ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ပုဂ္ဂလိကဘဏ်များမှဘဏ်လျေးငွေဖြင့်အရစ်ကျရောင်းချသည့်အိမ်ရာဝယ်ယူမှုတွင် တိုက်ခန်းများထက် မြေကွက်နှင့်လုံးချင်းတိုက်များကိုလူစိတ်ဝင်စားမှုပိုမိုမြင့်တက်နေသည်ဟု အိမ်ခန်းဝယ်ယူမည့်သူတချို့ထံက သိရသည်။
" အိမ်ကိုအရစ်ကျဝယ်ဖို့အစကတော့ကွန်ဒိုဘက်ကိုကြည့်ဖြစ်တယ်နောက်ပိုင်းကြတော့တချို့ဘဏ်တွေကလုံးချင်းအိမ်ကိုလည်းအရစ်ကျပေးစနစ်နဲ့ရောင်းပေးမယ်ကြားတော့လုံးချင်းအိမ်ကိုပိုလိုချင်တယ် ကွန်ဒိုကြတော့ဝယ်ထားရင်အရှုံးကပိုများတယ် လုံးချင်လေးကြတော့ဈေးကလည်းသိပ်မကွာဘူးရတဲ့နေရာနဲ့အကျယ်အဝန်းကလည်းပိုစိတ်ကြိုက်ဖြစ်တော့လုံးချင်းကိုပိုကြိုက်မိတယ် ''လို့ အရစ်ကျစနစ်ဖြင့်အိမ်ဝယ်ယူမည့်မနီလာက ပြောသည်။
လက်ရှိပုဂ္ဂလိကဘဏ်များသည် ကျပ်သိန်းနှစ်ရာနှင့်အထက်ခိုင်မာမှုရှိသည့် အိမ်ခန်းနှင့်လုံးချင်းအိမ်ရာများကိုအရစ်ကျတစ်နှစ်မှအနှစ်၂၀ထိအရစ်ကျပေးပုံစံဖြင့်ရောင်းချလျက်ရှိပြီး အတိုးနှုန်းတစ်နှစ်လျင်၁၃ရာခိုင်နှုန်းဖြင့်အိမ်ခန်းတန်ဖိုး၃၀ရာခိုင်နှုန်းသွင်းဖြင့် ရောင်းချလျက်ရှိသည်။ ယခင်ကတိုက်ခန်းများကိုသာရောင်းချပေးခဲ့ပြီး ယခုနှစ်ပိုင်းမှစတင်ကာလုံးချင်းတိုက်များကိုလည်းစတင်ဝယ်ယူခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
လုံးချင်းအိမ်များကိုရိုးမဘဏ် ၊ ကမ္ဘောဇဘဏ်များ၌သာဝယ်ယူနိုင်ပြီးတစ်ခြားဘဏ်များသည် တိုက်ခန်းများကိုသာအရစ်ကျစနစ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com