ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဂျိမ်းစ်ဒင်း၏ အမည်အပြည့်အစုံမှာ ဂျိမ်းစ် ဘိုင်ရွန် ဒင်းဖြစ်ပြီး ၁၉၃၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် မွေးဖွားပြီး ၁၉၅၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ကားမှောက်ကာ ရုတ်တရက်ကွယ်လွန်သွားရာ ကွယ်လွန်ချိန်တွင် အသက် ၂၄ နှစ်သာ ရှိသေးသည်။
သူ၏ နာမည်အကျော်ဆုံးဇာတ်ကားမှာ Rebel Without a Cause (၁၉၅၅) ဖြစ်ပြီး ပြဿနာရှာတတ်သော ဆယ်ကျော်သက်လူငယ် ဂျင်မ်စတာ့ခ်အဖြစ် သရုပ်ဆောင်ထားသည်။
ယာဉ်မတော်တဆဖြစ်မှုဖြင့် ကွယ်လွန်သွားပြီး အကောင်းဆုံးသရုပ်ဆောင်အဖြစ် အော်စကာဆု ဇကာတင်အမည်စာရင်း တင်သွင်းခံရ ရာ ကွယ်လွန်ပြီးမှ အမည်စာရင်းပါသည့် ပထမဆုံးသရုပ်ဆောင်ဖြစ်ခဲ့သည်။
၁၉၉၉ ခုနှစ်တွင် အမေရိကန်ရုပ်ရှင်သိပ္ပံ၏ နှစ်ပေါင်း ၁၀၀ ကြယ်ပွင့် ၁၀၀ စာရင်းတွင် ဂျိမ်းစ်ဒင်းကို နံပါတ် ၁၈ နေရာ၌ ဖော်ပြခဲ့ပြီး ဟောလိဝုဒ်ရွှေခေတ်အကောင်းဆုံး အမျိုးသားသရုပ်ဆောင်တစ်ဦးအဖြစ် သတ်မှတ်ခဲ့သည်။
ရောင်းချမည့်နေအိမ်မှာ တောင်ကုန်းတစ်ခုထိပ်တွင် တည်ရှီပြီး အိမ်နောက်ဘက်ရေကန်ရှိရာသို့ ကျောက်လမ်းကလေးတစ်ခုဖြင့် ဆက်သွယ်ပေးထားသည်။
စတုရန်းပေ ၁၁၆၀၀ ခန့်ကျယ်ဝန်းသည့် မြေကွက်ပေါ်တွင် တည်ရှိခြင်းကြောင့် နေအိမ်ပြင်ပတွင် ဖျော်ဖြေဧည့်ခံမှုများ ပြုလုပ်ရန် လုံလောက်သည့် နေရာရှိသည်။
ဧည့်သည်များတည်းခိုရန်နေရာအတွက် သီးသန့်ဝင်ပေါက်ထားရှိပေးထားသည်။
ဂျိမ်းစ်ဒင်းသည် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်မလာမီက အလုပ်မျိုးစုံလုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်၏။
ထိုစဉ်က ဂျိမ်းစ်ဒင်းသည် Warner Brothers အကြီးအကဲဟောင်းဖြစ်သူ ဟာလ် ဘီ-ဝေါလစ်၏ နေအိမ်အောက်ထပ်အခန်းတွင် နေထိုင်ခဲ့ခြင်း The Agency အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။
ယခုနေအိမ်ကို The Agency က ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
ယခုနေအိမ်သည် ထိုခေတ်က ဟောလိဝုဒ်ဟေးလ်၏ ဖျော်ဖြေရေးအချက်အခြာတစ်ခုဖြစ်ခဲ့ပြီး ပါတီပွဲတစ်ခုကျင်းပစဉ်အတွင်း ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဂျိမ်းစ်ဒင်းကို တွေ့ရှိသွားကာ သူ၏ပုံပန်းသဏ္ဍာန်ကို သဘောကျသွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအကျိုးဆောင်က ဆက်လက်ပြောကြားသည်။
ယင်းသို့ တွေ့ဆုံအပြီး တစ်လမပြည့်မီတွင်ပင် Rebel Without a Cause ဇာတ်ကားတွင် ဂျိမ်းစ်ဒင်း ပါဝင်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ရုပ်ရှင်ဒါရိုက်တာက ဂျိမ်းစ်ဒင်းကို စတင်တွေ့မြင်ခဲ့သည့် စတုရန်းပေ ၄၀၀၀ ကျယ်ဝန်းသော အဆိုပါနေအိမ်ကို ယခုအခါ ကန်ဒေါ်လာ ၃၉၉၅၀၀၀ ဖြင့် The Agency မှ အကျိုးဆောင် Eric Lavey က ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
၁၉၂၇ ခုနှစ်တွင် စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက ပြုပြင်မွမ်းမံမှုများ ပြန်လည်ပြုလုပ်ထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)