ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အထူးစုံစမ်းစစ်ဆေးရေး ဌာန (စစစ)က ၀င်ရောက်စစ်ဆေးပြီးနောက် ရန်ကုန်နှင့် မန္တလေးရွှေ ဈေးကွက်တို့ စက်တင်ဘာ ၂၅ ရက်တွင် ရပ်ဆိုင်ခဲ့ကြောင်း ရန်ကုန်၊ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌများက ပြောသည်။
ရွှေအရောင်းအ၀ယ်ပြုလုပ် သည့် ဈေးကွက်ရှိရာ ရွှေဘုံသာ (မဂို)လမ်းတွင် စက်တင်ဘာ ၂၄ ရက်၌ အထက်ပါဌာနက ၀င်ရောက်စစ်ဆေးပြီး စက်တင်ဘာ ၂၅ ရက်တွင် ရွှေဈေးကွက်ဖွင့်ရန် စီစဉ်ခဲ့သော်လည်း ရွှေကုန်သည်များမလာ၍ ဈေးမဖွင့်ခဲ့ပေ။
‘‘ဈေးကွက်က ဖွင့်ထားတယ်။ ကုန်သည်တွေမလာကြလို့ အရောင်းအ၀ယ်မရှိတာ’’ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ရန်ကုန်ရွှေဈေးကွက်သည် မြန်မာတစ်နိုင်ငံလုံး၏ ရွှေဈေးကို သတ်မှတ်ရာနေရာဖြစ်ပြီး အခြား မြို့များက ရန်ကုန်ဈေးကွက်ပေါ်မူ တည်၍ ဈေးဖွင့်ရခြင်း ဖြစ်သည်။
‘‘ရန်ကုန်ဈေးကွက်မဖွင့် တော့ မန္တလေးဈေးကွက်လည်း မဖွင့်နိုင်ဘူး။ ဖွင့်ဖို့တော့ လုပ်ထား တယ်။ လုပ်ငန်းရှင်တွေမလာကြတာ။ ဒါကြောင့် မန္တလေးမှာ ရွှေပေါက်ဈေးကို မရှိဘူး’’ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။
ဈေးကွက်မဖွင့်နိုင်ခြင်း ကြောင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်းအောက် ကျဆင်းခဲ့သည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။
စက်တင်ဘာ ၂၀ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၀၄၅,၀၀၀ ပေါက်ဈေးရှိ ရာမှ စက်တင်ဘာ ၂၅ ရက်တွင် ကျပ် ၉၉၈,၀၀၀ ပေါက်ဈေးရှိခဲ့ သည်။ ‘‘ဈေးကျတာက ဒေါ်လာဈေးကြောင့်ဖြစ်မယ်။ ဒေါ်လာ သမားတွေ ဖမ်းနေလို့ ရွှေဈေး လည်းလိုက်ကျလာတာ’’ ဟု အောင်သမာဓိရွှေဆိုင်အထွေ ထွေမန်နေဂျာ ဦးမော်က ပြော သည်။
Credit: 7Daydaily