တရုတ်ပြည်၊ကွမ်တုံပြည်နယ်တွင် ကွန်ဒိုခန်းများကြိုတင်ရောင်းချခြင်းကို ပိတ်ပင်ရန်သုံးသပ်လျက်ရှိ

တရုတ်ပြည်၊ကွမ်တုံပြည်နယ်တွင် ကွန်ဒိုခန်းများကြိုတင်ရောင်းချခြင်းကို ပိတ်ပင်ရန်သုံးသပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
28 Sep 2018 12:26 pm တွင် တင်ခဲ့သည်
1029 ကြိမ် ကြည့်ရှု့ပြီး

တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်အစိုးရသည် တရုတ်အိမ်ခြံမြေ developer များအတွက် နှစ်ပေါင်းများစွာ အဓိက အထောက်အကူပေးခဲ့သော အခန်းကြိုတင်ရောင်းချသည့် ကြိုပွိုင့်စနစ်ကို ရပ်ဆိုင်းရန် သုံးသပ်လျက်ရှိသည်။

တရုတ်အိုးအိမ်နှင့် မြို့ပြ-ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန (MOHURD) ၏ ကွမ်တုံဌာနခွဲက ပြီးခဲ့သော ရက်သတ္တပတ်အတွင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

တရုတ်ပြည်တွင် ၁၉၉၄ ခုနှစ်မှ စတင်ကာ ဆောက်လုပ်ရေးစီမံကိန်းများ မပြီးစီမီ ကြိုတင်ရောင်းချခွင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Developer တို့က ကြိုတင်ရောင်းချရငွေများဖြင့် မြေနေရာများ ထပ်မံဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိသည်။

သတိပေးစာတွင် ဖော်ပြထားချက်အရ လက်ရှိစနစ်သည် အပြီးမသတ်သေးသော စီမံကိန်းများမှတဆင့် စီးပွားရေးကဏ္ဍတစ်ခုလုံး အတွက် အန္တရာယ်များ ပေါ်ပေါက်စေသည့်အပြင် မမျှတသည့်ယှဉ်ပြိုင်မှုနှင့် ထိန်းချုပ်၍ မရနိုင်သော အရောင်းအဝယ်လှုပ်ရှားမှုများ ပေါ်ပေါက်လာစေကြောင်း ဖော်ပြထားသည်။

“နေအိမ်များ ကြိုတင်ရောင်းချခွင့်များနှင့် စပ်လျဉ်းသည့် အမြင်များအပေါ် အရေးပေါ်သတိပေးချက်” အမည်ပေးထားသည့် အဆိုပါ သတိပေးစာကို ဟူဘေး၊ ကျန်းဆု၊ ဟီနန်၊ လျောင်နင်းနှင့် ကွမ်တုံပြည်နယ်အစိုးရများထံ ဖြန့်ဝေပေးခဲ့သည်ဟု ဆိုသည်။

တရုတ်ပြည်၏ ထိပ်တန်း developer ဖြစ်သော Country Garden Holdings Co, သည် ကြိုတင်ရောင်းချသည့်စနစ်အပေါ် များစွာမှီခိုသည့် ကုမ္ပဏီဖြစ်ရာ ယခုသတိပေးချက်ထွက်ပေါ်ပြီးနောက် Country Garden ၏ ရှယ်ယာတန်ဖိုးများမှာ ၅ ဒသမ ၅၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ထို့အပြင် Shimao Property ၏ ရှယ်ယာများမှာ ၅ ဒသမ ၂၂ ရာခိုင်နှုန်း၊ CR Land မှာ ၄ ဒသမ ၈၃ ရာခိုင်နှုန်း၊ Sunac မှာ ၄ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် ကွမ်ကျိုးအခြေစိုက် Agile Group မှာ ၃ ဒသမ ၈၈ ရာခိုင်နှုန်းအသီးသီးဖြင့် ရှယ်ယာဈေးနှုန်းများ ကျဆင်းသွားခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

Pan Swal Taw
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service