မလုံခြုံဆုံး အာရှမြို့ (၁၀) မြို့တွင် ဒုတိယနေရာ၌ ရန်ကုန်ဖော်ပြခံရ

မလုံခြုံဆုံး အာရှမြို့ (၁၀) မြို့တွင် ဒုတိယနေရာ၌ ရန်ကုန်ဖော်ပြခံရ - Property News in Myanmar from iMyanmarHouse.com
18 Sep 2018 12:17 pm တွင် တင်ခဲ့သည်
3364 ကြိမ် ကြည့်ရှု့ပြီး

Economist Intelligence Unit ဗြိတိသျှစီးပွားရေးသုတေသနအကြံပေးအဖွဲ့က လေ့လာ၍ အဆင့်သတ်မှတ်ကာ အစီရင်ခံတင်ပြလိုက်သည့် အန္တရာယ်အရှိဆုံး၊ မလုံခြုံဆုံးဟု ယူဆရသော အာရှမြို့ (၁၀) မြို့အား အောက်ပါအတိုင်း ပြန်လည်ဖော်ပြအပ်ပါသည်။

(ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ Kaspersky Lab နှင့် အခြားရင်းမြစ်များမှ ရရှိသည့် ကမ္ဘာ့မြို့များ၏ ဒစ်ဂျစ်တယ်လုံခြုံမှု၊ ကျန်းမာရေးအစောင့်အရှောက်ဖူလုံမှု၊ အခြေခံအဆောက်အအုံဘေးကင်းစိတ်ချရမှုနှင့် တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုဟူသည့် ဘဝနေထိုင်မှုဆိုင်ရာ အချက်အလက်များအား ဆန်းစစ်လေ့လာ၍ ဘေးကင်းလုံခြုံစိတ်ချရသောမြို့များညွှန်းကိန်း အမြင့်ဆုံးအမှတ် ၁၀၀ အပေါ် အခြေခံကာ ထိုမြို့တို့အား အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။)

၁။ ကရာချိ၊ ပါကစ္စတန် (၃၈.၇၇/၁၀၀)

ကရာချိသည် ဘေးကင်းလုံခြုံသောမြို့များညွှန်းကိန်းတွင် အောက်ဆုံးအဆင့်ကို ရရှိခဲ့ပြီး အာရှ၏ မလုံခြုံဆုံးမြို့ဖြစ်သည်။ ၎င်းသည် ဒစ်ဂျစ်တယ်လုံခြုံမှုတွင် ၄၃ ဒသမ ၂၂ မှတ်၊ ကျန်းမာရေးအစောင့်အရှောက်ဖူလုံမှုတွင် ၃၉ ဒသမ ၉၂၊ အခြေခံအဆောက်အအုံ ဘေးကင်းစိတ်ချရမှုတွင် ၄၀ ဒသမ ၁၁ မှတ်နှင့် တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုတွင် ၃၁ ဒသမ ၈၅ မှတ်တို့ ရရှိခဲ့သည်။ ကရာချိတွင် နေ့အခါ၌ပင် သွားရလာရ မလုံခြုံဟု လူအများ ခံစားနေကြရသည်။ အကြမ်းဖက်မှုခင်းများ မြင့်မားဆဲဖြစ်ပြီး ကားလုယက်မှုကဲ့သို့သော အမှုအခင်းများသည် ဖြစ်နေကျအရာကဲ့သို့ပင် ဖြစ်နေသည်။ ပိုဆိုးသည်မှာ အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုတို့ကလည်း ဆိုးရွားသည်ထက် ပိုမိုဆိုးရွားလာလျက်ရှိသည်။

၂။ ရန်ကုန်၊ မြန်မာ (၄၆.၄၇/၁၀၀)

- ရန်ကုန်သည် မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းနှင့် လက်ရှိစီးပွားရေးမြို့တော်ဖြစ်သည်။

