဈေးတွေကလည်း ကျဆင်းတယ်။ သည်အတွက် ပိုင်ရှင်အချို့က အရှုံးခံမရောင်းချင်တာကလဲ ဂိုဒေါင်ဆောက်လုပ်ငှားရမ်းမှုတွေ ပိုမိုများပြားစေတယ်လို့ သိရပါတယ်။ ဒါအပြင် မြေကွက်အလွတ်တွေကို အဆောက်အအုံတွေ ဆောက်လုပ်ရန်အစိုးရရဲ့ သတ်မှတ်ချက်ကို လိုက်နာပြီး ဖြစ်သလို ကျူးကျော်မှု အန္တရာယ်ကိုလည်း ကာကွယ်ပြီးဖြစ်တဲ့အတွက် မြေကွက်ပိုင်ရှင်အချို့က ဂိုဒေါင်တွေ ဆောက်လုပ်ပြန်လည်ငှားရမ်းတဲ့လုပ်ငန်းကို သည်နောက်ပိုင်းမှာ လုပ်တာများလာတယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။

စက်မှုဇုန်မှာ မြေကွက်ငှားရမ်းလိုသူအများစုက အသီးအနှံ၊ စက်ပစ္စည်းနဲ့ အခြားကုန်စည်တွေ သိုလှောင်ဖို့ အများဆုံး ငှားရမ်းတယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service