ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသော ပစ္စည်းများသည်ပြည်ပက တင်သွင်း နေရခြင်းကြောင့် လက်ရှိဒေါ်လာဈေးနှုန်းများ မြင့်တက်နေချိန်တွင် ဆောက်လုပ်ရေးအနေဖြင့် ကုန်ကျစရိတ် များ သိသိသာသာ မြင့်မားလာသည်။
ထို့အပြင် အိမ်ခြံမြေဈေးကွက်အေးစက်နေသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ဆုံးရှုံးမှု တစ်ဘက်တွင် ပိုမိုကြီးမားလာကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးမျိုးမြင့်က ပြောသည်။
လုပ်ငန်းများ အနည်းငယ်အေးနေချိန်တွင် ယခုလို ဒေါ်လာဈေးမြင့်တက်လာခြင်းက တိုင်းပြည်စီးပွားရေးအပေါ် ဆုံးရှုံးနစ်နာမှုရှိနေပြီး လုပ်ငန်းရှင်များ အခက်ကြုံနေရတယ်လို့ ဦးမျိုးမြင့်ကဆိုပါတယ်။
လက်ရှိမှာ ကွန်ဒိုတိုက်ခန်းများထက်ရပ်ကွက်အတွင် ကန်ထရိုက်တိုက်ခန်းဈေးကွက်ဘက်တွင် အရစ်ကျစနစ်ဖြင့် အနည်းငယ်အရောင်းအဝယ်ဖြစ်နေတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေကဆိုပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com