ဒစ်ဂျစ်တယ်လုံခြုံမှုတွင် ၃၉ ဒသမ ၀၇ မှတ်၊ ကျန်းမာရေးအစောင့်အရှောက်ဖူလုံမှုတွင် ၄၅ ဒသမ ၇၉၊ အခြေခံအဆောက်အအုံ ဘေးကင်းစိတ်ချရမှုတွင် ၄၈ ဒသမ ၅၈ မှတ်နှင့် တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုတွင် ၅၂ ဒသမ ၄၃ မှတ်တို့ ရရှိခဲ့သည်။ ဤအတိုင်းအတာရမှတ်များကြောင့် ရန်ကုန်သည် အာရှ၏ ဒုတိယမလုံခြုံဆုံးမြို့ဖြစ်သည်။ ရန်ကုန်တွင် ရမှတ်အများဆုံးကျဆင်းမှုမှာ ဒစ်ဂျစ်တယ်လုံခြုံမှုဖြစ်သည်။

၃။ ဒါကာ၊ ဘင်္ဂလားဒေ့ရှ် (၄၇.၃၇/၁၀၀)

- ဒါကာသည် ဘင်္ဂလားဒေ့ရှ်၏ မြို့တော်ဖြစ်သကဲ့သို့ အကြီးဆုံးမြို့လည်း ဖြစ်သည်။ ၎င်းတွင် လူဦးရေ ၁၄ သန်းဝန်းကျင် မှီတင်းနေထိုင်သည်။ ၎င်း၏ ရမှတ်များမှာ ဒစ်ဂျစ်တယ်လုံခြုံမှုတွင် ၃၈ ဒသမ ၃၃ မှတ်၊ ကျန်းမာရေးအစောင့်အရှောက်ဖူလုံမှုတွင် ၄၅ ဒသမ ၅၉၊ အခြေခံအဆောက်အအုံ ဘေးကင်းစိတ်ချရမှုတွင် ၃၈ ဒသမ ၄၂ မှတ်နှင့် တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုတွင် ၆၇ ဒသမ ၁၅ မှတ်တို့ ဖြစ်သည်။ ယင်းရမှတ်များက ဒါကာအား ဘေးကင်းလုံခြုံမှုညွှန်းကိန်း အမှတ် ၁၀၀ တွင် ၄၇ ဒသမ ၃၇ သာ ရရှိစေကာ အာရှ၏ တတိယမလုံခြုံဆုံးမြို့ဖြစ်စေလိုက်သည်။ ပထဝီဝင်အနေအထားကြောင့် ဘင်္ဂလားဒေ့ရှ်သည် မူးယစ်ကုန်ကူးမှုအတွက် အဓိကဖြတ်လမ်းတစ်ခုအဖြစ် မကြာခဏအသုံးပြုခံနေရသည်။

၎။ ဂျကာတာ၊ အင်ဒိုနီးရှား (၅၃.၃၉/၁၀၀)

- လူဦးရေ ၁၀ သန်းနီးပါးရှိသည့် ဂျကာတာသည် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သည်။ ၎င်း၏ ရမှတ်များမှာ ဒစ်ဂျစ်တယ်လုံခြုံမှုတွင် ၃၆ ဒသမ ၆၀ မှတ်၊ ကျန်းမာရေးအစောင့်အရှောက်ဖူလုံမှုတွင် ၅၃ ဒသမ ၁၁၊ အခြေခံအဆောက်အအုံ ဘေးကင်းစိတ်ချရမှုတွင် ၆၃ ဒသမ ၃၂ မှတ်နှင့် တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုတွင် ၅၉ ဒသမ ၂၄ မှတ်တို့ ဖြစ်သည်။ ဂျကာတာတွင် အမှုအခင်းသေးသေးမွှားမွှားများသာ ဖြစ်ပွားမှုအများဆုံးဖြစ်သော်လည်း ရာဇဝတ်မှုကြီးများကိုလည်း တွေ့ရတတ်ပါသည်။ ဒစ်ဂျစ်တယ်လုံခြုံမှုတွင် ရမှတ်ကျဆင်းရခြင်းအကြောင်းရင်းဟု ဆိုနိုင်သော အင်တာနက်လိမ်လည်မသမာမှုသည်လည်း မြင့်မားလာသည်။

၅။ ဟိုချီမင်းစီးတီး၊ ဗီယက်နမ် (၅၄.၃၃/၁၀၀)

