ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
(၁) ကာတာတွင် လာမည့် ၂၀၁၉ ၌ ကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံအထိ သုံးစွဲကာ လမ်းဖွံ့ဖြိုးမှု စီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိ။ ကာတာနိုင်ငံတွင် လာမည့် ၂၀၁၉ ခုနှစ်၌ ကာတာငွေ ၂၀ ဘီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ) အထိ သုံးစွဲကာ လမ်းဖွံ့ဖြိုးမှု စီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်ရှိကြောင်း ဘာရိန်းအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။ ဒိုဟာတွင် လမ်းမများ ပြန်လည်ဆောက်လုပ်မှုများအပါအဝင် ကျောက်ခင်းလမ်းများ၊ လူသွားလမ်းများနှင့် စက်ဘီးလမ်းများ ဖောက်လုပ်ခြင်းတို့လည်း ပါဝင်သည်။
(၂) အောက်တိုဘာလ ၂ ရက်တွင် ဒူဘိုင်း၌ ကျင်းပမည့် Cityscape Global အိမ်ခြံမြေပြပွဲကြီးတွင် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ၃၀၀ နီးပါးဝင်ရောက်ပြသကြမည်ဖြစ်သည်။ အဆိုပါပြပွဲသည် အရှေ့အလယ်ပိုင်းတွင် အကြီးမားဆုံးပြပွဲကြီးတစ်ခုလည်း ဖြစ်သည်။
(၃) အီဂျစ်နိုင်ငံတွင် မီးရထားလမ်းဖွံ့ဖြိုးရေးစီမံကိန်းကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ အကုန်အကျခံ အကောင်အထည် ဖော်ရန်အတွက် အီဂျစ် ပို့ဆောင်ရေးဝန်ကြီးဌာနက ရုရှား၊ ဟန်ဂေရီကုမ္ပဏီများနှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်သည်။
(၄) ဒူဘိုင်းတွင် အောက်တိုဘာ ၂ ရက်မှ စတင်ကျင်းပမည့် Cityscape Global အိမ်ခြံမြေပြပွဲနှင့် ဆွေးနွေးပွဲကြီးတွင် အဓိက ဆွေးနွေးမည့် အကြောင်းအရာမှာ “ပျော်ရွှင်မှု” အကြောင်းဖြစ်သည်ဟုဆိုသည်။
(၅) ဒူဘိုင်းမြေယာဦးစီးဌာနလက်အောက်ရှိ အိမ်ခြံမြေကွပ်ကဲရေးအဖွဲ့ (RERA) က အွန်လိုင်းစနစ်မှတဆင့် အိမ်ခြံမြေလိုင်စင်ပေါင်း ၅၀၀၀၀၀ ခန့် ထုတ်ပေးခဲ့ပြီးဖြစ်
(၆) အကြွေးနွံနစ်နေသော တရုတ်ထိပ်တန်းကုမ္ပဏီကြီး Anbang က ဂျပန်တွင် ပိုင်ဆိုင်ထားသော ကန်ဒေါ်လာ သန်း ၂၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို ရောင်းထုတ်ရန် စီစဉ်လျက်ရှိ
(၇) စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက် တည်ငြိမ်မှုရှိစေရန်အတွက် အစိုးရက တင်းကြပ်သည့်စည်းမျဉ်းများ ချမှတ်ခဲ့သည့်တိုင် လူနေအိမ်ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိနေပြီး စက်တင်ဘာ ၃၀ ရက်တွင် အဆုံးသတ်ခဲ့သော ၃ လပတ် ကာလအတွင်း အိမ်ခြံမြေဈေးများ ၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)