ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဒေါ်လာဈေးတွေမြင့်တက်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးတွေ မြင့်တက်နေပြီ ဆောက်လုပ်ရေးလုပ်ငန်းတွေ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
ဒေါ်လာဈေးမြင့်တက်မှုဟာ လက်ရှိဆောက်လုပ်ဆဲဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ကုန်ကျစရိတ်ကြီးမြင့်နေပါတယ်။ ဒေါ်လာဈေးမြင့်မာနေတဲ့အခါ ပြည်ပကတင်သွင်းလာတဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတာတွေ ရှိနေပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ' ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေဖြစ်တဲ့ သံချောင်း၊ ဘိလပ်မြေ၊ သွပ်ကြိုး၊ ကြွေပြား၊ အိမ်သုံးပစ္စည်းတွေမှာလဲ ဈေးနှုန်းအလိုက် အကုန်လုံးမြင့်တက်နေပါတယ်၊ ပြည်ပက တင်သွင်းကုန်ပစ္စည်း ဖြစ်နေတာကြောင့် ဒေါ်လာနဲ့ ဝယ်ယူရတာကြောင့် ဈေးတက်နေတာဖြစ်ပါတယ် ' လို့ ပြောပါတယ်။
ဒေါ်လာဈေးမြင့်တက်မှုတွေ ရှိနေပေမဲ့ တိုက်ခန်းဈေးတွေကတော့ ဈေးတက်တာတွေ မရှိဘူးလို့ သိရပါတယ်။ အိမ်ဆောက်ပစ္စည်းဈေးကွက်မှာ ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဆောက်လုပ်ရေးသုံး ပစ္စည်းတွေမှာ (၁၀)ရာခိုင်နှုန်းထိ ဈေးတက်နေပါတယ်၊ ဆာက်လုပ်ရေးသုံးပစ္စည်းတွေက ဈေးနှုန်းတက်ရုံမက ရောင်းအားလည်း ကျဆင်းနေပါတယ်။
အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမှ ကိုမောင်မောင်ကျော်က ' အရောင်းအဝယ်ကလည်း ပါး၊ ဈေးတွေကလဲ တက်ဆိုတော့ အရှုံးပေါ်နေတာတွေ ရှိပါတယ်၊ ရောင်းအားမှာဆိုရင် သုံးပုံတစ်ပုံ လောက်အထိ ကျဆင်းသွားပြီးတော့ အိမ်သုံးပစ္စည်းတွေသာ အနည်းငယ် အရောင်းအဝယ်ရှိနေပါတယ် ' လို့ ဆိုပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးမြင့်တက်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့ အခက်အခဲများစွာ ကြုံရသလို အိမ်ဆောက်ပစ္စည်းဆိုင် တချို့မှာလည်း အရောင်းအဝယ်ပါးနေတယ် ' လို့ သိရပါတယ်။
Credit: The Modern