- ဟိုချီမင်းစီးတီးသည် ဗီယက်နမ်တွင် လူဦးရေ ၈ သန်းရှိသည့် အကြီးဆုံးမြို့ဖြစ်သည်။ ၎င်းသည် ယခင်က ဆိုင်ဂုန်ဟု အမည်တွင်ခဲ့သည်။ ဟိုချီမင်းစီးတီးသည် ဒစ်ဂျစ်တယ် လုံခြုံမှုတွင် ၃၉ ဒသမ ၇၈ မှတ်၊ ကျန်းမာရေးအစောင့်အရှောက်ဖူလုံမှုတွင် ၆၁ ဒသမ ၂၉၊ အခြေခံအဆောက်အအုံ ဘေးကင်းစိတ်ချရမှုတွင် ၆၅ ဒသမ ၇၃ မှတ်နှင့် တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုတွင် ၅၀ ဒသမ ၅၃ မှတ်တို့ ရရှိခဲ့သည်။ ဟိုချီမင်းစီးတီးတွင် ခါးပိုက်နှိုက်ခြင်းနှင့် မှုခင်းသေးများအား အများဆုံးစိုးရိမ်ရပြီး လူသတ်မှုနှင့် အကြမ်းဖက်မှုခင်းများမှာ အတော်အတန်ရှားပါးဆဲဖြစ်သည်။

၆။ မနီလာ၊ ဖိလစ်ပိုင် (၅၄.၈၆/၁၀၀)

- မနီလာသည် ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ ၎င်းသည် ကမ္ဘာ့လူဦးရေသိပ်သည်းဆုံး၊ အထူထပ်ဆုံးမြို့ဖြစ်ဆဲ ဖြစ်သည်။ မနီလာသည် ဒစ်ဂျစ်တယ်လုံခြုံမှုတွင် ၃၆ ဒသမ ၆၁ မှတ်၊ ကျန်းမာရေးအစောင့်အရှောက်ဖူလုံမှုတွင် ၆၀ ဒသမ ၁၂၊ အခြေခံအဆောက်အအုံ ဘေးကင်းစိတ်ချရမှုတွင် ၅၂ ဒသမ ၈၉ မှတ်နှင့် တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုတွင် ၆၉ ဒသမ ၈၅ မှတ်တို့ ရရှိခဲ့သည်။ ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ငွေတိုးကြီးချေးစားမှုနှင့် လူသတ်မှုကဲ့သို့သော အမှုအခင်းများ မနီလာတွင် များပြားသည်။ အကြမ်းဖက်မှုခင်းများ ဖြစ်ပွားသံကိုမူ မြို့ဧရိယာအတွင်း မကြားရချေ။

၇။ တီဟီရန်၊ အီရန် (၅၆.၄၉/၁၀၀)

- တီဟီရန်သည် အီရန်၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။ မြို့အတွင်း လူဦးရေ ၉ သန်း နေထိုင်ပြီး တိုးချဲ့မြို့ဧရိယာအတွင်း လူဦးရေ ၁၆ သန်း ရှိသည်။ တီဟီရန်သည် ဒစ်ဂျစ်တယ်လုံခြုံမှုတွင် ၃၉ ဒသမ ၈၈ မှတ်၊ ကျန်းမာရေးအစောင့်အရှောက်ဖူလုံမှုတွင် ၆၂ ဒသမ ၉၆၊ အခြေခံအဆောက်အအုံ ဘေးကင်းစိတ်ချရမှုတွင် ၆၃ ဒသမ ၉၅ မှတ်နှင့်

တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုတွင် ၅၉ ဒသမ ၁၈ မှတ်တို့ ရရှိခဲ့သည်။ မူးယစ်ကုန်ကူးမှုနှင့် ရောင်းချမှု၊ အရက်မှောင်ခိုကူးမှု၊ ဆီမှောင်ခိုကူးမှု၊ အခွန်ရှောင်မှု၊ ပြန်ပေးဆွဲမှု၊ ခိုးမှု၊ လိမ်လည်မှု၊ ငွေမဲခဝါချမှုနှင့် လူသတ်မှုတို့ အတွေ့ရအများဆုံးဖြစ်သည်။

၈။ ဘန်ကောက်၊ ထိုင်း (၆၀.၀၅/၁၀၀)

