ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အာရှရှိ တစ်ပိုင်းတစ်စဘီလျံနာဦးရေ သို့မဟုတ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထက်မနည်း ချမ်းသာကြွယ်ဝသူဦးရေသည် ၂၀၂၂ ခုနှစ်မကုန်မီ ၂,၉၄၀ ဦး ဖြစ်လာမည် ဖြစ်ကြောင်း Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီက ခန့်မှန်းလိုက်သည်။
ယင်းက တစ်ပိုင်းတစ်စဘီလျံနာဦးရေ ၂,၈၃၀ ဖြစ်လာမည့် မြောက်အမေရိကထက် အာရှအား သာလွန်စေမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်ကုန်အထိ စာရင်းများအရ လက်ရှိတွင် အာရှ၌ တစ်ပိုင်းတစ်စဘီလျံနာဦးရေ
အရှေ့အလယ်ပိုင်းဒေသရှိ တစ်ပိုင်းတစ်စဘီလျံနာဦးရေသည်လည်း တိုးပွားလာလျက်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၂၈ ရာခိုင်နှုန်းဖြင့် ၂၀၂၂ ခုနှစ်မကုန်မီ ၅၀၀ ဦးသို့ တိုးတက်မည်ဟု ဒူဘိုင်းအခြေစိုက် အပတ်စဉ်ထုတ်စီးပွားရေးမဂ္ဂဇင်း Arabian Business က ခန့်မှန်းထားသည်။
၎င်းတို့ ၅၀၀ ဦးအနက် ၁၄၀ ဝန်းကျင်က ဆော်ဒီအာရေဗျနိုင်ငံမှ ဖြစ်မည်ဖြစ်သည်။ ဆော်ဒီတွင် တစ်ပိုင်းတစ်စဘီလျံနာလူဦးရေသည် ၁၇ ရာခိုင်နှုန်း တိုးပွားသွားမည်ဖြစ်သည်။
ကမ္ဘာ့တစ်ပိုင်းတစ်စဘီလျံနာလူဦးရေသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြား မြင့်တက်နှုန်း ၁၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်မကုန်မီစပ်ကြား ၃၉ ရာခိုင်နှုန်းသို့ မြင့်တက်တော့မည်ဖြစ်သည်။
အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးပဋိပက္ခများ၊ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မှုနှင့် အတိုးနှုန်းမြင့်တက်မှုတို့ရှိသော်လည်း ကမ္ဘာပေါ်ရှိအလွန့်အလွန်ချမ်းသာသူဦးရေမှာမူ တိုးတက်ဆဲဖြစ်သည်။
အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ပိုင်ဆိုင်မှုရှိသူဦးရေမှာ ၂၀၁၇ ခုနှစ်တွင် မြောက်အမေရိက၌ ၄၄,၀၀၀ ဦး ရှိခဲ့ပြီး ယင်းဒေသက နှုန်းအမြင့်ဆုံးဖြစ်ခဲ့သည်။ အာရှတွင်မူ ၃၅,၈၈၀ ဦး ရှိခဲ့ပြီး ဥရောပ၌ ၃၅,၁၈၀ ရှိခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com