ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနရုံးအောက်ရှိ မြို့နယ်တချို့မှာ ဝန်ထမ်းအိမ်ရာနဲ့ ရုံးအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်မှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံသား ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီ လုပ်ငန်းရှင်တွေအနေနဲ့ အိတ်ဖွင့်တင်ဒါတင်သွင်းဖို့ ဖိတ်ခေါ်နေပါတယ်။
(က) သာကေတမြို့နယ်၊ (၆)အနောက်ရပ်ကွက်၊ မြင်တော်သာလမ်း၊ အမှတ် (၇၆) မြေကွက်ပေါ်မှာ (၅၈.၅x၅၅)ပေ (၄)ခန်းတွဲ (၇)ထပ် (မြေညီကားပါကင်အပါအဝင်) ဝန်ထမ်းအိမ်ရာ(၂)လုံး ဆောက်လုပ်ရန်။
(ခ) သင်္ဃန်းကျွန်းမြို့နယ်၊ (ဃ)ရပ်ကွက်၊ (၁၆)လုပ်သားလမ်း၊ မြေကွက်အမှတ် (၃၃/က)၊ (၃၃/ခ) ပေါ်မှာ (၈၇x၅၅)ပေ (၆)ခန်းတွဲ (၇)ထပ်၊ မြေညီထပ်၊ ကားပါကင်အပါအဝင် ဝန်ထမ်းအိမ်ရာ(၂)လုံးဆောက်လုပ်ခြင်း။
(ဂ) လှိုင်သာယာမြို့နယ်၊ သောင်ကြီးမြောက်၊ (၈)ရပ်ကွက်၊ အမှတ် (၄၆)ရှိ မြေအကျယ်အဝန်း (ပေ ၁၃၀xပေ ၁၇၀) ပေါ်မှာ (ပေ ၉၀xပေ ၃၀) (တစ်ထပ်သံကူကွန်ကရစ် အမျိုးအစား) ရုံးအဆောက်အအုံတစ်လုံး ဆောက်လုပ်ရန် ဖြစ်ပါတယ်။
လုပ်ငန်းရှင်တွေ လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာတွေကို (၁၅-၁၀-၂၀၁၈)ရက်နေ့က စဝယ်ယူနိုင်ပြီး (၁၄-၁၁-၂၀၁၈)ရက်နေ့ (၃း၀၀)နာရီ နောက်ဆုံးထား ပြန်တင်သွင်းရမှာ ဖြစ်ပါတယ်။ တင်ဒါပုံစံ (Form) တွေကို ပြည်တွင်းအခွန်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး၊ အမှတ် (၁၆၃/၁၆၇)၊ ပန်းဆိုးတန်းအလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်မှာ ဝယ်ယူနိုင်ပြီး တင်ဒါစည်းကမ်းချက်တွေနဲ့အညီ အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာ တင်သွင်းရမှာ ဖြစ်ပါတယ်။
အသေးစိတ် အချက်အလက်တွေ သိရှိလိုပါက (ဖုန်း ၀၁-၂၅၂၄၂၈၊ ၀၁-၂၅၂၅၄၃၊ ၀၁-၃၇၂၃၀၉) ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးတွေကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Credit: The Modern