- ဘန်ကောက်သည် လူဦးရေ ၁၅ သန်းနီးပါး ရှိပြီး ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ၎င်း၏ ရမှတ်များမှာ ဒစ်ဂျစ်တယ်လုံခြုံမှုတွင် ၄၄ ဒသမ ၄၄ မှတ်၊ ကျန်းမာရေးအစောင့်အရှောက်ဖူလုံမှုတွင် ၆၆ ဒသမ ၆၄၊ အခြေခံအဆောက်အအုံ ဘေးကင်းစိတ်ချရမှုတွင် ၆၈ ဒသမ ၃၃ မှတ်နှင့် တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုတွင် ၆၀ ဒသမ ၈၀ မှတ်တို့ ဖြစ်သည်။ မူးယစ်ဆေးဝါး သုံးစွဲမှု၊ လူဆိုးဂိုဏ်းလမ်းသရဲဂိုဏ်များနှင့် ခြစားမှုတို့က ဘန်ကောက်တွင် ရာဇဝတ်မှု၊ အမှုအခင်းများ ဖြစ်ပွားရသည့် အဓိကအကြောင်းများဖြစ်သည်။

၉။ ရီယက်၊ ဆောဒီအာရေဗျ (၆၁.၂၃/၁၀၀)

- ရီယက်သည် ဆော်ဒီအာရေဗျ၏ မြို့တော်ဖြစ်ပြီး လူဦးရေ ၄ သန်းကျော်ဖြင့် လူအထူထပ်ဆုံး မြို့ပြလည်း ဖြစ်သည်။ ရီယက်က ဒစ်ဂျစ်တယ်လုံခြုံမှုတွင် ၆၀ ဒသမ ၈၆ မှတ်၊ ကျန်းမာရေးအစောင့်အရှောက်ဖူလုံမှုတွင် ၆၆ ဒသမ ၁၃၊ အခြေခံအဆောက်အအုံ ဘေးကင်းစိတ်ချရမှုတွင် ၅၆ ဒသမ ၈၈ မှတ်နှင့် တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုတွင် ၆၁ ဒသမ ၀၄ မှတ်တို့ ရရှိခဲ့သည်။ ယခင်က ဆော်ဒီအာရေဗျတွင် ရာဇဝတ်မှုဖြစ်ပွားနှုန်း နည်းပါးသော်လည်း ယခုအခါ တဖြည်းဖြည်းမြင့်တက်လာသည်ကို သိသိသာသာပင် တွေ့ရှိရသည်။ သို့သော်လည်း လူသတ်မှုနှုန်းမှာမူ ကျဆင်းဆဲဖြစ်သည်။

၁၀။ မွမ်ဘိုင်း၊ အိန္ဒိယ (၆၁.၈၄/၁၀၀)

- မွမ်ဘိုင်းသည် အိန္ဒိယ၏ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည်။ မွမ်ဘိုင်းတွင် မှီတင်းနေထိုင်သူ သန်း ၂၀ ကျော်ရှိသည်။ ၎င်း၏ ရမှတ်များမှာ ဒစ်ဂျစ်တယ်လုံခြုံမှုတွင် ၅၄ ဒသမ ၆၁ မှတ်၊ ကျန်းမာရေးအစောင့်အရှောက်ဖူလုံမှုတွင် ၅၅ ဒသမ ၇၄၊ အခြေခံအဆောက်အအုံ ဘေးကင်းစိတ်ချရမှုတွင် ၅၉ ဒသမ ၁၂ မှတ်နှင့် တစ်ကိုယ်ရေဘေးကင်းလုံခြုံမှုတွင် ၇၇ ဒသမ ၈၉ မှတ်တို့ ဖြစ်သည်။ ကွန်ယက်ကြီးမားသော မြေအောက်လူဆိုးဂိုဏ်းရာဇဝတ်မှု များအား မွမ်ဘိုင်း၏ ဘေးကင်းလုံခြုံမှုမရှိမှုသတင်း ကျော်ကြားမှုနှင့်ပတ်သက်၍ တစ်စိတ်တစ်ပိုင်းအပြစ်တင်ရမည်ဖြစ်သည်။ မူးယစ်မှောင်ခိုကူးခြင်းနှင့် ငွေမဲခဝါချမှုတို့လည်း အပါအဝင်ဖြစ်သည်။ နေအိမ်ဖောက်ထွင်းမှုသည်လည်း မွမ်ဘိုင်းတွင် စိုးရိမ်ပူပန်စရာကိစ္စရပ် တစ်ခုဖြစ်သည်။

 

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
imyanmarmarket
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service