ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ယင်းမာပင်မြို့တွင် မြို့ မြေချဲ့ထွင်အသုံးပြုနိုင်ရေး ဥပဒေ နှင့်အညီ တင်ပြဆောင်ရွက်မည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောသည်။
စက်တင်ဘာ ၂၅ ရက်စစ် ကိုင်းတိုင်းလွှတ်တော်အစည်းအဝေးတွင် ယင်းမာပင်မြို့နယ်မဲဆန္ဒ နယ်အမှတ်(၂)တိုင်းလွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်မေရီ၏ မေးခွန်းနှင့်ပတ်သက်၍ ဗိုလ်မှူး ကြီး သန်းထွန်းအောင်က ပြန် လည်ဖြေကြားခြင်းဖြစ်သည်။
ယင်းမာပင်မြို့သည် ၀န်ထမ်းအများဆုံးနေထိုင်သော မြို့ ဖြစ်ပြီး စီးပွားရေးအရ မဖွံ့ဖြိုးဘဲ လက်ရှိနေအိမ်များတွင် တစ်လလျှင် အိမ်ငှားခကျပ်ငါးသောင်းမှ တစ်သိန်းအထိပေး၍ ငှားရမ်းနေ ထိုင်ရကြောင်း ဒေါ်အောင်မေရီက လွှတ်တော်သို့တင်ပြသည်။
ယင်းမာပင် မြို့အထွက်ရှိ ယာမြေပေါ်တွင် မြို့ခံဦးမောင် လွင်က အကွက်ချရောင်းချခဲ့သော ၈ ဒသမ ၉၈ ဧကအတွက် ရပ်ကျေးလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ကို စိစစ်တင်ပြရန်ဆုံးဖြတ် အကြောင်းကြားထားကြောင်း၊ ယင်းမာပင်-ပုလဲကားလမ်းညာ ဘက်ရှိ တောင်သူငါးဦးပိုင်ဆိုင် သော ယာမြေ ၁၀ ဧကကျော်ကို မြို့ကွက်အဖြစ်ဖော်ဆောင်ရန် တောင်သူများက သဘောတူထား ကြောင်း၊ ထို့ကြောင့် ယာမြေစုစုပေါင်း ၁၉ ဧကကျော်တွင် မြို့ကွက် ဖော်ဆောင်မည်ဖြစ် ကြောင်း ဗိုလ်မှူးကြီး သန်းထွန်း အောင်က ပြောသည်။
‘‘အဆိုပါမြေများကို မြို့ ကွက်ဖော်ဆောင်ရန် သင့်လျော်သည့်အတွက် မူလတောင်သူများ ကိုပါစည်းရုံးပြီး မူလတောင်သူ များက သဘောတူညီစွာအုပ်ချုပ် ရေးမှူးထံအပ်နှံပါက မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီအနေဖြင့် မြို့မြေ အဖြစ် သတ်မှတ်ရန် လယ်ယာမြေ လုပ်ထုံးလုပ်နည်းနှင့်အညီ လယ(၃၀) လျှောက်ထားတင်ပြပြီး အသုံးပြုခွင့်ရရှိပါက မြို့မြေအဖြစ် အသုံးပြုနိုင်ရေးဥပဒေနှင့်အညီ တင်ပြဆောင်ရွက်ပေးသွားမည်’’ ဟု ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောသည်။
ယင်းမာပင်မြို့သည် ရပ်ကွက်လေးခုဖြင့် ဖွဲ့စည်းထားပြီး အိမ်ခြေ ၁,၀၀၆ အိမ်၊ အိမ်ထောင် စု ၉၉၀ စု၊ လူဦးရေ ၄,၄၇၅ ဦးနေ ထိုင်ကာ ၂၀၁၃ တွင် ခရိုင်မြို့အ ဖြစ် သတ်မှတ်ခဲ့သည်။
‘‘ အရင်အစိုးရ လက်ထက် အကွက်ရိုက်ရောင်းချထားခဲ့ သော မြေကွက်များကို မြို့မြေအ ဖြစ် သတ်မှတ်ပေးပြီးလူနေအိမ် များကို ဆောက်ခွင့်ပြုခဲ့ပါတယ်။ ယခုလို ခွင့်ပြုလိုက်တဲ့အတွက် ပြည်သူ့အတွက်လည်း အဆင် ပြေ၊ မြို့စည်ပင်အတွက် အခွန် များ တိုးပွားလာမှာဖြစ်ပါတယ်’’ ဟု ဒေါ်အောင်မေရီက ပြောကြားသည်။
Credit: 7Daydaily