ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
နိုင်ငံခြားသားတွေ ဝင်ထွက်လည်ပတ်ခွင့်ပြုလိုက်တဲ့အတွက် မိုးကုတ်မြို့ရဲ့ စီးပွားရေးပိုမိုဖွံ့ဖြိုးလာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
‘ နိုင်ငံခြားသားတွေ လာကြရင် ဒေသဖွံ့ဖြိုးရေးမှာ စားသောက်ဆိုင်တွေက ဟိုတယ်တွေ အလုပ်ဖြစ်မယ်၊ ဒေသအမှတ်တရပစ္စည်းတွေ ရောင်းကောင်းမယ်၊ သူတို့အတွက် ကျောက်တွေ ဝယ်ကြမယ် ‘ လို့ ထာပွဲကျောက်ကုန်သည်များအဖွဲ့ ဘဏ္ဍာရေးမှူး ကိုမင်းသူက ပြောပါတယ်။ လာရောက်လည်ပတ်လိုတဲ့ နိုင်ငံခြားသား များပြားလာနိုင်တယ်လို့ ဆိုပါတယ်။
ကိုမင်းသူက ‘ အိန္ဒိယ ဧည့်သည်တွေလဲ လာကြတာ ရှိတယ်၊ တရုတ်ဘက်က ကုန်သည်တွေ ဝင်လာရင်တော့ ပိုရောင်းရမယ်ထင်တယ်၊ ခွင့်ပြုတာကလဲ မြို့တွင်းလောက်ပဲ၊ သွားလာခွင့်နယ်မြေ ကန့်သတ်ထားတယ်၊ ကျောက်တွင်းတွေမှာတော့ ခွင့်ပြုမထားဘူး ‘ လို့ ဆက်ပြောပါတယ်။ မိုးကုတ်ကျောက်မျက်များ ရောင်းဝယ်တဲ့ ထာပွဲမှာ နိုင်ငံခြားသားများ ဝင်ရောက်လာမှုကြောင့် အရောင်းအဝယ် ပိုကောင်းလာနိုင်ရန်၊ ဗဟုသုတလေ့လာနိုင်ရန်တို့အတွက် ခွင့်ပြုလိုက်ခြင်းဖြစ်နိုင်ကြောင်း၊ ခွင့်ပြုရာမှာလည်း မြို့တွင်းနေရာတွေ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ ယင်းသို့ ဝင်ရောက်ခွင့်အတွက် ဟိုတယ်ခရီးတွင် လျှောက်ထားရမှာ ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းသေကြီး ဝန်ကြီးဌာနက ခွင့်ပြုချက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
‘ ဒီဘက်ခေတ်မှာ ပိတ်လိုက်ပြီး လုံခြုံရေးအရ ဘာမှကို ပေးမလာဘူး၊ သူငယ်ချင်းတစ်ယောက်ဆီမှာ မိုးကုတ်လာချင်တဲ့ နိုင်ငံခြားဧည့်သည် (၄၀)လောက် ရှိနေတယ်၊ လာချင်တဲ့ သူက အများကြီးပါ၊ ထာပွဲတွေမှာ သူတို့လာတော့ အောက်ကျောက်တွေနဲ့ အမှတ်တရ ပစ္စည်းတွေ ရောင်းရတယ်၊ အထက်ကျောက်ကတော့ သူ့ဈေးနဲ့သူ အရောင်းအဝယ် ရှိပြီးသားပါ ‘ လို့ မိုးကုတ်ကျောက်မျက်ပွဲစား(ထာပွဲ)ဘဏ္ဍာရေးမှူး ကိုမင်းသူက ပြောပါတယ်။ မိုကုတ်ဒေသဟာ ကမ္ဘာမှာ မိုကုတ်ကျောက်ထွက်ရာ တစ်ခုတည်းသော ရတနာနယ်မြေဖြစ်ပြီး လာရောက်လိုတဲ့ နိုင်ငံခြားဧည့်သည်များပြားနေတယ်လို့ သိရပါတယ်။ အခုလို ခွင့်ပြုလိုက်တာကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိနိုင်ကာ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ၊ အမှတ်တရပစ္စည်းတွေ၊ မိုးကုတ်ကျောက်တွေရောင်းအားကောင်းလမယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မိုးကုတ်မှာ ပြည်ပခရီးသွားလည်ပတ်ခွင့်ကို စက်တင်ဘာ (၁၀)ရက်နေ့ကစပြီး ညွှန်ကြားချက်ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ အပိုင်းလိုက်မှာ ခရီးသွားတွေက တိုးရစ်ဂိုက်ပါရမယ်။ လမ်းကြောင်းအနေနဲ့က ကားနဲ့ အငှားကားသာ သွားလာခွင့်ရှိပြီးတော့ ခရီးသွားတိုးရ် ကုမ္ပဏီက လိုင်စင်သက်တမ်းရှိရမယ်လို့ သိရပါတယ်။ ခရီးသွားဧည့်သည်ကိုလည်း အာမခံပေးရမှာ ဖြစ်ပြီးတော့ လည်ပတ်ခွင့်ပဲရမှာ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုဆီက သိရပါတယ်။
Credit: The Modern