လူသွားလမ်းအလယ်ရှိ စီးပွားရေးကြော်ငြာဆိုင်းဘုတ်များကို ပြောင်းရွှေ့စိုက်ထူထားဟု ရန်ကုန်မြို့တော်ဝန်ပြောကြား

လူသွားလမ်းအလယ်ရှိ စီးပွားရေးကြော်ငြာဆိုင်းဘုတ်များကို ပြောင်းရွှေ့စိုက်ထူထားဟု ရန်ကုန်မြို့တော်ဝန်ပြောကြား - Property News in Myanmar from iMyanmarHouse.com
25 Sep 2018 12:27 pm တွင် တင်ခဲ့သည်
1853 ကြိမ် ကြည့်ရှု့ပြီး

လူသွားပလက်ဖောင်း အလယ်တွင် စိုက်ထူထားသည့် စီးပွားရေးကြော်ငြာ ဆိုင်းဘုတ် များကို ပလက်ဖောင်းနောက်သို့ ပြောင်းရွှေ့စိုက်ထူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးက ပြောသည်။

‘‘လူသွားပလက်ဖောင်းများ အလယ်မှာ စိုက်ထူထားတဲ့ ကြော် ငြာဆိုင်းဘုတ် ၁၃ ခုကို ပလက် ဖောင်းနောက်သို့ ပြောင်းရွှေ့ထားပါတယ်။ ထပ်မံပြောင်းရွှေ့ဖို့ လိုအပ်တဲ့ ဆိုင်းဘုတ်များကိုလည်း ပြောင်းရွှေ့သွားမှာ ဖြစ်ပါတယ်’’ ဟု ဦးမောင်မောင်စိုးက ပြောသည်။

စက်တင်ဘာ ၂၄ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ် တော်အစည်းအဝေး၌ မင်္ဂလာ တောင်ညွန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်၏ ‘‘ရန်ကုန်မြို့၏ အဓိကအချက်အ ချာကျသော နေရာများရှိ လူသွား ပလက်ဖောင်းများအလယ်တွင် စိုက်ထူထားသော စီးပွားဖြစ်ကြော် ငြာဆိုင်းဘုတ်များအား အခြား သင့်တော်သော နေရာများသို့ ရွှေ့ပြောင်းစိုက်ထူပေးရန် အစီအ စဉ်ရှိ၊ မရှိနှင့် စာချုပ်ပါသဘော တူညီချက်များ သိရှိလိုပါကြောင်း’’ မေးခွန်းကို မြို့တော်ဝန်က အ ထက်ပါအတိုင်း ဖြေကြားသည်။

ရန်ကုန်မြို့တွင် ခေတ်မီ ဘတ်စ်ကား မှတ်တိုင်များတည် ဆောက်ရန် နိုင်ငံတကာတင်ဒေါ် ခေါ်ယူခဲ့ပြီး FMI Decaux Co.,Ltdက တင်ဒါအောင်မြင်၍ စာချုပ် ချုပ်ဆိုပြီး လုပ်ငန်းများဆောင် ရွက်နေကြောင်း၊ ခေတ်မီဘတ်စ် ကားမှတ်တိုင်တည်ဆောက်ရာ၌ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုအာဏာပိုင် အဖွဲ့ (YRTA) က အတည်ပြုသော နေရာများတွင် တည်ဆောက်နေကြောင်း မြို့တော်ဝန်က ဆိုသည်။

စာချုပ်ပါ သဘောတူညီ ချက်အရ FMI Decaux Co.,Ltd က ဘတ်စ်ကားမှတ်တိုင်များကို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံတည် ဆောက်၍ ဝင်ငွေအဖြစ် ကြော်ငြာ လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြု ကာ ကြော်ငြာလုပ်ငန်းမှ ရရှိသည့်ဝင်ငွေကို စာချုပ်ပါ စည်းကမ်းအတိုင်း ခွဲဝေကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ နှစ်စဉ်ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါကုမ္ပဏီက ၎င်းတို့ တည်ဆောက်ထားသော ကြော် ငြာဆိုင်းဘုတ်များသည် ပလက် ဖောင်းအစွန်မှ ဆိုင်းဘုတ်တိုင် ကြား အနည်းဆုံး တစ်မီတာခြား ၍ ဆောင်ရွက်ထားပြီး အမြင့် ၂ ဒသမ ၂ မီတာရှိသဖြင့် ဝှီးချဲဖြင့်သွားလာသူများ၊ ထီးအသုံးပြုသွားလာသူများ လုံလောက်သည့်နေ ရာအကျယ်အဝန်းအတွက် လမ်း သွား၊ လမ်းလာများ လုံခြုံစိတ်ချ စွာ သွားလာနိုင်ကြောင်း တင်ပြလာသည်ဟု ဦးမောင်မောင်စိုးကပြောသည်။

‘‘ဘတ်စ်ကားမှတ်တိုင်တည် ဆောက်တဲ့ အခါမှာ ကြော်ငြာ ဆိုင်းဘုတ်တွေ ပါဝင်ပြီး စာချုပ် ပါ စည်းမျဉ်းစည်းကမ်းတွေအ တိုင်း ဆောင်ရွက်ခြင်း မရှိပါက ဆွေးနွေးညှိနှိုင်းခြင်း၊ ပြန်လည်ပြု ပြင်စေခြင်းတို့ ပြုလုပ်စေပြီး လိုက် နာမှုမရှိပါက စာချုပ်ပါစည်းကမ်း တွေအတိုင်း နှစ်ဦးနှစ်ဖက် သ ဘောတူညီမှုရရှိတဲ့အထိ ဆောင် ရွက်မယ်’’ဟု ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

imyanmarmarket
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service