ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အမေရိကန်ဒေါ်လာ သန်း ၅ဝဝခန့် ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် MyaYeikNyo Royal Hotel ဝင်းအတွင်း တည်ဆောက်ရန်စီစဉ်နေသော Yangon New World Project စီမံကိန်းမှာ ရန်ကုန်မြို့၏ စီမံကိန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။
ယင်းစီမံကိန်းသို့ စက်တင်ဘာလ ၂၂ ရက်ညနေပိုင်းက တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဟူနန်ပြည်နယ်ဒုတိယဝန်ကြီး ချုပ် နှင့်အဖွဲ့ မစ္စတာ He Bao Xiang နှင့်အဖွဲ့တို့လာရောက်ကာကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး စီမံကိန်းနှင့် ပတ်သက်ပြီး လုပ်ဆောင်နေမှုများအပေါ်ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
China State Construction Engineering Corporation Ltd နှင့် ဇေကမ္ဘာကုမ္ပဏီတို့မှ ပူးပေါင်းလုပ်ဆောင်မည့် ၁၄ ဧက အကျယ်အဝန်းရှိသော အဆိုပါ ဘက်စုံသုံး Mix-Usedစီမံကိန်းကို တည်ဆောက်ရာတွင် ၂၂ထပ်ထိ မြင့်မည့်ကွန်ဒိုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မူလက ၂ဝ၂ဝ-၂ဝ၂၁ အပြီးတည်ဆောက်မည်ဟု ရည်ရွယ်ထားသော်လည်း စာရွက်စာတမ်းများ ရပြီးလို့ရှိရင် နှစ်နှစ်လောက်အတွင်းတွင်အပြီးလုပ်မည်ဟုပြောသည်။ဟိုတယ်ကိုလည်း ဖျက်ပြီးအသစ်ပြန်ဆောက်မည်။
ကွန်ဒို၊Service Apartment အားလုံးပေါင်း ၁၆ လုံးခန့် ပြန်ဆောက်ရန်ရှိသည်။စီမံကိန်းတွင် ဇေကမ္ဘာကုမ္ပဏီက ၄ဝရာခိုင်နှုန်းလောက်နှင့် တရုတ်ဘက်က ၆ဝ ရာခိုင်နှုန်း လောက်ရင်းနှီးမြှုပ်နှံကြဖို့ရှိသည်။ အားလုံးရင်းနှီးမြှုပ်နှံမှုဒေါ်လာ သန်း၅ဝဝလောက်ရှိမည်ဟု ခန့်မှန်းထားသည်။
အထပ် ၂၂ထပ်ဆောက်မည်ဟုခန့်မှန်းထားသည်။နိုင်ငံတော်အစိုးရမှ ရွှေတိဂုံဘုရားအမြင့်ထက်နိမ့်အောင်ဆောက်ရမည်ဆိုသည့် သတ်မှတ်ချက်ရှိသည့်အတွက် နိမ့်အောင်ဆောက်မည်ဆိုပြီးတော့ စည်ပင်သာယာကလည်း အားလုံးခွင့်ပြုပြီးပြီဖြစ်သည်။
သူတို့နဲ့လည်းအားလုံးညှိနှိုင်းပြီးပြီ ထိုအထဲတွင်လူနေအိမ်၊Service Apartment၊ကွန်ဒို၊စူပါမားကတ်၊ကြယ်ငါးပွင့်အဆင့်ဟိုတယ်များ ပါဝင်မည်ဖြစ်သည်။နောင်တစ်ချိန်တွင် ရန်ကုန်မြို့၏ Land Mark ကြီးဖြစ်သွားစေမည့် Project တစ်ခုပင်ဖြစ်သည်။
Credit :Pyi Myanmar