ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မန္တလေးမြို့တော်စည် ပင်သာယာရေး ကော်မတီက တည်ဆောက်နေသည့် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာရှိတိုက်ခန်း ၆၇၂ ခန်းကို အစိုးရ၀န်ထမ်း၊ အငြိမ်းစားနှင့် လုပ်သက်ရင့်ဝန် ထမ်းများအား မဲနှိုက်ရောင်းချပေး ခဲ့ပြီး အခန်းဝယ်ယူခြင်းမရှိဘဲ အခန်းပြန်အပ်သူ ၄၂ ဦးရှိကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာရှိ တိုက်ခန်းများကို ပထမအသုတ် အဖြစ် ဩဂုတ် ၂၆ ရက်က မဲနှိုက် ပေးခဲ့ပြီး ၀ယ်ယူခွင့်မဲပေါက်သူ များက ဩဂုတ် ၂၇ ရက်တွင် မိမိ နေထိုင်ဝယ်ယူမည့်အခန်းများကို ကိုယ်တိုင် မဲနှိုက်ရွေးချယ်ပြီး နောက် ပေးဆောင်ရမည့်ငွေကြေး တန်ဖိုးကို စက်တင်ဘာ ၂၀ ရက် နောက်ဆုံးပေးသွင်းရမည် ဖြစ်သည်။
‘‘အခန်းကို မယူတော့ဘူး ဆိုတော့ ပြန်အပ်တဲ့လူတွေရှိ တယ်။ သူတို့ကို Black List သွင်း ထားမယ်။ တိုက်ခန်းတွေကို ပြန်လည်လျှောက်နိုင်တယ်။ မဲ မပေါက်သေးတဲ့လူတွေ အားလုံး ကိုအကြောင်းကြားမယ်။ သတင်းစာမှာလည်း ကြေညာမယ်။ လျှောက်လွှာတော့ ပြန်မခေါ် တော့ဘူး။ ပြန်အပ်တဲ့အခန်းတွေ ကို ကြေညာမယ်။ လျှောက်တဲ့လူ အရေအတွက်များရင် မဲနှိုက်ခိုင်း မယ်’’ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
‘‘အခန်းက မဲပေါက်တော့ အပေါ်ဆုံးထပ်ကြီးဖြစ်နေတာ။ အဲဒီအပေါ်ဆုံးကျတော့လည်း မနေချင်ဘူး။ ပြန်မရောင်းဘူးလို့ ကန့်သတ်ထားတော့ မနေမယ့်အတူတူ စည်ပင်ကိုပဲပြန်အပ်လိုက် တယ်’’ ဟု ပဉ္စမထပ်တိုက်ခန်းဝယ် ခွင့်မဲပေါက်သူ ယာဉ်ထိန်းရဲအငြိမ်းစားတစ်ဦးက ပြောသည်။
Credit: 7Daydaily