ဒေးဗစ်ဘက်ခမ်းတို့ ဇနီးမောင်နှံ မီယာမီကမ်းခြေတွင် အိမ်ဝယ်ထွက်နေကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောကြား

ဒေးဗစ်ဘက်ခမ်းတို့ ဇနီးမောင်နှံ မီယာမီကမ်းခြေတွင် အိမ်ဝယ်ထွက်နေကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောကြား - Property News in Myanmar from iMyanmarHouse.com
25 Sep 2018 12:08 pm တွင် တင်ခဲ့သည်
1282 ကြိမ် ကြည့်ရှု့ပြီး

ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားဘက်ခမ်းတို့သည် “နေခြည်ဖြာသောပြည်နယ်” (Sunshine State) ဟု လူသိများသော ဖလော်ရီဒါ ပြည်နယ်သို့ ပြောင်းရွှေ့အခြေချရန် ပြင်ဆင်လျက်ရှိကြသည်။

ဘက်ခမ်းတို့နှင့် နီးစပ်သော အတွင်းသတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ မီယာမီတွင် နေအိမ်များကို အသေးစိတ်ကြည့်ရှု ရှာဖွေ လျက်ရှိကြောင်းနှင့် ဗဲနီရှန်းကျွန်း၊ ဖစ်ရှာကျွန်းနှင့် မီယာမီကမ်းခြေတို့တွင် အဓိကရှာဖွေလျက်ရှိကြောင်း ပြောကြားသည်။

“သူတို့ အဲဒီမှာ နွေဦးပေါက်ကော ၊ နွေရာသီတစ်လျှောက်လုံးရော အချိန်တော်တော်ပေးပြီး ရှာနေခဲ့တာပါ” ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သော စက်တင်ဘာ ၅ ရက်တွင် ESPN မှ ဖော်ပြသောသတင်းတစ်ရပ်အရ ဘက်ခမ်းသည် မီယာမီတွင် မေဂျာလိဂ်ဘောလုံးအသင်း ထူထောင်ရန် ၇ နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော် ကြိုးစားနေမှုမှာ တရားဝင်ဖြစ်သွားပြီဟု ဖော်ပြထားသည်။

အဆိုပါအသင်းကို Inter Miami CF ဟု အမည်ပေးမည်ဖြစ်ပြီး ၂၀၂၀ ဘောလုံးရာသီတွင် စတင်ပါဝင်လာမည်ဟု ဆိုသည်။

“သူ့အနေနဲ့ ဘောလုံးအသင်းတကယ်လုပ်တော့မယ်ဆိုရင်တော့ ဒီမှာနေဖို့ လိုလာပါပြီ” ဟု အဆိုပါသတင်းရင်းမြစ်က ပြောကြားသည်။

သို့ရာတွင် ဒေးဗစ်ဘက်ခမ်းသည် ဘောလုံးအသင်းတည်ထောင်ရန် အားသွန်ခွန်စိုက် ကြိးပမ်းနေသည်မှာ မှန်သော်လည်း လက်ရှိ နေထိုင်လျက်ရှိသော လော့စ်အိန်ဂျလိနေအိမ်မှတဆင့် ဖလော်ရီဒါသို့ ပြောင်းရွှေ့အခြေချရန် ဆုံးဖြတ်စေခဲ့သည့်တွန်းအားမှာ ဘောလုံး အသင်းတည်ထောင်ရေး တစ်ချက်တည်းကား မဟုတ်ချေ။

ဘက်ခမ်းသို့ မိသားစုသည် ဖလော်ရီဒါ၏ ရာသီဥတုကို နှစ်သက်ကြသည့်အပြင် ဘက်ခမ်းကလည်း ယခင်က ဖလော်ရီဒါ၌ ဘောလုံးကစားခြင်းများ ပြုလုပ်ခဲ့ဖူးကာ မီယာမီကို နှစ်သက်မှုများစွာရှိသူ ဖြစ်သည်။

ထို့အပြင် ဘက်ခမ်းတို့မိသားစုသည် အထူးတစ်ကိုယ်ရေလုံခြုံမှုရှိသော နေအိမ်မျိုးကို ရှာဖွေဖွယ်ရာလည်းရှိကြောင်း ခန့်မှန်းချက်များ ရှိသည်။

“သူတို့ဘာတွေလုပ်နေလဲဆိုတာ နောက်ပိုင်းမှာ ခြေရာခံနိုင်ဖို့ ပိုခက်လာတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။

“အရင်တုန်းက သူဘယ်ကိုသွားတယ်၊ ဘယ်သူနဲ့တွေ့တယ်ဆိုတာ အမြဲသတင်းရတယ်။ အမေရိကန်ကိုရောက်ပြီးနောက်ပိုင်း ခြေရာခံဖို့ မလွယ်တော့ဘူး” ယခုနွေရာသီ အစောပိုင်းတွင် ဒေးဗစ်နှင့် ဗစ်တိုးရီးယားဘက်ခမ်းတို့သည် ကလေး ၄ ဦးဖြစ်သော ဟာပါ (၇ နှစ်)၊ ခရုဇ် ဒေးဗစ် (၁၃ နှစ်)၊ ရိုမီယို ဂျိမ်းစ် (၁၆ နှစ်) နှင့် ဘရွတ်ကလင်း ဂျိုးဆက်ပ် (၁၉ နှစ်) တို့နှင့်အတူ ကမ္ဘာတစ်ဝန်း ခရီးထွက်ခဲ့ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

CarsDB
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service