ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
နေကမ္ဘာမြန်မာ ဆောက်လုပ်ရေးမှ ထိပ်တန်းအရည်အသွေးဖြင့် တည်ဆောက်ထားသည့် လုံးချင်းကဲ့သို့ Privacy ရှိရှိနေနိုင်မည့် Royal Aung Zay Ya Residence အရောင်းပြပွဲတစ်ရပ်ကို မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ စက်တင်ဘာလ ၂၂ ရက် နှင့် ၂၃ ရက်နေ့များတွင် ရန်ကုန်မြို့  ၊ ရန်ကင်းမြို့ နယ် ကျောက်ကုန်းရှိ အဆိုပါကွန်ဒိုတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
Royal Aung Zay Ya ကွန်ဒိုတွင် အိပ်ခန်း (၄) ခန်း ၊ ကားပါကင် ၊ ဓာတ်လှေကား ၊ ရေကူးကန် ၊ အားကစားခန်းမ ၊ ၂၄ နာရီ မီးစက် တို့ပါဝင်ပြီး အနီးအနားတွင်လည်း Myanmar Plaza ၊ Sedona Hotel ၊ Yankin ကလေးဆေးရုံ နှင့် International School တို့ တည်ရှိသည်။
အရောင်းပြပွဲ (၂) ရက်အတွင်း အထူးသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ပြီး ငွေပေးချေမှုပုံစံကိုလည်း ညှိနှိုင်းပေးထားကြောင်း သိရသည်။
“ ဒီ Royal Aung Zay Ya ကွန်ဒိုဟာ ရန်ကင်းမြို့နယ်မှာ တည်ရှိပါတယ် ။ အနီးအနားမှာဆိုရင်လည်း ဈေးဝယ်စင်တာတွေ ၊ ဟိုတယ်တွေ ၊ ဆေးရုံနဲ့ ကျောင်းတွေ ရှိပါတယ်။ ဒီစီမံကိန်းတစ်ခုလုံးမှာ (၂၃) ခန်းသာ ရှိတာကြာင့် (လုံးဝ) Privacy ရှိပါတယ်။ ပြီးတော့ ဒီကွန်ဒိုဟာ အရေအတွက်ထက် အရည်အသွေး ကောင်းမွန်ခြင်းကို ဦးစားပေးထားပြီး အခန်းဖွဲ့ ကောင်းမွန်တယ်။ Branded ပစ္စည်းတွေကို သုံးထားလို့ နေထိုင်သူတွေ အကြိုက်တွေ့စေမှာပါ ” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားခဲ့သည်။
iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက် မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)