မိုးရာသီ ဘဏ်ချေးငွေယူစဉ် ပုံစံ(၇) ပြထားသည့် ဧကထက်ပိုလျှင် ထပ်မံပြသရန် မလိုဘဲ ငွေချေးနိုင်ဟု တိုင်းဝန်ကြီးပြော

မိုးရာသီ ဘဏ်ချေးငွေယူစဉ် ပုံစံ(၇) ပြထားသည့် ဧကထက်ပိုလျှင် ထပ်မံပြသရန် မလိုဘဲ ငွေချေးနိုင်ဟု တိုင်းဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
1 Oct 2018 10:25 am တွင် တင်ခဲ့သည်
1400 ကြိမ် ကြည့်ရှု့ပြီး

မိုးရာသီ ချေးငွေယူစဉ် ဘဏ်တွင် ပုံစံ(၇)ပြထားသည့် ဧကထက်ပိုနေလျှင် ပုံစံ(၇)ထပ်မံ တင်ပြရန် မလိုဘဲ ငွေထုတ်ချေးနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောသည်။

စက်တင်ဘာ ၂၉ ရက်တွင် ပြုလုပ်သော စစ်ကိုင်းတိုင်းလွှတ်တော်အစည်းအဝေး၌ ကသာ မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၏ မေးခွန်း နှင့်ပတ်သက်၍ ဦးစိုးဦးက ပြန်လည်ဖြေကြားသည်။

‘‘ ဥပမာ တောင်သူတစ်ဦး သည် ၁၀ ဧကပိုင်သော မြေပေါ် တွင် လယ် ငါးဧကအတွက် မိုးချေး ငွေထုတ်ချေးခဲ့ပြီး နှစ်ဧကပေါ်တွင် နှမ်းသီးနှံစိုက်ပျိုးခဲ့ပါက ဆောင်း ချေးငွေကိုလည်းကောင်း၊ ကျန် သည့်ဧကကြံစိုက်ပျိုးပါက မိုးကြို ချေးငွေကိုလည်းကောင်း ထုတ်ယူနိုင်မှာ ဖြစ်ပါတယ် ’’ ဟု ဦးစိုးဦးက ပြောသည်။

၂၀၁၈ ကစ၍ မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်မှ ပုံစံ(၇) သိမ်းယူသဖြင့် ကျန်သည့် လယ်ကြံစိုက်ခင်းများအတွက် လယ်ယာ မြေစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့်၏ ထောက်ခံချက် ပါဝင်သော်လည်း ပုံစံ(၇)မိတ္တူဖြင့် ချေးငွေထုတ်ချေးမရသည့် အခက်အခဲတောင်သူများကြုံတွေ့နေ ကြောင်း ဦးညီညီထွန်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

ကသာမြို့နယ်တွင် ၂၀၁၂ လယ်ယာမြေ ဥပဒေထွက်ပြီး နောက် ယခင်အစိုးရစီမံချက်ဖြစ်သည့် တောင်သူများ၏ လယ်ယာ မြေများကို သုံးလအတွင်း ပုံစံ (၇) ထုတ်ပေးရေး စီမံချက်ချမှတ် ဆောင်ရွက်ခဲ့သည်။ ထိုစီမံချက် ၏ အားနည်းချက်ဖြစ်သော မြေတိုင်းစာရေးများ မပြည့်စုံခြင်း နှင့် အချိန်ကာလတိုတောင်းခြင်း ကြောင့် လယ်ယာမြေများကို တိုင်းတာချိန် မလုံလောက်သဖြင့် လယ် ပုံစံ(၇)ကို ယာပုံစံ (၇)အဖြစ် ထွက်ခြင်းများရှိကြောင်း ၎င်းက ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ၂၀၁၇ အထိ ပုံစံ(၇)မူ ရင်း မသိမ်းယူမီ မြေပြင်အမှန်တွင် စိုက်ပျိုးနေသော သီးနှံဧကကို ကျေးရွာနှင့် မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့် ထောက်ခံချက်ဖြင့် ချေးငွေထုတ်ပေးကာ အဆင်ပြေချောမွေ့ ခဲ့သည်။

Credit:  7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

Pan Swal Taw
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service