Knight Frank ၏ ကမ္ဘာ့အိမ်ဈေးညွှန်းကိန်းစာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် မော်လ်တာ ဦးဆောင်

Knight Frank ၏ ကမ္ဘာ့အိမ်ဈေးညွှန်းကိန်းစာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် မော်လ်တာ ဦးဆောင် - Property News in Myanmar from iMyanmarHouse.com
21 Sep 2018 10:14 am တွင် တင်ခဲ့သည်
915 ကြိမ် ကြည့်ရှု့ပြီး

ပြီးခဲ့သည့် ဒုတိယသုံးလပတ်တွင် မော်လ်တာနိုင်ငံက ကမ္ဘာတစ်ဝန်းရှိ ရေပန်းစားသော လူနေအိမ်ခြံမြေဈေးကွက် ၅၆ ခုထက် သာလွန်ခဲ့ကြောင်း Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ၏ ယခုနောက်ဆုံးထွက်ရှိလာသော ကမ္ဘာ့အိမ်ဈေးနှုန်းညွှန်းကိန်းအရ သိရသည်။

၎င်းညွှန်းကိန်းစာရင်းများတွင် ထိပ်ဆုံးမှ ကာလကြာရှည်ဦးဆောင်လာခဲ့သော ဟောင်ကောင်ရှိ ပျမ်းမျှအိမ်ဈေးသည် ၂၀၁၈ ဇွန်လအထိ သုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) အတွင်း ၁၅ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့စဉ် မော်လ်တာရှိ ပျမ်းမျှအိမ်ဈေးက ၁၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယင်းက ဥရောပကျွန်းစုနိုင်ငံငယ်လေးအား ၎င်းသုံးလပတ်အလိုက် ညွှန်းကိန်းစာရင်း၏ ထိပ်ဆုံးသို့ ပထမဆုံးအကြိမ်ရောက်ရှိစေလိုက်ခြင်းဖြစ်သည်။

ဥရောပတိုက်တွင် ဗဟိုနှင့် အရှေ့ဥရောပက ထိုကာလအတွင်း မြင့်တက်နှုန်း ၈ ရာခိုင်နှုန်းဖြင့် အိမ်ဈေးမြင့်တက်နှုန်းမြင့်သည့် ဒေသတစ်ခုအဖြစ် ပေါ်ထွက်လာပြီး ဥရောပတိုက်၏ ကျန်ဒေသတစ်ခုလုံး၏ ပျမ်းမျှအိမ်ဈေးမြင့်တက်နှုန်းမှာ တွင် ၅ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ခဲ့သည်။ လက်ဗီးယား၊ ဆလိုဗေးနီးယားနှင့် ဟန်ဂေရီတို့ရှိ အိမ်ဈေးများမှာမူ ၁၂ ရာခိုင်နှုန်းနှင့် ၁၄ ရာခိုင်နှုန်းအကြား မြင့်တက်ခဲ့သည်။

ခိုင်မာတောင့်တင်းလာသည့် စီးပွားရေးများ၊ တိုးတက်လာသည့် အလုပ်အကိုင်ခန့်အပ်မှုနှင့် အတိုးနှုန်းနည်းနည်းဖြင့် ပိုမိုကျယ်ပြန့်စွာရရှိလာသော ချေးငွေများက ၎င်းဥရောပအိမ်ဈေးမြင့်တက်မှုများ၏ အကြောင်းခံများပင်ဖြစ်သည် ။

ထိုကာလအတွင်း ဟောင်ကောင်တွင်မူ အိမ်ခန်းများအား ၆လနှင့်အထက်ကြာ မရောင်းဘဲ ထားသော developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များအား အခွန်ကောက်ခံမှု အပါအဝင် အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုသစ်များ တိုး၍ ပြုလုပ်ခဲ့သည် ။

ပြီးခဲ့သည့် သုံးလပတ်အတွင်း အိမ်ခြံမြေစည်းမျဉ်းသစ်များ ချမှတ်ခဲ့သည့် စင်္ကာပူနှင့် နယူးဇီလန်တို့ကလည်း ၎င်းညွှန်းကိန်းစာရင်းတွင် မြင့်တက်နှုန်း ၉ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၆ ရာခိုင်နှုန်းတို့ဖြင့် အဆင့် ၉ နှင့် ၁၆ တို့၌ အသီးသီးဖော်ပြခံခဲ့ရသည် ။

"စင်္ကာပူနဲ့ နယူးဇီလန်တို့မှာ အိမ်ဈေးဆက်လက်မြင့်တက်ဖို့ရာ စိုးရိမ်မှုတွေ၊ စည်းမျဉ်းတင်းကျပ်မှုတွေနဲ့ မြင့်တက်လာတဲ့ အတိုးနှုန်းတွေက ဈေးကွက်နှစ်ခုစလုံးရဲ့ အခြေအနေကို စတင်ထိုင်းမှိုင်းလာစေနေပါပြီ" ဟု Knight Frank ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ သုတေသနအကြီးအကဲ နီကိုးလက်စ်ဟော့လ်ထ်က ပြောကြားခဲ့သည်။

စာရင်းပါ ဈေးကွက်အားလုံး၏ ယေဘုယျမြင့်တက်နှုန်းညွှန်းကိန်းမှာ ၄ ဒသမ ၇ ရာခိုင်နှုန်းဖြစ်သည်။ ယင်းသည် ၂၀၁၆ ခုနှစ် တတိယသုံးလပတ်ကတည်းက အနှေးကွေးဆုံးနှုန်းဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

imyanmarmarket
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service